Thursday, November 8, 2012

အသက်၁၂အရွယ် မိန်းကလေးငယ် တစ်ဦးအား ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အရေးယူ


တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား
ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့သူ သုံးဦးကို ပုဒ်မ ၃၇၂ ဖြင့် အရေးယူထားကြောင်း တာမွေမြို့နယ်ရဲစခန်းမှ ရဲအုပ် စိုးလွင်က ပြောကြားသည်။ "အရေးယူတာကတော့ ကလေးကိုခိုင်းစေခဲ့သူ ကလေးရဲ့အဘွား၊ ပွဲစားရယ်၊ ချိတ်ဆက်ပေးတဲ့ တစ်ယောက်ရယ် သုံးယောက်ပါ၊ ခေါ်အိပ်တဲ့ အမျိုးသားကတော့ ဘာမှမလုပ်ခဲ့တဲ့အတွက် အပြစ်မရှိပါဘူး၊ ပုဒ်မ ၃၇၂ က ထောင်ဒဏ် ၁၀ နှစ် အထိချမှတ်နိုင်ပါတယ်"ဟု ၄င်းက Venus News Weekly သို့ ပြောသည်။


အခင်းဖြစ်ပွားပုံမှာ အောက်တိုဘာ ၂၇ရက် ညနေပိုင်းက အဘွားဖြစ်သူသည် တာမွေ မြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်ပိုင်ရှင် အဒေါ်ဖြစ်သူနှင့်အတူ မြေးဖြစ်သူကို ထည့်ပေးလိုက်ကြောင်း၊ တာမွေမြို့နယ် နတ်မောက် ရပ်ကွက် ဖိုးစိန်လမ်းရှိ ဟိုတယ်အခန်းအမှတ် ၄၀၈ တွင် တည်းခိုနေသူ အမျိုးသားတစ်ဦး ထံမှ ငွေကျပ် ၅၀ဝ၀ဝ၀ ဖြင့် ပြည့်တန်ဆာလုပ်ကိုင်ရန် အပ်နှံခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ အဘွားနှင့် မြေးတို့မှာ မြောက်ဥက္ကလာပမြို့နယ်၊ ဇ ရပ်ကွက် သုနန္ဒာ လမ်းသွယ်တွင်နေထိုင်ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ သိရသည်။ ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ အလုပ်သမားအရေးကိစ္စများ ဆောင်ရွက်နေသူ ဟေမာဦးက "ဒါတွေက အခုမိန်းကလေးတွေ အများစုအတွက် အန္တရာယ်ကြီးတဲ့ ပြယုဂ်တစ်ခုလိုဖြစ်နေတယ်။ အမျိုးသမီး တွေရဲ့ဘဝတွေကို အားလုံးက ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်၊ အမျိုးသမီးတွေကို ကာကွယ်စောင့် ရှောက်တဲ့၊ အဖွဲ့အစည်းတွေရှိပါတယ်။ အဲဒီအဖွဲ့ အစည်းတွေကလည်း ဒီကိစ္စမျိုးတွေမဖြစ်အောင် အလုပ်ပိုလုပ်သင့်တယ်"ဟု သုံးသပ်သည်။
ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသူ မိန်းကလေးက ဆက်ဆံလိုသူကို အသက် ၁၂ နှစ်သာ ရှိကြောင်း၊ မိဘများ မသိကြောင်းပြောဆိုခဲ့ရာ ၄င်းက မုန့်ဖိုးနှစ်သောင်း ပေးကာဘာမှမပြုလုပ်ခဲ့ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေ့တွင် မိခင်က တာမွေမြို့ နယ်ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း၊ ခိုင်းစေခဲ့သူ အဘွားဖြစ်သူကငွေ ကျပ် ၂၇၅၀ဝ၀ သာရရှိခဲ့ကြောင်း တာမွေမြို့နယ် စခန်းမှ ရဲအုပ်စိုးလွင် ကပြောကြားသည်။ ပြည့်တန်ဆာ အဖြစ်စေခိုင်းသူ အမျိုးသမီး၏မိခင် အသက် ၂၆ နှစ်အရွယ်ရှိ ဒေါ်အေးစောသာက အဖြစ်မှန်ကို မသိရှိဘဲ ပတ်ဝန်းကျင်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် တာမွေမြို့နယ်ရဲစခန်းသို့ မှားယွင်း တိုင်ကြားခဲ့ကြောင်း၊ အဖြစ်မှန်မှာ စားဝတ်နေရေးကျပ်တည်းမှုများကြောင့် စီးပွားရေးအဆင်မပြေသဖြင့် အိမ်အကူ လုပ်ငန်းများလုပ်ရန် မြေးအဘွားနှစ်ဦး တိုင်ပင်ကာ လုပ်ငန်းကိစ္စဆွေးနွေး တိုင်ပင်ရန် အလုပ်ရှင်ရှိရာနေရာသို့ သွားရောက်ခဲ့ကြောင်းဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်နေ့က တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ ဟောလီးဒေးစားသောက် ဆိုင်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။