ဆောက်လုပ်နေသောစစ်တွေဆိပ်ကမ်းစီမံကိန်းအတွင်းက
ပိုင်ရိုက်သံများကြောင်းစစ်တွေဆေးရုံကြီးမှ လူနာ နှင့် လူနာစောင့်များ၊
ဒေသခံများက စိတ်သောကရောက်လျက်ရှိကြောင်း သိရှိရသည်။
“အခုဆောက်လုပ်နေတဲ့ ကုလားတန်စီမံကိန်းစစ်တွေဆိပ်ကမ်းလုပ်ငန်းခွင်ကထွက်လာတဲ့ ပိုင်ရိုက်သံ တွေ ကြောင့် အနီးအနား
မှာရှိတဲ့ လူထုတွေမနေနိုင်ဘူးဖြစ်နေတယ်၊ အသံကတ အားကျယ်လောင် တယ်ဆိုတော့
လူတွေ မနေနိုင်ဘူး’’ဟု ကျေးပင်ကြီး ရပ်ကွက်မှ ဒေသတစ်ဦးကပြောသည်။
ဆောက်လုပ်နေသည့်
စစ်တွေကုလားတန်စီမံကိန်းသည် စစ်တွေဆေးရုံကြီးနှင့် ကိုက်တစ်ရာကျော်သာ ကွာ
ဝေးသဖြင့် စီမံကိန်းမှ ထွက်လာသည့် အသံများကြောင်း ဆေးရုံရှိလူနာများ နှင့်
လူနာစောင့်များ စိတ်မချမ်းသာ ဖြစ်နေရကြောင်း မျက်စိကုသဆောင်က
လူနာစောင့်တစ်ဦးကပြောသည်။