Saturday, June 2, 2012
မြစ်ဆုံ ဆက်လုပ်ရန် CPI ကြိုးပမ်းနေဟု ကချင်ကွန်ယက်အဖွဲ့ပြော
ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြန်လည် လုပ်ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI က စိုင်းပြင်းနေသည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။
KIO နှင့် အစိုးရ ငြိမ်းအဖွဲ့ တရုတ်နယ်စပ်တွင် ထပ်မံ တွေ့ဆုံ
ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့ သောကြာနေ့က တရုတ်-မြန်မာနယ်စပ် မိုင်ဂျာနယ်မြို့တွင် လေးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြ သည်။
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)အား ဖွဲ့စည်း
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)“က.သ.ဖ”အား ယနေ့ ဇွန်(၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
မြစ်ဆုံစီမံကိန်းအား ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှု KDNGက ထုတ်ဖော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဆိုင်းငံ့ထားသည့်ဧရာဝတီမြစ်ဆုံစီမံကိန်းအားတရုတ်နိုင်ငံလျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော် ပိုရေးရှင်း (CPI)ကရှေ့ဆက်လုပ်ကိုင်နိုင်ရန်ကြိုးပမ်းနေကြောင်းမြစ်ဆုံအရေး လေ့လာစာင့်ကြည့်နေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်(KDNG)က သတင်းထုတ်ပြန်သည်။
မြင်းခြံမြို့ လျှပ်စစ်မီးအပြည့်ဝရရှိရေးတွက် ဖရောင်းတိုင်မီးများ ကိုင်ဆောင်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်
30-5-2012နေ့ နှင့် 31-5-2012နေ့တို့ က ည၆း၃၀နာရီမှ
 လူထုမှဆန္ဒတော်ပြည့်ဘုရားမှ လူငါးဆယ်ဦးခန့် မှစပြီးဖရောင်းတိုင်မီးများကိုင်
 ဆောင်ကာ မိထ္ထီလာလမ်းတလျှောက်တန်းစီကာမြောက်အတိုင်း ငြိမ်းချမ်းစွာ
ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်မြန်မာ့ဒီမိုကရေစီရေး အတွက်ပိုမိုအကျိုးရှိနိုင်
လာမည့်ဂျွန်လ ၁၄ ရက်မှ စတင်မည့်   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်၏ဥရောပခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီစနစ်အုတ်မြစ်ခိုင်မာမည့်အခြေ
အနေမျိုးသို့ရောက်ရှိနိုင်ကြောင်းနော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်းရှယ်လ်မက်ခ်နဲဘွန်
ဒယ်ဘစ်ခ် (Kjell Magne Bondevik)ကယနေ့မြန်မာသတင်းဌာနကိုပြောဆိုပါသည်။
မယ်လဒုက္ခသည်စခန်းကို သွားတဲ့ လမ်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်နဲ့ ချီကြို (ဓါတ်ပုံ)
ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ စနေနေ့ မနက်ပိုင်း မဲဆောက်မြို့ကို ရောက်ရှိ (ap)
အကာအကွယ်ပေးမည့် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းကိုသာ လိုလားကြောင်း သိရ
ကျောင်းသားသမ္မဂ္ဂသို့ ကျောင်းသားများပါဝင်ပတ်သက်မှုမှာ ဖိနှိပ်မှုများအား အကာအကွယ်ပေးနိုင်မှုနှင့် ဆိုင်ကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးကဆိုသည်။
iPad, iPhone, iPod များအားလုံး NEO TECH တွင်အခမဲ့ Jail Break ပြုလုပ်နိုင်
02 JUN 2012  | BY NET GUIDE
Apple Products များတွင် နောက်ဆုံး Firmware Version ဖြစ်သော ios 5.1.1 အတွက် iPad, iPhone, iPod များအားလုံး NEO TECH တွင် အခမဲ့ Jail Break ပြု လုပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။
မန္တလေးကျောက်မျက်ဈေးတွင် တစ်နှစ်စာဝင်ကြေးအား ရပ်ဆိုင်း
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများနှင့်ပြည်သူ၏ပူးပေါင်းပါဝင်မှုအကျိုးရလာဒ်ကြောင့် မန္တလေး ကျောက်မျက်ဈေးတွင် တစ်နှစ်စာဝင်ကြေးကောက်ခံမည့်အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
မန္တလေးMGS ကုမ္ပဏီဝန်ထမ်းများ တန်းတူအခွင့်အရေးရရှိ
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများအား ရန်ကုန် ၀န်ထမ်းများနည်းတူ လစာတောင်းဆိုမှုအတိုင်း လိုက်လျှောခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
တောင်းဆိုမှုများရှိလာပါက နှစ်သိန်းဖုန်းကဒ်များအား နိုင်ငံတော်ကအရှုံးခံ၍ ရောင်းချသွားမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းကဒ်နှုန်းထားများအား နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်းလျှော့ချခိုင်းမည်ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သိရှိသည်။
High-Art CO.,ldt. တွင်အလုပ်သမများ ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားနေရ
ဓါတ်ပုံ(YPI)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်
ဝက်မစွပ်ဝန်ထောက်လမ်း စက်မှုဇုန်(၄)တွင် တည်ရှိသော High-Art CO.,ldt.
တွင်အလုပ်သမများ (၁၉၅၀) ခန့်ရှိပြီး နယ်မှလာသော အလုပ်သမများဖြစ်ပါသည်။
စက်ရုံမှထမင်းကျွေး (လစာထဲမှပြန်လည်ဖြတ်တောက်) အဆောင်ပေးစီစဉ်ပေးပါသည်။
လယ်သမားငယ်များ အရင်းအနှီးအတွက် အားကိုးရာ ရှားပါးနေ
မြန်မာနိုင်ငံက လယ်သမားငယ်များအနေဖြင့် ချေးငွေများထုတ်ပေးနေသော ကုမ္ပဏီများ အစိုးရဋ္ဌာနများမှ အရင်းအနှီး ထုတ်ယူနိုင် ရန်အတွက်  အခက်အခဲများရှိနေကြောင်း လယ်သမားအရေးဆောင်ရွက်သူများနှင့် လယ်သမားငယ်များထံက သိရှိရသည်။
ဒုက္ခသည် စခန်းများတွင် ကေအိုင်အေ အဖွဲ့ဝင်အဖြစ် သတ်မှတ်ကာ ဖမ်းဆီး
ကေအိုင်အေ ဒုက္ခသည်စခန်း တခုကိုတွေ့ ရစဉ်
ရန်ကုန်၊ မေ ၃၁
တစ်နှစ်ပြည့်တော့မည် ဖြစ်သည့် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များတွင် အမျိုးသားများကို ကေအိုင်အေ တပ်ဖွဲ့ဝင် သို့မဟုတ် သတင်းပေး အဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း အဆိုပါဒုက္ခသည် စခန်းများမှ တာဝန်ခံများက The Voice Weekly သို့ ပြောကြားသည်။