Thursday, November 8, 2012

ကျိုက်ထီးရိုး တောင်တက်ကားခ လျှော့ချပေးမည်ဟုဆို


ကျိုက်ထီးရိုး တောင်တက် ကားခကို လျှော့ချပေးရန် အစီအစဉ် ရှိကြောင်း တောင် တက်ကား အသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်တိုးက နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောကြားသည်။ "ဈေးလျှော့ချပေးဖို့ အစီအစဉ် ရှိတယ်၊ အခုကော်မတီမှာ ဒီကိစ္စကို အကြီးအကျယ် ဆွေးနွေးနေကြ တယ်၊ ဘုရားဖူးတွေကိုလည်း ဝန် ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားနေတဲ့ အခိုက်အတန့်လေး မှာတော့ ခဏစောင့်ပေးပါ"ဟု ၄င်းကဆိုသည်။ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းတွင် ကား ၁၄၃ စီးရှိပြီး စည်းကမ်းဥပဒေနှင့် အညီ ခရီးသွားပြည်သူများ လုံခြုံ စိတ်ချရစေရန် ကြိုးပမ်းလျက်ရှိ ကြောင်း တောင်တက်ကားအသင်း ဥက္ကဋ္ဌ ဦးဝီးတင်က ပြောသည်။

ကျိုက်ထီးရိုး တောင်တက်ကားခ လျှော့ချပေးမည်ဟုဆို
"ကျွန်တော်တို့ ဒီမှာ တစ်လ တစ်ကြိမ်၊ နှစ်ကြိမ် ယာဉ်စစ်ဆေး ခံရတယ်၊ အောက်လမ်းမှာ သုံးနှစ် လောက်သုံးလို့ရတဲ့ပစ္စည်းက ဒီမှာ ခဏပဲ၊ တောင်တက်အသင်းက ပိုက်ဆံအရမ်းရတယ်လို့ ပြောနေ ကြပေမယ့် ကားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုရင် ဝင်ငွေပမာဏက သိပ်မကွာ ပါဘူး"ဟု ၄င်းကဆိုသည်။ ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုး စေတီတော် ရင်ပြင်သို့ ခရီးသည် တစ်ဦးလျှင် နောက်ခန်းကျပ် ၂၅၀ဝ ရှေ့ခန်း ကျပ် ၃၀ဝ၀ ပေးရသော ကြောင့် ဈေးနှုန်းများသည်ဟု ဆို နိုင်ကြောင်း ကျိုက်ထိုမြို့နယ်မှ ကိုကြေးမုံက ပြောသည်။ "ကိုးမိုင်ခရီးကို တစ်မိုင် ၅၀ နဲ့တွက်ရင် ၄၅၀ ပဲ တန်တယ်"ဟု ၄င်းကဆိုသည်။ ကားတစ်စီး ထွက်ခွာပါက ဂေါပကအဖွဲ့ထံသို့ ကျပ် ၂၀ဝ၀၊ အသက်အာမခံ ကျပ် ၁၇၅၀၊ စီမံ ခန့်ခွဲရေးစရိတ် ကျပ် ၁၅၀ဝ အပါ အပါအဝင် တစ်နှစ်စာအတွက် ဘုရားကြီးသို့ အလှူငွေ အခွန် ၁၀ သိန်းပေးဆောင်ရကြောင်း တောင် တက်အသင်းထံမှစုံစမ်းသိရသည်။ ယာဉ်မောင်းတစ်ဦးလျှင် တစ်လ ကျပ် တစ်သိန်းနှစ်သောင်း နှင့် ယာဉ်နောက်လိုက် တစ်ဦးလျှင် ကျပ် ရှစ်သောင်း လခပေးရပြီး ဘုရားဖူးများကို ရိုင်းပျစွာဆက်ဆံ ခြင်း၊ အရက်သေစာသောက်စား ခြင်းများ ပြုလုပ်ပါက ယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူ ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။