Thursday, November 8, 2012

မြန်မာ-ဂျာမနီ လေကြောင်းလိုင်းသစ် ပြေးဆွဲမည်

ရန်ကုန် မဇ္ဈိမ ။       ။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် ဂျာမနီနိုင်ငံ ဖရန်ဖန့်မြို့Frankfurt သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲမှုကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး
 ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။



“မြန်မာနိုင်ငံကို ပြေးဆွဲတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေထဲက လိုင်း ၂ဝ မြောက် ဖြစ်လာတဲ့ Condor Airline က နိုဝင်ဘာ ၇ ရက်နေ့ မနက် ၄ နာရီမှာ ရန်ကုန်မြို့ကို ပထမဆုံး စတင်ဆိုက်ရောက်မှာ ဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်း ပြေးဆွဲလျက်ရှိပြီး လတ်တလော ပြေးဆွဲလာမည့်
လေကြောင်းလိုင်းများမှာ ကိုရီးယား လေကြောင်းလိုင်း၊ ကာတာ လေကြောင်းလိုင်း၊ တရုတ် (တိုင်ပေ) လေကြောင်း လိုင်း၊ All Nippon Air Line စသည်ဖြင့် နိုင်ငံတကာလေကြောင်းလိုင်း ၁၉ လိုင်းမှာ အောက်တိုဘာလအတွင်း
ပြေးဆွဲခဲ့ပြီး ဖြစ်သည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ ဟောင်ကောင်အခြေစိုက် ဒရက်ကွန်အဲယားလိုင်း၊ စင်္ကာပူအဲယားလိုင်း နဲ့ Trans Asia Airway နောက်ထပ် သုံးလိုင်းကိုလည်း မြန်မာနိုင်ငံအနေနဲ့ ပြေးဆွဲဖို့ ခွင့်ပြုပေးပြီး ဖြစ်ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောကြားသွားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။