ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပုသိမ်မြို့ မဟာဗန္ဓုလ လမ်းတိုင်း မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်း ရုံးရှေ့တွင် ကျောင်းသားကျောင်းသူ(၂၅)ဦး တင်ဆောင်လာသော ၈င/၁၈၂၃ လိုက်ထရပ်အဖြူ တိမ်းမှောက် မှုကြောင့် ကျောင်းသား/သူ ၁၇ဦး ဆေးရုံတင် ထားရကြောင်း သိရှိရသည်။
Sunday, August 19, 2012
မြ၀တီမှာ KNU ဆက်ဆံရေးရုံးဖွင့်
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသာ အစည်းအရုံး KNU က အစိုးရနဲ့ ပုံမှန် ဆက်သွယ်နိုင်မယ့် ၄ ခုမြောက် ဆက်ဆံရေး ရုံးခွဲကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ခုလို ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရတာဟာ နားလည်မှု ရရှိဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တပ်မဟာ(၆) နဲ့ တပ်မဟာ(၇) တို့ရဲ့ ဆက်ဆံရေး ရုံးဖွင့်ပွဲမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောကြားခဲ့ပါတယ်။
မြေးအဘိုးနှစ်ဦး အရက်အတူသောက်ရာမှ အဘိုးအသတ်ခံရ
ရန်ကုန်၊ သြဂုတ် ၁၇
ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။
ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။
UNICEF အဖွဲ့က လှူဒါန်းတဲ့ ကျောင်းပိုင် ရေစက် ပျောက်ဆုံးခြင်း
ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာမှာ ကျောင်းသားကျောင်းသူ အယောက် ၄၀၀ ခန့် ပညာသင်ကြားနေတဲ့ အခြေခံပညာ မူလတန်းလွန် ကျောင်းမှာ သောက်သုံးရေ
စိုက်ပျိုးပြီးစပါး ဧက ၃ သောင်းရေနစ်မြုပ်

ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် စပါးစိုက်ပျိုးပြီး ဧက ၃ သောင်းကျော် ရေနစ်မြုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၏ ပြောကြားချက်အရ သိရသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြန်မာ့ လူထုသဘောထား တရုတ်ပညာရှင်များ လေ့လာ
တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှု အဖွဲ့အစည်းများနှင့် သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စီးနင်းသူ လျော့လာ၍ ရထားခရီးစဉ် ၅၀ ရာခိုင်နှုန်း ရပ်နား

ခုတ်မောင်းချိန် ကြာမြင့်ပြီး စီးနင်းသူ လျော့ကျ သွား၍ လမ်းပိုင်းတို ခရီးစဉ် ၅၀ ရာခိုင်နှုန်းကျော် ရပ်နားလိုက်ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်၊ ကချင်ပြည်နယ်တို့မှ ခရီးတိုလမ်းပိုင်း ၁၂ ခုကို ရပ်နားလိုက်သည်ဟု မြန်မာ့မီးရထားဌာနမှ လ/ထမန်နေဂျာ ဦးထောက်လျှာကန်းက ပြောသည်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကျေးရွာများ ဆန္ဒထုတ်ဖော်

လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်းနယ်မြေ အတွင်း ပြောင်းရွှေ့ ကျေးရွာများ ချင်းတွင်းမြစ် အတွင်း ဆန္ဒ ထုတ်ဖော် မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် အတွင်း လက်ပန်းတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းနယ်မြေ အတွင်း ပြောင်းရွှေ့ ရမည့် ကျေးရွာ များဖြစ်သော ၀က်မှေး၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ဒေသခံ ၃၀၀ ဦးကျော် စုပေါင်း၍ သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော် သည့် အနေဖြင့် ဆီမီးမျောပွဲကျင်းပခဲ့သည်။
အီဂျစ်နိုင်ငံရှိ မြန်မာ သံရုံး မပိတ်
အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးအား ယာယီ ပိတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန၊ အုပ်ချုပ်ရေး (၁) မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
တိုက်ခန်းနှင့် ကွန်ဒို ပုဂ္ဂလိက ဘဏ်တွင် အပေါင်ခံခြင်း ဥပဒေထွက်မှသာ လက်ခံနိုင်မည်

ကွန်ဒို မီနီယံဥပဒေ ပေါ်ထွက် လာပါက တိုက်ခန်း၊ ကွန်ဒိုများအား ဘဏ် အပေါင်ခံ ပစ္စည်းအဖြစ် ထားရှိနိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ် လုပ်ငန်း များ ထံမှ သိရသည်။ လက်ရှိတွင် တိုက်ခန်း၊ ကွန်ဒို ပိုင်ဆိုင် မှုမှာ ခိုင်မာမှုမရှိသောကြောင့် ဘဏ်အပေါင်ခံ ပစ္စည်းအဖြစ် ထားရှိနိုင်ခြင်း မရှိကြောင်း သိရသည်။ “တိုက်ခန်း၊ ကွန်ဒိုတွေက Law လိုနေတယ်။ တိုက်ပြိုရင် မပိုင်တော့ဘူး။ ပိုင်ဆိုင်မှု မခိုင်မာဖြစ်နေတာ” ဟု AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Subscribe to:
Posts (Atom)




