Thursday, November 8, 2012

လစ်လပ်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးနေရာ ခန့်အပ်ရန်ရှိ


လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာ သုံးနေရာ အတွက် ယခု ကျင်းပနေသော လွှတ်တော်အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။
“သုံးနေရာရှိတယ်။ ၀န်ကြီးတစ်ဦးတည်းရှိတော့ ၀န်ကြီးနိုင်ငံခြားသွားတဲ့အခါ လွှတ်တော်မှာ အမေးအဖြေလုပ်ဖို့ ထပ်ခန့်ဖို့ရှိတယ်” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။ မကြာသေးမီက ပြောင်းလဲဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဝန်ကြီးဌာနများအနက် ဒုဝန်ကြီး နေရာလစ်လပ်နေသည့် ၀န်ကြီး ဌာနသုံးခုမှာ သတ္တုတွင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ဖြစ်သည်။
လစ်လပ်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီးနေရာအတွက် ဒေါက်တာအောင်မြတ်ကျော်နှင့် ဦးခင်ဇော် (Tour Mandalay) တို့မှာ ထင်ကြေးပေးခံနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုနေကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။