Tuesday, April 24, 2012

၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ၏ ရဟန်းခံရှင်ပြုအလှူ ကျင်းပပြုလုပ်

၈၈မျိုးဆက် ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ၏ ရဟန်းခံရှင်ပြုအလှူပွဲအား ဧပြီလ ၂၄ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုပရိယတ္တိစာသင်တိုက်နှင့် မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာရှိ ရွှေည၀ါတောရ ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
monks88

အဆိုပါအခမ်းအနားသို့ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့တက် ရောက်ခဲ့ကြပြီး သာဓုကျောင်းတိုက်တွင် ရဟန်းခံ ၈၈ မျိုးဆက်နှင့် ဗကသ ကျောင်းသားများ၏ သိမ်ဆင်း မင်္ဂလာအခမ်းအနားနှင့်  ရွှေည၀ါဆရာတော် အရှင်ပညာ သီဟ အား ပုနောပ သမ္ပဒ သိက္ခာ ထပ်ခြင်း မင်္ဂလာအခမ်းအနားများကို ပြုလုပ်ခဲ့ပါသည်။
''အမျိုးသားရေးကို အင်မတန် မြတ်နိုးတဲ့စိတ်တွေက တွန်းအားပေးနေပါတယ်။ တုန်လှုပ်မှုဆိုတဲ့ နောင်တတရားကို သုံးထပ်တိုက်ကျောင်းကနေ ၀ါးတဲကျောင်းကို ရောက်သွားတဲ့ အချိန်ထိ အဓိပ္ပာယ် မဖွင့်ဆိုရသေးပါဘူး။ နောင်တရတယ်ဆိုတာ နောင်တရစရာတွေ လုပ်မှ နောင်တရတာပါ'' ဟု ရွှေည၀ါ ဆရာတော်က ဘန့်ဘွေးကုန်း ကျေးရွာတွင် ပြုလုပ်သော ရေစက်ချ အနုမောတနာ တရားဟောကြားရာတွင် ထည့်သွင်းဟောကြားခဲ့ပါသည်။
အဆိုပါ ရဟန်းခံရှင်ပြုပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဗကသ ကျောင်းသားများ စုစုပေါင်း ၄၄ ဦး ရဟန်းခံခဲ့ကြပြီး ရှင်သာမဏေ ၃ ပါးပါဝင်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားဟု AFP သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထား

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားဟု AFP သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထား

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ၀င်ရေး၊ မ၀င်ရေးမှာ သူမ၏ သဘောဆန္ဒသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဧပြီလ ၂၃ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး ဂျပန်မီဒီယာများက ရေးသားခဲ့သည်ကို အေအက်ဖ်ပီ သတင်းဌာနက သတင်းပြန်လည် ရေးသားဖော်ပြထားသည်။

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေ

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေ
pattano
နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်
ချင်းမိုင်(မဇ္ဈိမ) ။       ။ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းချက်အား စစ်ရေး တင်းမာနေချိန်တွင် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ ငြင်းဆိုလိုက်ပြီး ပြန်လည် မေးခွန်း
မေးထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIO က ပြောသည်။

ရုပ်ရှင်ထဲတွင် ဗိုလ်ချုပ်ဖြစ်လိုသူများ မေလ(၇)ရက်နေ့အထိ လျှောက်ထားနိုင်

ရုပ်ရှင်ထဲတွင် ဗိုလ်ချုပ်ဖြစ်လိုသူများ မေလ(၇)ရက်နေ့အထိ လျှောက်ထားနိုင်

ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတ္တိရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်လိုသော မည်သူမဆိုလျှောက်ထားနိုင်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲက သတင်းထုတ်ပြန်သည်။

မော်လမြိုင်တွင် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊အားတိုးဆေး ဈေးမြင့်တက်

မော်လမြိုင်တွင် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊အားတိုးဆေး ဈေးမြင့်တက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ စိုက်ပျိုးရေးသုံးဆေးဝါးပစ္စည်းဈေးကွက်တွင် အပင်အားတိုးဆေးနှင့်
ဓါတ်မြေသြဇာဈေးနှုန်းများမှာ မြင့်တက်လျှက်ရှိသောကြောင့် စိုက်ပျိုးရေးသမားများ အခက်အခဲဖြစ်လျက် ရှိကြောင်း သိရသည်။

ယာဉ်မောင်းများအားလုံး တပြေးညီခံစားခွင့်ရရှိစေရန် တောင်းဆိုသွားမည်

ယာဉ်မောင်းများအားလုံး တပြေးညီခံစားခွင့်ရရှိစေရန် တောင်းဆိုသွားမည်

အထူးအခွင့်အရေးရ(VIP)ယာဉ်မောင်းနှင့် သာမန်အမည်ပေါက်ယာဉ်မောင်းများအား တပြေးညီ ခံစားခွင့် ရရှိ စေရန် အတွက်နိုင်ငံတော်သမ္မတအထိ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန အမည်ပေါက်အဌားယာဉ်မောင်းသူများက ဆိုသည်။

သုံးခွမြို့နယ်တွင် ကျေးရွာ(၄၀) သောက်သုံးရေ အခက်ကြုံ

သုံးခွမြို့နယ်တွင် ကျေးရွာ(၄၀) သောက်သုံးရေ အခက်ကြုံ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မုတ္တမပင်လယ်အနီးရှိ ကျေးရွာ(၄၀)ခန့်တွင် (၃)နှစ်တစ်ကြိမ်ခန့်ဖြစ်ပွား လေ့ရှိသော ရေကန်များခမ်းခြောက်သွားသောကြောင့် ဒေသခံများပြည်သူ ၁ သိန်းကျော်ခန့် သောက်သုံးရေ အခက်အခဲကြုံ တွေ့နေရကြောင်း သိရှိရသည်။

သုံးခွမြို့နယ်က သောက်သုံးရေ အခက်အခဲဖြစ်နေသူများက ရေကန်များတည်ဆောက်ပေးရန် မျှော်လင့်နေ

သုံးခွမြို့နယ်က သောက်သုံးရေ အခက်အခဲဖြစ်နေသူများက ရေကန်များတည်ဆောက်ပေးရန် မျှော်လင့်နေ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်က ကျေးရွာများတွင် မိုးခေါင်မှုကြောင့် ရေရှားပါးလျက်ရှိပြီး ရေလုံ
လောက်စွာရရှိနိုင်ရန်အတွက် ရေကန်များတည်ဆောက်ပေးရန် မျှော်လင့်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

တရုတ်ဆိုင်ကယ်ဖြန့်ချီရာတွင် ပြင်ဦးလွင်ဂျော်ကီများသည် အရေးပါဆဲဖြစ်

တရုတ်ဆိုင်ကယ်ဖြန့်ချီရာတွင် ပြင်ဦးလွင်ဂျော်ကီများသည် အရေးပါဆဲဖြစ်

မြန်မာနိုင်ငံအလယ်ပိုင်းသို့ တရုတ်ပြည်ထုတ်ဆိုင်ကယ်များဖြန့်ချီရာတွင် ပြင်ဦးလွင်သည် အဓိက ကြားခံမြို့အဖြစ် ဆက်လက်တည် ရှိဆဲ ဖြစ်ကြောင်းဆိုင်ကယ်ကယ်ရီသမားများထံက

ဈေးကွက်တွင် (R+ R-) Suzuki ကားများ အ၀ယ်လိုက်နေဆဲဖြစ်

ဈေးကွက်တွင် (R+ R-) Suzuki ကားများ အ၀ယ်လိုက်နေဆဲဖြစ်

ရန်ကုန်မြို့ ဟံသာဝတီကားရောင်းဝယ်ရေး ဈေးကွက်တွင် လက်ရှိကျန်နေသေးသော(1997-2000 ) Model   Suzuki (R+ , R-) ကားများ  အဝယ်လိုက်နေဆဲဖြစ်ပြီး အဆိုပါကားများ ဈေးကွက်အတွင်း  ရှားပါးနေပြီ ကြောင်း သိရှိရသည်။

၂၀၁၂-၂၀၁၃ နှစ် ကချင်ပြည်နယ် မူလတန်းပညာရေးအတွက် ကျပ်သိန်း(၁၉၀)ရ

၂၀၁၂-၂၀၁၃ နှစ် ကချင်ပြည်နယ် မူလတန်းပညာရေးအတွက် ကျပ်သိန်း(၁၉၀)ရ

တို့ရွာအဟောင်းက မြစ်ထဲမှာ

ကြွေပုဂံချောင်းရွာ၏ တာရိုးတလျှောက်တွင် အသံချဲ့စက် တင်ထားသည့် ဆိုက်ကားတစီး ခပ်ဖြည်းဖြည်း သွားနေသည်။ ဆိုက်ကားပေါ်တွင် ထိုင်လိုက်လာသူ အမျိုးသားကြီးက ကြေညာချက်တခုကိုလေးလေးမှန်မှန်နှင့် ထပ်ခါထပ်ခါ အော်နေသည်။
ပြိုထားသော ကမ်းနှင့် ကမ်းအနီးမှ အိမ်တလုံး (ဓာတ်ပုံ - စိမ်းလဲ့ညို / ဧရာဝတီ)

မြန်မာတွေ ဂေါက်ရိုက်နိုင်တော့မည်

မြန်မာပြည် တံခါးဖွင့်ပြီး စီးပွားရေးကောင်းလာလျှင် ဂေါက်သီးရိုက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း မြန်မာ့ဂေါက်သီး ချန်ပီယံဟောင်း ဦးကြည်လှဟန်က ပြောဆိုလိုက်သည်။
အာရှပွဲတွေမှာ လက်စွမ်းပြနေဆဲ ဦးဇော်မိုး (ဓာတ်ပုံ - Getty Images)

အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး

3paliman3
 နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍
မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။