Wednesday, July 18, 2012

မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့်ရရှိရေး၊ ထိုင်းရှိ မြန်မာသံအမတ်ကြီး ဆွေးနွေး

မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့်ရရှိရေး၊ ထိုင်းရှိ မြန်မာသံအမတ်ကြီး ဆွေးနွေး
2012-07-173

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာကျောင်းမှာ မြန်မာ ဆရာတော် ကျောင်းထိုင် ခန့်အပ်ရေးအတွက် ဘန်ကောက် မြန်မာ သံရုံးက သံအမတ်ကြီးနဲ့အဖွဲ့ ဒီကနေ့ ဘုန်းကြီးကျောင်းကို လာရောက် လေ့လာပါတယ်။

RFA

အမေရိကန် လွှတ်တော်အမတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး

အမေရိကန် လွှတ်တော်အမတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး


အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်းနဲ့
ပြောဆိုဆွေးနွေးရာမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဗြိတိန်နိုင်ငံက ရန်ကုန်တွင် ကုန်သွယ်ရေးရုံး ဖွင့်လှစ်



From : ခေတ်လူငယ်
မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာအကျဆုံး မြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးကို ၁၁-၇-၂၀၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာသော အပြောင်းအလဲများအပေါ် တုံ့ပြန်မှုအနေဖြင့် အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာမြို့ဖြစ်သော ရန်ကုန်မြို့တွင် 

မြန်မာ-လာအိုကားလမ်းအား အာရှဖွံ့ဖြိုးမှုဘဏ်အကူအညီဖြင့် တည်ဆောက်သွားမည်

မြန်မာနှင့် လာအိုနှစ်နိုင်ငံကြား ဆက်သွယ်ပေးမည့် ကားလမ်းမကြီးအား  နိုင်ငံတကာအဆင့်မီလမ်းမကြီးအဖြစ် တာဝန်ယူဖောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရှိရသည်။

ယခုလမှစ၍ ထီတိုက်သည့် ၀န်ဆောင်မှု Call Center က ပေးမည်

ယခုလမှ စတင်ကာ  အောင်ဘာလေ ထီပေါက်စဉ်မှ  လစဉ်ထီတိုက်ပေးမည့် ဝန်ဆောင်မှုအား ရတနာပုံ Call Center က ၀န်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်စဉ် အက္ခရာနှင့် ထီနံပါတ်များကို အွန်လိုင်းwww.myanmarelottery.com ၀က်ဘ်ဆိုက် လိပ်စာမှ တစ်ဆင့် မှ တဆင့် ထီတိုက်ပေးခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းစသည့် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံမှ MBA ဘွဲ့ရရှိမည့် (၂)နှစ်သင်တန်း UMFCCI Institute တွင် ဖွင့်လှစ်








မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် ထိုင်းနိုင်ငံကုန်သည်ကြီးများ တက္ကသိုလ် University of The Thai Chamber of commerce (UTCC) တို့ပူးပေါင်း၍ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း(MBA) သင်တန်းကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ပထမဆုံး အင်တာနက်မှ ဈေးဝယ်ယူနိုင်မည့်စနစ်အား ပုဂ္ဂလိကဘဏ်တစ်ခုက စီစဉ်


  မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းမှတဆင့် ဈေးဝယ်ယူခြင်းကို ပုဂ္ဂလိကဘဏ်တစ်ခုသည် သြဂုတ်လမှ စတင်အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အင်တာနက်မှတစ်ဆင့် ဈေးဝယ်ယူခြင်းစနစ်အား အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး (AGD) ဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ထုံးကွင်းကျေးရွာတွင် အ၀ီစိတွင်းအပိုင်စီးမှုကြောင့် ရွာသားများဒုက္ခရောက်နေ

ပြင်ဦးလွင်မြို့နယ် ထုံးဘိုအုပ်စုရှိ ထုံးကွင်းကျေးရွာတွင် လူတစ်ဦး၏ အနိုင်ကျင့်ခံရမှုကြောင့် လွန်ခဲ့သော(၅)လခန့်က သမ္မတထံစာတင်ထားသော်လည်း ယခုတိုင် ထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များ၌ ကူးစက်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိလာ

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ထိန်းချုပ်နယ်မြေရှိ စစ်ဘေးဒုက္ခသည်များတွင် အာဟာရချို့တဲ့သူ အမြောက်အများ ရှိနေသည့်အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရှိကြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်သူများထံက သိရှိရသည်။


သိမ်းယူခံမြေများတွင် ထွန်ယက်ခဲ့သော လယ်သမားများအား စစ်တပ်ကတရားစွဲ

ပန်းတောင်းမြို့နယ် ပဲကြီးအုပ်စုဒေါင်းတိုက်ကျေးရွာနှင့် ပဲကြီးကျေးရွာ ပဲကြီးအုပ်စုမှ လယ်သမား(၆)ဦး အားစစ်တပ်မှသိမ်းယူထားသည့် လယ်မြေများပေါ်တွင်လယ်ဝင်ထွန်ယက်ခဲ့ကြခြင်းကြောင့် ပိုက်နက်ကျူးလွန်မှုဖြင့် ကပစ-၅ မှအရာရှိများမှ တရားစွဲဆိုထားကြောင်း လယ်သမားများထံက သိရှိရသည်။



မန္တလေးတက္ကသိုလ်တွင် XRF စက်ပျက်၍ စာမေးပွဲရက်ရွှေ့ဆိုင်းရ

မန္တလေးတက္ကသိုလ် ရူပဗေဒဌာနရှိ ဓါတ်သတ္တိခွဲစိတ်စမ်းသပ်သော XRF( X –ray fluorescence)  စက် ပျက်ယွင်းနေမှုကြောင့် မဟာတန်းဖြေဆိုမည့် ကျောင်းသူကျောင်းသားအချို့၏ စာမေးပွဲအား ရက်ရွှေ့ဆိုင်းထားရကြောင်း တက္ကသိုလ်ဆရာတစ်ဦးထံက သိရှိရသည်။


၈၈၈၈ ငွေရတုအကြို လူထုအသွင်ဖြင့် မန္တလေးမှာ ကျင်းပမည်

နယူးဒေလီ (မဇ္ဈိမ) ။         ။ ၈၈၈၈ အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုချီးကျူးသွားရန် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပါတ်လည်နေ့ကို လူထုကိုယ်စားပြုပုံစံဖြင့် မန္တလေးမြို့တွင် ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များကို ဖမ်းဆီးခြင်းကြောင့် ဆွေးနွေးမှု ထိခိုက်နိုင်ဟု KIO ပြော

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်စစ်ပြေးဒုက္ခသည်များကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်သည် ဟု KIO က ပြောဆိုလိုက်သည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ မြေမြှုပ်မိုင်း အသုံးပြုနေဟု ဆို

မဇ္ဈိမသတင်းဌာန ။         ။ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများသည်
မြေမြှုပ်မိုင်းများအား အသုံးပြုနေကြသည်ဟု ယုံကြည်ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ (the Landmine Monitor) က ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။

အကျဉ်းသား နှိပ်စက်သူများအား တရားစွဲရန်လိုသည်ဟု AAPP ဆို

မဇ္ဈိမသတင်းဌာန ။        ။ အဖမ်းဆီး အထိန်းသိမ်းခံများနှင့် သက်ဆိုင်သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အနှိပ်စက်ခံ အကျဉ်းသား ဦးလထော်ဘရန်ရှောင်အား ဆေးကုသခွင့် ချက်ချင်းပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က တိုက်တွန်းတောင်းဆို လိုက်သည်။