Saturday, September 1, 2012
မြေပုံမြို့တွင် ညဥ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား အထိတ်တလန့် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ ညဥ့် ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူး စိုးရိမ်သွားကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။
ရခိုင် ဒုက္ခသည်များ အတွက် အိန္ဒိယ အကူအညီ အမေရိကန် ဒေါ်လာ ၂သိန်း နယ်စပ်ရေးရာ ၀န်ကြီးသို့ လွဲပေး
ဆူပူ အကြမ်းဖက်မူကြောင့် ခိုကိုးရာမဲ့နေကြသော ရခိုင်ပြည်သူ ဒုက္ခသည်များ အတွက် ကူညီသော အမေရိကန် ဒေါ်လာ (၂) သိန်းကို အိန္ဒိယ တာဝန်ရှိသူများမှ မြန်မာ နယ်စပ် ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးလက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။
အိန္ဒိယ သံအမတ် Dr. Villur Sundararajan Seshadri က အမေရိကန် ဒေါ်လာ ၂သိန်းကို နယ်စပ်ရေးရာ ၀န်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးထံသို့ သြဂတ်(စ်) ၂၉ရက် (ဗုဒ္ဓ ဟူး)နေ့က လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။
၎င်းထောက်ပံ့ ကူညီ ငွေများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှဆင့် စီမံခန့်ခွဲပြီး ဒုက္ခရောက်နေသော မိသားစုများထံသို့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီပေးသွားမည် ဟု ဆိုသည်။
အဆိုပါ အကူအညီကို ဒုက္ခရောက်နေကြသော မိသားစုများအကြား သဟဇာတဖြစ်မှုနှင့် တည်ငြိမ်အေးချမ်းမှု ဆီသို့ လျင်မြန်စွာ ဦးတည်လာအောင် ရည်ရွယ်၍ အိန္ဒိယနိုင်ငံက ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ သံအမတ်သည် မြန်မာ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးသိန်းဌေးနှင့် အတူ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများသို့ သွား ရောက် ကြည့်ရှု ခဲ့ကြသည်ဟု ဆိုသည်။
အိန္ဒိယ၏ ထောက်ပံ့ ကူညီငွေများဖြင့် ဒုက္ခသည်များ အတွက် အမြဲတန်း နေထိုင်နိုင်သော အဆောက်အအုံ ၈၀၀ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးက ပြောကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံ အာသံပြည်နယ်တွင်လည်း ရခိုင်မှာ ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကဲ့သို့ ဌာနေတိုင်းရင်းသား ဘိုဒို လူမျိုးများနှင့် အခြေချ နေထိုင်ရန် ရောက်ရှိလာသူ ဘင်္ဂလီ မွတ်ဆလင်များ အကြား ဆူပူ အကြမ်းဖက်မူများ အလားတူ ပေါ်ပေါက်နေပြီး သြဂတ်စလ ၂၉ ရက်နေ့ကလည်း တိုက်ခိုက်မူများ ဆက်လက် ဖြစ်ပွားခဲ့ သဖြင့် လူ တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။

မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ
မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။
လက်နက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင် မဲ့ဖာလွန်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ပင်စင်လစာကို E-pension စနစ်ဖြင့် ထုတ်ယူနိုင်ပြီ
ပြည်တွင်း ပင်စင်စားများ အနေဖြင့် Smart Card ဖြင့် ပင်စင်လစာ ထုတ်ယူ နိုင်သော E-pension စနစ်ကို မြန်မာ့ စီးပွားရေး ဘဏ်ခွဲ (၂) ၌ စတင် စမ်းသပ်ဆောင်ရွက်လျက် ရှိရာမှ ယခုအခါ စတင်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး
အစိုးရတပ်ဖွဲ များနှင့် ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့ တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။
ADSL အင်တာနက်လိုင်း အသုံးပြုခများကို လျှော့ချနိုင်ရန် စီစဉ်လျက်ရှိဟုဆို
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများတွင် လျှောက်ထား အသုံးပြုနိုင်သော ADSL အင်တာနက် လိုင်းများကို လျှော့ချ အသုံးပြုနိုင်ရန် အတွက် စီစဉ်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ADSL အင်တာနက်လိုင်းများ၏ မြန်နှုန်းများကိုလည်း သြဂုတ်လဆန်းပိုင်းမှ စတင်၍ မြန်နှုန်း အခမဲ့ နှစ်ဆတိုးမြှင့်ပေးထားကြောင်းလည်း သိရသည်။
၁၅ သိန်းတန်ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိကို ရှင်းလင်း
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခင် ချထားပေး ခဲ့သော ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ ပြန်လည်အပ်နှံခွင့် ရှိမရှိ မေးမြန်းမှုကို ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အရေပြား ကြွေကျသည့် ရောဂါဆန်း တစ်မျိုး ခံစားနေရသည့်ကလေးငယ်
အရီဇိုးနား ပြည်နယ်၊ တူစင်မြို့မှ Brystal ခေါ်တဲ့ ကိုးလ အရွယ် ကလေးငယ် လေးတစ်ဦးဟာ Epidermolysis Bullosa ခေါ်တဲ့ ရောဂါဆန်း တစ်မျိုးကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဟာ အရေပြားကို လက်နဲ့ အသာအယာ ထိတွေ့ရုံနဲ့ အရေပြားမှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်တာကြောင့် သူ့ခြေတွေ၊ လက်တွေကို ပတ်တီးနဲ့ စည်းထားရပါတယ်။
အသင်းမှ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ်ကျန်းမာရေးစောင့်ရှောက်မှုပေးမည်
ကိုယ်အင်္ဂါမသန်စွမ်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးကုသပေးခြင်းအား ပထမဦးဆုံးအနေဖြင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မှ သိရသည်။
“ကျွန်တော်တို့အသင်းက ပထမဆုံးအနေနဲ့ပြုလုပ်တာပါ။ အသင်းဝင်တွေတင်မကပဲ အသင်းမဝင်ထားတဲ့ ကိုယ်အင်္ဂါချို့တဲ့သူတွေ ကိုလည်း ကုသပေးမှာပါ။ ဆေးပေးဖို့လိုအပ်တဲ့သူကို (၁ဝ)ရက်စာလောက် အခမဲ့ပေးခဲ့မယ်။ ဆေးရုံကိုလွဲရမယ့်သူကိုတော့ နီးစပ်ရာဆေးရုံကို လွဲခဲ့ပေးမှာပါ” ဟု မြန်မာနိုင်ငံကိုယ် အင်္ဂါမသန်စွမ်းသူများအသင်း အထွေထွေအတွင်းရေးမှူးဦးအေးကိုကို ကပြောသည်။
ပုဂံမြို့သစ် ဟိုတယ်ဇုန်စီမံကိန်းကြောင့် ဇုန်(၄)အနီးတွင် မြေတစ်ဧက သိန်း(၂၀၀)၀န်းကျင်ရောက်
ညောင်ဦးမြို့နယ် ပုဂံမြို့သစ် တောင်ဘက်ဇုန်(၄)တွင် ဟိုတယ်စီမံကိန်းချခြင်းကြောင့် ပုဂံမြို့သစ်ရှိ အိမ်ခြံမြေဈေး မြင့်တက်လာကြောင်း ဒေသခံများထံက သိရှိရသည်။
မြို့သစ်နှင့်ဇုန်(၄)အကြားရှိ လယ်ယာမြေများအား လုပ်ငန်းရှင်ကြီးများမှ အားလုံးနီးပါးဝယ်ယူသွားပြီး မြေဈေး မှာလည်း မြင့်တက်လျှက်ရှိနေသည်။
မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ
မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်၊ဟိန္ဒူဘာသာဝင်များအား လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန် လည်ပြုလုပ်ခိုင်းပြီး၊ အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်းများရှိနေကြောင်း မြို့ခံများက ဆိုသည်။
အစ္စလာမ်ဘာသာဝင် ဗမာအမျိုးသမီးတစ်ဦး၏မှတ်ပုံတင်အား လူမျိုးအမည်ပြန်လည်ပြင်ဆင်ပြောင်းလဲရန်အတွက် မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန်လည် ပြုလုပ်ခိုင်းခဲ့သည်ဟု ကာယကံရှင် မတင်တင်ရီက ဆိုသည်။
မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်သော အဆိုကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း
တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်ရန် သီးခြား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း အဆိုကို ၂ဝ၁၂ခုနှစ် သြဂုတ်လ ၃ဝရက်နေ့၊ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
'' ဆယ်တန်းအောင်ပြီး ကိုယ်ကြိုက်တဲ့ တက္ကသိုလ်တက်နိုင်ဖို့ကို ဆယ်တန်းအမှတ်စာရင်းကို မကြည့်တော့ဘဲနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲထပ်ဖြေဖို့ ဦးနုကအဆိုတင်သွင်းတာပေါ့ ဒီကိစ္စကိုလာမယ့် နှစ်ဆိုရင်တော့ အကောင်အထည်ဖော်ဖြစ်မယ် ထင်ရတယ်။'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် အာမခံသည့် (၈)လ သင်တန်း
ကြယ်ငါးပွင့်ဟိုတယ်ကြီးများနှင့် ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် ရာခိုင်နှုန်းပြည့် အာမခံသည့် (၈)လ သင်တန်းအား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းအား မလေးရှားနိုင်ငံအခြေစိုက် Green City International College တွင် တက်ရောက် သင်ကြားရ မည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် ဗီဇာကြေး၊ နေထိုင်စားသောက်မူစရိတ် အပါဝင် မလေးရှားရင်းဂစ် (၁၆၂၃ဝ)ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Carnival Cruise Lines, Celebrity Cruises, Holland America Line, Princess Cruises, P & O Cruises, Royal Caribbean Cruise Ltd, Star Cruise နှင့် အခြားနာမည်ကြီး သဘောင်္ကြီးများတွင် အလုပ်လုပ်ကိုင် ခွင့်ရနိုင်မည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)


