Thursday, November 8, 2012

ရွှေဈေးနည်းနည်းပြန်ကျ


ရွှေဈေးနှုန်းများ ကျဆင်း လာသလို ဖြတ်စနှင့် အပိုင်းဈေးကွက် ၀ယ်လို အားများပါ ကျဆင်းလာကြောင်း ရွှေလုပ်ငန်းရှင်များ ကပြောသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများသည် တစ်အောင်စလျှင် ၁၇၇၀ ဒေါ်လာဝန်းကျင်မှ ၁၇၅၀ ဒေါ်လာအောက်ထိ ကျဆင်းသွားခြင်းကြောင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၈၈၀၀၀ ကျပ်ဝန်းကျင် ရှိနေခဲ့သော ပြည်တွင်းနှုန်းများမှာလည်း ၇၈၂၅၀၀ ကျပ်ထိ ကျဆင်းခဲ့သည်။ ထိုသို့ ရွှေဈေးနှုန်းများ ကျဆင်းသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အထည်ဈေးကွက် ၀ယ်လိုအားကောင်းပြီး အပိုင်းဈေးကွက်နှင့် ဖြတ်စဈေးကွက်တွင် ၀ယ်လိုအားကျဆင်းနေကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။


“အသင်းရုံးမှာလုပ်တဲ့ ဈေးကွက်မှာ အရောင်းအ၀ယ်အေးတယ်။ ရွှေဈေးကျတယ်ဆိုပေမယ့် တရုတ်ငွေဈေးအေးတော့ တရုတ်ဘက်ကမဆွဲဘူး။ ဒါကြောင့် အပိုင်းဈေးကွက်မှာ အရောင်းအ၀ယ်အေးနေတယ်”ဟု အပိုင်းဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်နေသော ကုန်သည်တစ်ဦးကပြောသည်။ တရုတ်ငွေပေါက်ဈေးနှင့် တွက်ချက်ပြီး ပြည်တွင်းရွှေဈေးနှုန်းသည် တရုတ်နယ်စပ်ပေါက်ဈေးထက် ဈေးနိမ့်မှသာ တရုတ်နယ်စပ်ဝယ်လိုအား ကောင်းလေ့ရှိသည်။ လတ်တလောတွင် ပြည်တွင်းရွှေဈေးသည် နယ်စပ်ပေါက်ဈေးထက် ကျပ် ၅၀၀၀ ၀န်းကျင် များနေသဖြင့် နယ်စပ်ဝယ်လိုအား ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“အပိုင်းအရောင်းအ၀ယ် မလိုက်တာက ၇၉၀၀၀၀ ကျော်ကို မှန်းနေကြတဲ့သဘောပဲ။ ဒီဈေးတန်းရောက်မှ ထုတ်ရောင်းမယ်ပေါ့။ အရပ်ဘက်ကလည်း ထုတ်ရောင်းတာနည်းတော့ ဈေးကွက်အရောင်းအ၀ယ်နည်းနေတာပေါ့”ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။ ရွှေဈေးနှုန်းများသည် ယခု အောက်တို ဘာ ၁၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၈၃၅၀၀ ကျပ်ရှိပြီး ၁၅ ပဲရည်မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၃၈၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။