Thursday, April 19, 2012

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ မှဧပြီလ ၂၅ ရက်နေ့ထိ ၇ရက်သားသမီးများအတွက်ဟောစာတမ်း

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ မှဧပြီလ ၂၅ ရက်နေ့ထိ ၇ရက်သားသမီးများအတွက်ဟောစာတမ်း
ဒေါက်တာ ထွန်းလင်း (ဘုတလင်) LL.B, Dip in Business Law, PhD (Astrology) INDIA

တနင်္ဂနွေ
စိတ်လေနေမည်။ အတွေးများမည်။ သံဇောယဉ်ပီတိများရှိနေမည်။ အချစ်ရေးကံကောင်းမည်။ ချစ်သူဦးရေပိုများမည်။ အိမ်ထောင်ရေးကောင်းသည်။
အိမ်ထောင်ပြုဖြစ်မည်။ ကိုယ်ပိုင်စီးပွားရေးအသစ်လုပ်ဖြစ်မည်။ လက်ရှိအလုပ် အကိုင်များတိုးတက်မည်။ လစာတိုးမည်။ အိမ်အပြောင်းအရွှေ့ရှိသည်။ ကျန်းမာရေးကောင်းသည်။ မမျှော်လင့်သောခရီးများသွားရမည်။ မိဘသားချင်းတို့ အတွက်စိတ် ရှုပ်ရမည်။
အကျိုးပေးဂဏန်း - ၅၊ ၀၊ ၉။
အထူးဟော - ငွေဝင်ကိန်းရှိသည်။
ယတြာ - တနင်္ဂနွေနံဘုရားကိုတနင်္ဂနွေနေ့တွင်အုန်းသီးတစ်လုံးလှူပါ။
တနင်္လာ
ရည်ရွယ်ချက်များမည်။ ရည်ရွယ်ချက်အတိုင်းအောင်မြင်မည်။ စိတ်လေမည်။ အချစ်ရေးတွင် အဆင်ပြေမည်။ ပညာရေးတွင် တိုးတက်မှုရှိသည်။ အိမ်ထောင်ပြု ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းသစ်လုပ်ဖြစ်မည်။ ၀န်ထမ်းအလုပ်တို့ရာထူးတက် လစာတိုးမည်။ အိမ်ပြောင်းဖြစ်မည်။ ကျန်းမာရေးကောင်းမည်။ ခရီးသွားရ ကိန်းရှိသည်။လူယုံမထားရ။ လူလိမ် ၊ငွေလိမ်ခံရတတ်သည်။ ပစ္စည်းပျောက်ကိန်း ရှိသည်။ ပြန်တွေ့မည်။ စပ်တူရှယ်ယာမလုပ်ရ။ ခြေထောက်ပိုင်းခိုက်မိတတ်သည်။ မြေရောင်းဖြစ်မည်။
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈
အထူးဟော - မမျှော်လင့်ပဲကံကောင်းခြင်းတွေများမည်။
ယတြာ- တနင်္လာနေ့တွင် တနင်္လာနံဘုရားကိုအကြော် (၁၅) ခုကပ်ပါ။
အင်္ဂါ
သင်၏ စိတ်တို့သည် ကားလန်းဆန်းနေမည်။ တစ်စုံတခုကိုစွန့်စားလိုစိတ်ရှိနေမည်။ စွန့်စားပါကလည်းအောင်မြင်မှုရှိမည်။ တွဲဖက်လုပ်လိုသောသူ ၊ စပ်တူရှယ်ယာ လုပ်လိုသောသူများရှိပါကစုံစမ်းပြီးမှ ဆောင်ရွက်သင့်ပါသည်။ လူပေါင်းမှား နိုင်သည်။အတိုက်အခံတွေပေါ်မည်။ မလိုလားသော အရာများ ရင်ဆိုင်ဖြေရှင်း ရမည်။ငွေကုန်ကြေးကျများမည်။ အဆောက်အဦးအသစ် ဆောက်ရမည်။ ငွေရေးကြေးရေးစကားပြောရတတ်သည်။ အချစ်ရေးတွင် ကံကောင်းသည်။ လက်ထပ်ဖြစ်မည်။ သားချင်းဆွေမျိုးများ၏ အပြစ်တင် အထင်လွဲခြင်း များခံရတတ်သည်။ ခရီးသွားရမည်။
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇
အထူးဟော - အင်္ဂါနေ့တွင် သံဃာ (၈) ပါးကိုဆွမ်းကပ်ပါ။
ဗုဒ္ဓဟူး
 စိတ်လေနေမည်။ ၀မ်းနည်းရမလား ၊ ၀မ်းသာရမလား ပုံစံဖြစ်နေမည်။ ချစ်သူနှင့် ပတ်သက်၍ သော်လည်းကောင်း ၊ ပညာရေးနှင့် ပက်သက်၍ သော်လည်းကောင်း ၊ အလုပ်အကိုင်နှင့် ပက်သက်၍ သော်လည်းကောင်းတွေးတောပူပန်မှုများ ဖြစ်တတ်သည်။ သို့သော် အားလုံးအောင်မြင်မည်။ အကြီးအကဲသို့မဟုတ်     ဆရာသမားတို့ ၏ အကူအညီရမည်။ မရောက်ဖူးသေးသောဒေသခရီးရောက်မည်။ ရည်ရွယ်ချက်ရှိသောအရာများကိုလုပ်ဆောင်လိုက်ပါ အောင်မြင်မည်။ ထီပေါက်ကိန်းရှိသည်။ ၄ ထိပ်နှင့် ၉ ပိတ်သောဂဏန်းကိုဦးစားပေးထိုးပါ။ သို့တည်းမဟုတ် ငွေ အစုလိုက်အပြုံလိုက်ဝင်မည်။ အပေါင်းအသင်း ၁ယောက် အတွက် မကောင်းသတင်းကြားရမည်။ သားချင်း ၁ယောက်အတွက် ကောင်းသတင်းကြားရမည်။ စက်နှင့်ပတ်သက်သောပစ္စည်းများပျောက်တတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉
အထူးဟော - ဆန္ဒတွေအောင်မြင်မည်။
ယတြာ- ဗုဒ္ဓဟူးနေ့တွင် တောင်အရပ်ရှိ ၇ နေ့နံသားသမီးများကိုမုန့်လုံးရေပေါ်အလှူပြုပါ။
ကြာသပတေး
        စိတ်ကြည်လင်ခြင်း၊ စိတ်ကောင်းမွေးမြူခြင်း၊ သည်းခံခွင့်လွှတ်ခြင်းများရှိနေမည်။ လုပ်ငန်းနှင့်ပတ်သက်၍ တိုးတက်ပြောင်းလဲမှု၊ ရွှေ့ပြောင်းမှုရှိမည်။ အချစ်ရေးတွင် အနီးတစ်ယောက်၊ အဝေးတစ်ယောက်ပေါ်မည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအကောင်အထည်ဖော်ဖြစ်မည်။ ရင်ဘတ်၊ ၀မ်းဗိုက်နှင့် ပတ်သက်သောကျန်းမာရေးများ ချူချာမည်။ ဆိုင်ကယ်၊ ကားများဂရုစိုက်မောင်းပါ။ ရုတ်တရက်ခိုက် မိတတ်သည်။ အာမခံခြင်းများနှင့် ကတိပေးခြင်းများမပြုသင့်ပါ။ သားချင်းဆွေမျိုးများအတွက် စိတ်ရှုပ်ရမည်။ ငွေဝင်ကောင်း၍ ငွေထွက် ကြမ်းမည်။ ရွှေ၊ စက် အပြောင်းအလဲ၊ အ၀င်အထွက်ရှိမည်။
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော - အရာရာကိုသတိထား၍လုပ်ပါ။
ယတြာ - ကြာသပတေးနေ့တွင် အိမ်ဘုရားကိုအောင်သပြေ ၁၉ညွှန့်လှူပါ။
သောကြာ
တမျိုးစိတ်ချမ်းသာမှုရှိသလို၊ နောက်တစ်မျိုးစိတ်ရှုပ်ရမှုကြုံမည်။ စိတ်လိုက် မာန်ပါ ဒေါသမကြီးရ၊ ငယ်ရွယ်သူအောက်လက်ငယ်သား (သို့) သားသမီးများတော်လှန်ပုန်ကန်တတ်သည်။ ခရီးယာယီသွားရမည်။ စီးပွားရေးအလုပ်အကိုင်များအဆင်ပြေစပြုလာမည်။ ကိုယ်ပိုင်လုပ်ငန်းရှယ်ယာလုပ်ငန်းအကျိုးပေးမည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းသည်။ မိဘတို့သဘောတူတာတစ်ယောက် ကိုယ်ချစ်တာတစ်ယောက်ဖြစ်တတ်သည်။ ကိုယ်ချစ်တာနှင့် ရမည်။ ချစ်သူနှင့် ထွက်ပြေးတတ်သည်။ ရွှေ၊ စက်တို့ အ၀င်အထွက်ရှိသည်။ နေအိမ်၊ ခြံ၊မြေများ ပြုပြင် ခြင်းပြောင်းရွှေ့ခြင်းဖြစ်တတ်သည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၆ထိပ် ၆ပိတ် ထိုးပါ။ (သို့) ငွေအစုလိုက် အပြုံလိုက်ဝင်မည်။ အလုပ်မှာရာထူးတက်ခြင်းလစာတိုးခြင်းရှိမည်။
အကျိုးပေးဂဏန်း ၃၊ ၆၊ ၉။
အထူးဟော - ကံကောင်းမည်။
ယတြာ - သောကြာနေ့တွင် မြောက်အရပ်၌ လမ်းသန့်ရှင်းရေးလုပ်ပေးပါ။
စနေ
သင်၏ဆောင်ရွက်မှုများ၊ သင်၏လုပ်ကိုင်မှုများ၊ သင်၏လှူဒါန်းမှုများ၊ သင်၏သွားလာမှုများအောင်မြင်မှုတွေကြောင့် ၀မ်းသာပီတိဖြစ်နေမည်။ ထပ်မံ၍ ရည်ရွယ်ချက်တွေရှိနေမည်။ သင်၏ကြိုးစားမှု၊ အပေါင်းအသင်းတို့၏ကူညီမှု၊ သင်၏ကြိုးပမ်းမှုတို့ကြောင့် သင်၏ဘ၀တိုးတက်အောင်မြင်မှုရရှိလိမ့်မည်။ သို့သော် အချစ်ရေးတွင် အရွေးမှားတတ်သည်။ အားနာဖက်၍ လိုက်လျောမှုများရှောင်ပါ။ ညခရီးမသွားသင့်ပါ။ ရုတ်တရက် accident ဖြစ်တတ်သည်။ လက်ဆောင်ပေးတိုင်းမယူသင့်ပါ။ ကိုယ်ပိုင်လုပ်ငန်း၊ ၀န်ထမ်းလုပ်ငန်း၊ ရှယ်ယာလုပ်ငန်း ကြိုက်တာလုပ်ပါ။ အောင်မြင်မည်။ အကူအညီပေးသူပေါ်မည်။ ခရီးယာယီများမည်။ စက်ပိုင်းဆိုင်ရာ ပစ္စည်းများဝင်မည်။ ရတနာပစ္စည်းတို့ ၀င်မည်။ ငွေဝင်ကောင်းမည်။ ရာထူးတက်ခြင်း၊ လစာတိုးခြင်းရှိမည်။ ကျန်းမာရေးကောင်းမည်။ သားချင်းဆွေမျိုးအတွက် ကောင်းသတင်းကြားရမည်။
အကျိုးပေးဂဏန်း - ၁၊ ၀၊ ၅။
အထူးဟော - စိတ်ကူးမယဉ်နှင့် တကယ်လုပ်မှအဟုတ်ဖြစ်မည်။
ယတြာ - စနေနေ့တွင် နေအိမ်၌ အိမ်ဘုရားနှင့် သံဃာတစ်ပါးကို ဆွမ်းကပ်ပါ။

by Myit Makha Mediagroup on 19 Apr, 2012

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။