ကင်ဆာ ရောဂါထက် အဆ ပေါင်းများစွာ ကြောက်စရာကောင်း လှသောရောဂါ မှာ အယ်လ်ဇိုင်းမား မှတ်ဥာဏ်ယိုယွင်းသည့်ရောဂါဖြစ်သည်။ မိမိကိုယ်ကိုပင်မိမိ မမှတ်မိသော သတိမေ့လွန်းရောဂါဖြစ်သည်။ မိမိက နံနက်စာ စားပြီးပြီလားဆိုသည် ကို မမှတ်မိတော့၍ မနည်းပြန်စဉ်းစား ရသော ရောဂါဆန်းတစ်မျိုးဖြစ်သည် ဟုဆိုသည်။ကျန်းမာရေးသုတေသီတို့ က ယင်းရောဂါကို ကြိုတင်ကာကွယ် နည်းမှာ မိမိ၏ ဦးနှောက်ကို အလုပ် ပေးရမည်။ စာများများ ဖတ်ရှု လေ့လာပြီး ဦးနှောက်လေ့ကျင့်ခန်း များ၊ ကစားနည်းများ ပြုလုပ်ပေးရမည် ဟုညွှန်ကြားထားသည်။
Tuesday, August 28, 2012
ခုံရုံးအငြင်းပွားမှု ပြည်သူ့မျက်နှာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးသွားကြောင်း သိရသည်။
မောင်တောတွင် ရခိုင်အိမ်များ ရောင်းမည်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။
“ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိုးသားပိုင် အိမ်တစ်ချို့ “အိမ်ရောင်းမည်” ဆိုပြီး စာကပ် ထားတာကို တွေ့ရပါတယ်။ စိတ်မကောင်း စရာပါ။ အဓိကတော့ မောင်တောမှာ ရခိုင်တွေ နေနိုင်မယ့် အနေအထား မရှိဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့ လူကြီး တစ်ဦးက ပြောသည်။
ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ
ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေနံသာ လယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာ ကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။
ADSL အင်တာနက်လိုင်းများ အမြန်နှုန်း နှစ်ဆ အခမဲ့တိုးမြှင့်ပေးထား
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ များတွင် လက်ရှိ ADSL အသုံးပြု နေသော user များကို ငွေကြေးတိုးမြှင့် ကောက်ခံခြင်း မရှိဘဲ အမြန်နှုန်း နှစ်ဆ အခမဲ့ တိုးမြှင့် ပေးထား သည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း သန်းက အမျိုးသားလွှတ်တော် အ စည်းအဝေး တွင် ဖြေကြားခဲ့ သည်။
တိုင်းအဆင့်ခေါင်းဆောင်များအားရှုံ့ချသည့် ပုသိမ် NLD သတင်းစာရှင်းလင်းပွဲ
တိုင်းအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များကို ရှုံ့ချသည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်အား သြဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့နယ် NLD ပါတီရုံးတွင် ကျင်းပခဲ့ကာ ဖွဲ့စည်းထားပြီး ဖြစ်သည့်တိုင်းညီလာခံကော်မရှင် ဖျက်သိမ်းပေးရေးအပါအ၀င် အချက်(၆)ချက်ကို ပုသိမ်မြို့နယ် NLD ပါတီဝင်များက တောင်းဆိုလိုက်သည်။
ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့်သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။
(၆)လအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင်ဆင်းရဲသားမြို့တော်စီမံကိန်း
ကျူးကျော်နေထိုင်သူများအတွက် ထန်းတပင်မြို့နယ်တွင် ဆင်းရဲသားမြို့တော်စီမံကိန်းတစ်ခုအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က သိရှိရသည်။
မောင်တောပြူးမချောင်း ကမ်းပြိုမှုကြောင့် လယ်မြေဧကရာချီ ဆုံးရှုံး
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်နတ်မြစ်လက်တက် ပြူးမချောင်းမြစ်ကမ်းပါးမှာ မိုးရာသီတွင် နှစ်စဉ်နှစ်တိုင်းချောင်း ကမ်းပါးပြိုကျမှုများပြားလာခြင်း ကြောင့် ချောင်းတစ်ဖက်တစ်ချက်ရှိလယ်ယာစိုက်ပျိုးမြေဧက များ လျော့နည်းပျောက်ဆုံးမှုများရှိလာကြောင်းဒေသခံတောင်သူများထံက သိရသည်။
ဘုရားကြီးအလယ်တိုက်တွင်ပြုလုပ်သည့် ပထမဆုံးအကြိမ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ
မန္တလေးမြို့ မဟာမြတ်မုနိ ဒက္ခိဏာရာမဘုရားကြီး အလယ်တိုက်တွင် ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအား သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။
ခုံရုံးအနေဖြင့် မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိ
၂၀၁၂ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့ နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူသုံးချိုးနှစ်ချိုးရှိခဲ့သောကြောင့် အနိုင်ရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
မူလသံယုတ် ကျောင်းတိုက် ရှေးဟောင်း အဆောက်အဦအဖြစ်မှ ပယ်ဖျက်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်ထားခဲ့သော သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဘုရားအနီးရှိ မူလသံယုတ် ဘုန်းတော်ကြီး ကျောင်းအား စာရင်းမှပြန်လည် ပယ်ဖျက်လိုက်ကြောင်း ရန်ကုန် စည်ပင်သာယာမှ တာဝန်ရှိသူတဦးက ပြောသည်။
Subscribe to:
Posts (Atom)
