Sunday, July 29, 2012

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် ကာတွန်းပြပွဲ


၂၃ ကျောင်းမြောက် အမေ့အားမာန် အခမဲ့ ပညာဒါနကျောင်း ဖွင့်လှစ်



စမာဆည် ဖျက်သိမ်းရေး မြစ်သာမြို့မှာ ဆန္ဒပြ



ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း( ၄၇ ) ရာထူးမှရပ်ဆိုင်းခံရ


မြန်မာ့မီးရထားမှ အရာရှိ(၄)ဦးအပါအ၀င် ၀န်ထမ်း(၄၇)ဦးအားမြန်မာ့မီးရထားပိုင်တရားမ၀င်စက်ဆီရောင်း ချခြင်းနှင့်ပတ်သက်၍ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိရသည်။

ကန်အရည်အသွေးနှင့်ရောဂါပိုးကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များဆုံးရှုံးမှုများနေ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များ၏ အရည်အသွေးကျဆင်းနေမှုနှင့်ကပ်ပါးရောပိုးများကြောင့် ငါးအသေအပျောက် များကာငွေကြေးနစ်နာဆုံးရှုံးမူများဖြစ်ပေါ်မှုများနေကြောင်းငါးလုပ်ငန်းရှင်များထံက သိရှိရသည်။

ခရီးသွားဥပဒေအသစ်ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များသုံးသပ်


မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော  ခရီးသွားဥပဒေမှာခေတ်ကာလပြောင်းလဲလာခြင်းနှင့် အမျှကိုက်ညီမှုအားနည်းလာခြင်းကြောင့် ခရီးသွားဥပဒေ(Tourism law)အသစ် ပြဌာန်းရန်လိုအပ်ကြောင်း သုံးသပ်နေကြသည်။

ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ပြည်ပလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြောဆိုနေမှုအား  မြန်မာဒီမိုကရေစီအရေး ပျက်ယွင်းအောင်ဆောင်ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေအတွင်းရေးမှူးကပြောသည်။

ဥပဒေကြမ်း ရေးဆွဲတော့မည့် တိုင်းရင်းသားလူမျိုးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုဥပဒေ










တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပြဌာန်းရေးအဆို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကအတည်ပြုလိုက်ပြီဖြစ်ပြီး ဥပဒေကြမ်းတစ်ခု ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ပါတီအရေးကြောင့် လူသတ်မှုဖြစ်ပွားရခြင်းမဟုတ်ဟု ပွင့်ဖြူရဲတပ်ဖွဲ့ ကဆို


မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊သမန်းအင်းကျေးရွာတွင်ဇူလိုင်လ(၂၅)ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝင်(၂)ဦးမှဒီချုပ်ပါတီဝင် (၁) ဦးအား သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပါတီအရေးနှင့်လုံးဝသက်ဆိုင်ခြင်းမရှိဟု ပွင့်ဖြူမြို့နယ်ရဲစခန်းက ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်

khinyi
ချင်းမိုင်(မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း
ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။

ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

မဇ္ဈိမသတင်းဌာန ။         ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်ဆံပုံနှင့် ပတ်သတ်၍ ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အကြမ်းဖက် အဖွဲ့တဖွဲ့က မြန်မာနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို

knumetgov8
စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ်အဖွဲ့များ အား တိုက်ရိုက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့်မြန်မာအစိုးရတို့ သဘောတူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။

အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး

ရန်ကုန် (မဇ္ဈိမ) ။       ။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်ပ ၀ယ်လိုအားထက် ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား ယခုနှစ်မှ စတင်
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော

နယူးဒေလီ (မဇ္ဈိမ)။   ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။