2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
ရန်ကုန်မြို့တော်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် များရှိ စက်ရုံ ၃၀ခန့်မှ အလုပ်သမား ၂၀၀ကျော် အလုပ်သမား အခွင့် အရေး အပြည့်အ၀ရရှိရေး အတွက်စက် တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီမှ ၁၁နာရီ အထိ ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည့်လည် နေကြသည်ကို တွေ့ရစဉ်။ အဆိုပါ အလုပ်သမားများသည် လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်တွင် စတင်စုဝေးကာ ရန်ကုန်- ပုသိမ်လမ်း တစ်လျောက် စီတန်းလှည့်လည်ပြီး ဘုရားလမ်းမှတ်တိုင်၊ ဘုရားလမ်း မှတ်တိုင်မှတစ်ဆင့် ရုံးရှေ့မှတ်တိုင် ၊ယင်းမှ တစ်ဆင့် အောင်မြေသာယာဘုရား အနီး မြို့နယ် အားကစားကွင်းသို့ စီတန်းလှည့်လည်ခဲ့ကြသည်။
ရန်ကုန် လေဆိပ်တွင် ဆဲဆိုခဲ့ခြင်း အပေါ် မီဒီယာ သမားများ သို့ တောင်းပန်ကြောင်းစာတစ်စောင့်ကို ဇာဂနာမှ အီးလ်မေးမှ တဆင့် ပေးပို့ခဲ့သည်။ ယင်းစာကို သတင်းဂျာနယ် တိုက်များနှင့် ဂျာနယ်လစ်ဆိုင်ရာအသင်းအဖွဲ့များသို့ ယနေ့ နေလည် ၃ နာရီကျော်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ ပေးပို့သည့်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။