Thursday, November 8, 2012

သစ်အချောထည်စက်ရုံ အလုပ်သမားတွေရဲ့ ၂ ပတ်ကြာဆန္ဒပြပွဲ



2012-11-07
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည်စက်ရုံရှေ့မှာ ၂ ပတ်ကြာ နေ့ရောညပါ ဆန္ဒပြနေတဲ့ အလုပ်သမား (၁၅၀)ကျော်ဟာ သူတို့ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က လိုက်လျောပေးမှု မရှိတဲ့ အတွက် ဒီကနေ့ နေ့လည်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသ အလုပ်သမားရုံးရှေ့ကို ပြောင်းရွေ့ဆန္ဒပြခဲ့ကြပါတယ်။

RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်တိုင်း လှိုင်သာယာစစ်မှုဇုန် တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁၀၀၀ ကျော် ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေစဉ်။
အလုပ်သမား ၀န်ကြီးဌာနက အကောင်အထည်ဖော်ပေးဖို့ မျှော်လင့်ချက်နဲ့ ပြောင်းရွေ့ ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီဆန္ဒပြအလုပ်သမား ၁၅၀ ကျော်ဟာ ခရီးသည်တင် ကားနှစ်စီးနဲ့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ တော်ဝင် ကုမ္မဏီရုံးချုပ်ကို သွားရောက် ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် တော်ဝင် ကုမ္မဏီရုံးချုပ်ရှေ့မှာ ကုမ္ပဏီ် ၀န်ထမ်း ၅၀ကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတယ်လို့ ကြားသိရတဲ့အတွက် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးရှေ့ကို ရွှေ့ပြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြနေတဲ့ တလျှောက် အလုပ်သမား တစ်ချို့ဟာ နေ့ရောညပါ စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့အတွက် အခုဆိုရင် အလုပ်သမား (၄)ဦးဟာ အစာရေစာ ပြတ်လတ်ပြီး ရွှေပြည်သာ ဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။