ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံအတွင်းရှိ ဘဏ်များတွင် ကျပ် ၅,၀၀၀ တန် ငွေစက္ကူအတုများ မလည်ပတ်စေနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက ပြောဆိုလိုက်သည်။
"ကျပ် ၅,၀၀၀ တန် အတုများ နိုင်ငံအတွင်းရှိ ဘဏ်တွေမှာ မလည်ပတ်စေနိုင်အောင် ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေစက္ကူအတု-အစစ် ခွဲခြားသည့် စက်တွေနဲ့ပါ ကြပ်မတ်ဆောင်ရွက်လျှက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ပါတယ်" ဟု မတ်လ ၆ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါက်တာလင်းအောင် က ပြောဆိုသွားခြင်း ဖြစ်သည်။
ကျပ် ၅,၀၀၀ တန် ငွေစက္ကူ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ထိုငွေစက္ကူအတု ၃,၇၅၈ ရွက် (တန်ဖိုး ကျပ် ၁၈,၇၉၀,၀၀၀) စစ်ဆေး တွေရှိရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် "ကျပ် ၅,၀၀၀ တန်အတုတွေက ဘဏ်တွေမှာ မလည်ပတ်သော်လည်း စီးပွားရေးလောကမှာ လည်ပတ်
နေနိုင်ပါတယ်"ဟု ဒု-ဝန်ကြီးက ဆက်လက်ပြောကြားသည်။
"ငွေစက္ကူအတုကိစ္စကတော့ (ကျပ်) ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်မှ မဟုတ်ဘူး။ ဒေါ်လာမှာလည်း ရှိတာပဲ။ အချို့ဆို ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်ကို မမြင်ဖူးကြဘူး။ အထူးသဖြင့် နယ်က လူတွေပေါ့။ နယ်ဘက်တွေမှာ မိတ္တူကူးပြီး အတုသုံးကြတာမျိုးတောင် ကြားဖူးတယ်။ အတု ဆိုတာကို သေချာကြည့်ရင် သိသာပါတယ်။ ဒါပေမယ့် ထိခိုက်
လောက်တဲ့ အတိုင်းအတာအထိတော့ မဖြစ်နိုင်ပါဘူး" ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။
Saturday, March 9, 2013
စစ်တပ်မှ မြေအဓမ္မ သိမ်းယူမှု တိုင်ကြားသူကို မမှန် သတင်းပေးမှုဖြင့် တရားစွဲ
ရန်ကုန်(မဇ္ဈိမ)။ ။ မကွေးတိုင်း ဒေသကြီး ဆင်ပေါင်ဝဲမြို့ရှိ ကျေးရွာများထံမှ (က.ပ.စ.၈) ကာကွယ်ရေး လက်နက် ပစ္စည်းထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံမှ ဒေသခံများ၏ မြေဧကများကို အဓမ္မသိမ်းဆည်းမှုအား တိုင်ကြားရာတွင် တိုင်ကြားသူအား စာမတတ်ပဲ အသနားခံစာ ရေးမှုကြောင့် မမှန် သတင်းပေးမှုနှင့် တရားစွဲဆိုထားကြောင်း ဒေသခံ များထံမှ သိရသည်။
တရားစွဲခံရသူ တဦးဖြစ်သည့် ဦးပေါ်ဦးက " ကျွန်တော် သမ္မတကို တရားမျှတစွာ အသနားခံတဲ့ ပုံနဲ့ တိုင်ကြားတာပါ။ ဒါကို စာမတတ်ပဲ ဘာလို့ အသနားခံစာ ရေးရလဲ။ ဒါမမှန်သတင်းပေးတာဘဲ လို့ပြောပြီး ကျွန်တော့်ကို တရားစွဲတာပါ" ဟု ဆိုသည်။
အဆိုပါ တရားစွဲမှုမှာ ဒေသခံ ဦးပေါ်ဦးနှင့် ရွာသား အများစုတို့က ၂၀၁၂ခုနှစ် ၈လပိုင်း ၁၃ရက်နေ့တွင် သမ္မတအား အသနားခံ လက်မှတ်ထိုး၍ တိုင်ကြားစာ ပေးပို့ခြင်းကြောင့် (က.ပ.စ ၈) မှ ဆင်ပေါင်ဝဲမြို့နယ် တရားရုံးသို့ မမှန် သတင်းပေးမှုဖြင့် ၄ရက်နေ့ ၁လပိုင်း ၂၀၁၃ တွင် တရားရုံးမှ ဆင့်ခေါ် စစ်ဆေးခဲ့ကြောင်း ဒေသခံ ဦးပေါ်ဦးမှ
ပြောသည်။
ဦးပေါ်ဦးသည် (က.ပ.စ.၈) စစ်တပ်မှ မြေ ၁၆ ဧက သိမ်းယူထားခြင်း ခံရသူဖြစ်သည်။ သမ္မတအား တိုင်ကြားခြင်း သည် တပ်မြေတွင် လယ်ယာလုပ်ကိုင် ခွင့်ပြုရန် တင်ပြတောင်းခံခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် အဆိုပါ သမ္မတထံ တိုင်ကြားစာတွင် ရွာသား ၅၀၀ ခန့်  ပါဝင် လက်မှတ်ထိုးခဲ့ကြောင်း ဦးပေါ်ဦးက ဆက်ပြောသည်။
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့ရှိ အဆိုပါ ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည်
တောင်သူများထံမှ မြေတဧကအား ၁၂ ကျပ်နှုန်းဖြင့် မြေဧကပေါင်း ၁၂၇၀၀ ကျော်အား သိမ်းယူထားကြောင်းလည်း သိရသည်။
ထို့အပြင် စက်ရုံအနီးရှိ လယ်သမားများထံမှ သီးထောက်ကြေးများ တောင်းခံလျှက် ရှိကြောင်း တနှစ်လျှင် ထိုစစ်တပ် စက်ရုံအား နှမ်းခြောက်ပြည် ခန့်ပေးရကြောင်း ဒေသခံတောင်သူများက ပြောခဲ့သည်။
ဘော်မြင့်ကျေးရွာမှ ဦးစိန်မြင့်အောင်က " ကျွန်တော်တို့ ရွာ၁၃ရွာက မြေတွေသိမ်းတယ်။ လိုအပ်ရင် လူတွေ လုပ်အားပေးခေါ်တယ်။ ပြီးတော့ သီးထောက်ကြေးလဲ တောင်းတယ်။ မိုးလေဝသ မကောင်းလို့ မပေးနိုင်ရင်
တောင်မှ နွားတွေရောင်းပြီး ပေးရတယ် " ဟု ပြောသည်။
အဆိုပါ စစ်တပ်ပိုင် မြေဧကအဖြစ် သိမ်းယူထားသည့် ကျေးရွာများမှာ ဘော်မြင့်ရွာ၊ မကြီးပင်ပုရွာ၊ ဝါရီကုန်းရွာ၊ ကျွဲခြံရွာ၊ နတ်ရွာ အစရှိသည့် ၁၃ရွာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်ထောင်စဉ်ကပင် တောင်ယာမြေများကို တောင်သူများထံမှ သိမ်းယူခဲ့ကြောင်း တောင်သူတွေက
ပြောခဲ့သည်။
အဆိုပါ မြေယာသိမ်းယူသည့် ကိစ္စနှင့် ပတ်သတ်၍ မြေယာအကျိုးတော်ဆောင် ဦးသန်းလွင်ဦးက "မြန်မာနိုင်ငံမှာ
မြေယာဥပဒေနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံ ဥပဒေမှာကိုက မှားနေတာ။ ရှိသမျှမြေကို နိုင်ငံပိုင်တယ်လို့ ဆိုထားတယ်။ အဲဒါကြောင့် ပြည်သူအများစု မြေသိမ်းတဲ့ ပြဿနာနဲ့ ရင်ဆိုင် နေရတာ။ အဲဒီအချက်ကို ပြင်ပြီးမှ မြေယာကိစ္စတွေ
အေးနိုင်မယ် " ဟုပြောကြားခဲ့သည်။

ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို KIO မှ ကြိုဆိုမည်
ချင်းမိုင်(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူများအား ကြိုဆိုရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကော်မတီအဖွဲ့တခုကို ယနေ့ သောကြာနေ့တွင် ဖွဲ့စည်းလိုက်သည် ဟု ကော်မတီခေါင်းဆောင်တဦးဖြစ်သူ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
၎င်းကော်မတီအဖွဲ့ကို KIO စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး တာဝန်ခံ ဦးဒွဲပီဆားနှင့် ဗိုလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတို့ နှစ်ဦးအား ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်ပေါင်း ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း
ဖြစ်သည်။
"အစည်းအဝေးက သူတို့ ရောက်ခဲ့တယ်ဆိုရင် အဆင်သင့် လုပ်ထားတဲ့ သဘောပါ။ ကော်မတီ ဖွဲ့ထားတယ်။ သူတို့
ရောက်လာရင် ကြိုဆိုမယ်။ လက်ခံစကားပြောမယ်။ တည်းခိုမဲ့နေရာ ပြမယ်။ တခြားတော့ သူတို့ ဖြစ်ချင်တာတွေ ဆက်လုပ်သွားမယ်။ အလုပ်ခွဲဝေထားတာပါဘဲ"ဟု ဦးဒွဲပီဆားက ပြောသည်။
KIO အနေဖြင့် အိမ်ရှင်အနေဖြင့် ဧည့်သည်အား ကြိုဆိုရန် တာဝန်ရှိသဖြင့် လက်ခံ ကြိုဆိုမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။
"ကျနော်တို့ကတော့ လမ်းလျှောက်လာပြီဆိုတော့ ရောက်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ မြန်မာအစိုးရစစ်တပ်က လမ်းတွေ ပိတ်ထား၊ မိုင်းတွေ ထောင်ထားတယ်ဆိုတော့ သူတို့ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ သူတို့ ရောက်ရင် လိုအပ်တဲ့ အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ထားတယ်"ဟု သူက မဇ္စျိမကို
ပြောသည်။
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ရောက်ရှိနေသော မန္တလေးနှင့် မြင်းခြံတို့မှ လမ်းလျှောက်လာသူ လူငယ်အဖွဲ့သည် မနက်ဖြန် ညနေပိုင်းတွင် လိုင်ဇာမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း လမ်းလျှောက်သူများမှ
ခေါင်းဆောင်ဖြစ်သူ ကိုသန့်ဇင်က ပြောသည်။
ယမန်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်အား ခေါ်ယူ၍ လိုင်ဇာလမ်းတလျှောက် လုံခြုံရေးအခြေအနေများကို ရှင်းပြပြောဆိုခဲ့သည်ဟု ကိုသန့်ဇင်က
ပြောသည်။
"ဗျူဟာမှူးက လမ်းအခြေအနေ ရှင်းပြခိုင်းလို့ပါ ဆိုပြီးတော့ ကျနော်ကိုခေါ်တွေ့တယ်။ လမ်းမိုင်း အနေအထားတွေနဲ့ လုံခြုံမှု အားနည်းတယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြတယ်။ ကျနော်တို့ တားတာ မဟုတ်ပါဘူး။ လမ်းက နယ်မြေ အနေအထားအရ လုံခြုံမှု အားနည်းတယ်။ သူ့ဘက် ကိုယ့်ဘက် ထောင်ထားတဲ့ မိုင်းတွေ ရှိတယ်။ အဲဒါလေးတွေ ရှင်းပြတာပါ။ မသွားပါနဲ့လို့လည်း မတားဘူးလို့ ပြောတယ်"ဟု ကိုသန့်ဇင်က ပြောသည်။
ငြိမ်းချမ်းရေး ရလိုကြောင်း ပြသလိုခြင်း ဖြစ်၍ မိုင်းရှိသော်လည်း မနက်ဖြန်တွင် လိုင်ဇာမြို့သို့ ထွက်ခွာမည်
ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။ ထိုအဖွဲ့တွင် သံဃာ ၉ ပါးနှင့် လူ ပေါင်း ၄၅ ဦးရှိ လိုက်ပါလာသည်ဟု သိရသည်။
၎င်းတို့အဖွဲ့သည် KIO တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့ လိုလားသော ငြိမ်းချမ်းရေးသဘောထားကို ရှင်းပြပြီး KIO ၏ သဘောထားများကို နားထောင်သွားမည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။
ထို့ပြင် လိုင်ဇာမြို့သို့ ရောက်ရှိပါက စစ်ပြေးဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည်များ အတွက် လမ်းတလျှောက် ပြည်သူများ လှူဒါန်းခဲ့သော် အလှူငွေ ၁၄၈ သိန်းကျော်အား ပေးအပ်လှူဒါန်းသွား မည် ဖြစ်ကြောင်း ကိုသန့်ဇင်က ပြောသည်။
ယင်းအဖွဲ့သည် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ ကက်သလစ်ဘုရားကျောင်းတွင် တည်းခိုနေပြီး ယင်းဒေသရှိ ပြည်သူ များသည်လည်း စစ်ပြေးဒုက္ခစခန်းတွင် မနေရသော်လည်း စစ်ပြေးဒဏ်ကို ခံစားနေရသည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။
လတ်တလော ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ဆေးရုံတွင် တာဝန်ကျ ဆရာဝန် မရှိခြင်းကြောင့် လူနာများ မရှိသဖြင့် အစိုးရ စစ်တပ်ဖွဲ့များက ဆေးရုံဝင်းအတွင်း အခြေချ နေထိုင်နေသည်ဟု ဒေသခံများထံမှ သိရသည်ဟု ဆိုသည်။
ထို့ပြင် ယမန်နှစ် အောင်တိုဘာလမှ စတင်၍ ဒေါ့ဖုန်းယန်မြို့ အထက်တန်းကျောင်းတွင် တောင်ကျချောင်းတခုမှ သွယ်တန်းယူထားသော ပိုက်လိုင်းတွင် ရေမလာတော့သဖြင့် သောက်သုံးရေ ပြတ်လတ်မှုများ ကြုံတွေ့နေရသည်
မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ပြန်လည် ပြင်ဆင်မည်ဟုဆိုသော်လည်း မိုင်းကွင်းများ ရှိသည်ဟုဆိုသဖြင့်
ရေပိုက်လိုင်း ပြင်ဆင်ရန် မဖြစ်နိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့မှ လိုင်ဇာမြို့ထိ လမ်းလျှောက်လာသူ လူ ၁၀၀ ကျော်ပါ အဖွဲ့က ယနေ့ သောကြာနေ့တွင် မရန်းကျေးရွာတွင် ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန် စနေနေ့တွင် ရှဒေါင်ကျေးရွာတွင် ရပ်နားမည် ဖြစ်သလို၊ တနင်္ဂနွေနေ့တွင် ပမ္မတီးကျေးရွာတွင် ရောက်ရှိကြမည် ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့မှ ကိုဝင်းချိုက ပြောသည်။
လာမည့် မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ထိုမှ နှစ်ဖက် အာဏာပိုင် အဖွဲ့အစည်း များနှင့် ညှိနှိုင်းမှုများ လိုင်ဇာမြို့သို့ ဆက်လက် ဆက်သွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

အိန္ဒိယဆေးဝါး ရွှေတြိဂံသို့ ပို့၊ စိတ်ကြွဆေးအဖြစ် ပြန်လာဟု မဏိပူရ သတင်းစာဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ဆူဒိုအဖက်ဒရင်း ဆေးပြားများသည် မဏိပူရပြည်နယ်ကို
ဖြတ်သန်းကာ မြန်မာနိုင်ငံ ရွှေတြိဂံဒေသသို့ သယ်ဆောင်ကြပြီးနောက် စိတ်ကြွဆေးအဖြစ် မဏိပူရသို့ ပြန်လည် ဝင်ရောက်လာကြောင်း ပြည်နယ်ထုတ် Sangai Express သတင်းစာက ရေးသားသည်။
မဏိပူရပြည်နယ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် လမ်းကြောင်း ၁၄ ခုရှိပြီး ထို လမ်းကြောင်းများကို ထိထိရောက်ရောက် ကြပ်မတ် စစ်ဆေးရန် လိုကြောင်း ပြည်နယ် ဥပဒေပြုအမတ် Dr I Ibohalbi က တိုက်တွန်းသည်။
ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သူများက အဖီတမင်းအာနိသင်ပါ ဆေးပြားများကို ဆေးကဒ်အခွံများ ခွါ၍ အမှုန့်ပြုလုပ်ကာ မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်ကြခြင်း ဖြစ်သည်။
အဖီတမင်း အာနိသင်ပါ ဆေးတောင့်များ ထုတ်ယူထားသည့် ဆေးကဒ်အခွံ အများအပြားကို လမ်းဘေး အင်ဖားမြို့ အမှိုက်ပုံးများ၊ ရေမြောင်းများအတွင်း စွန့်ပစ်ထားတာ တွေ့ရှိရပြီး အလားတူ ဆေးကဒ်အခွံများနှင့် ဆေးမှုန့်များကို တမူးမြို့နယ်စပ် မိုးရေးမြို့တွင်လည်း ရှာဖွေတွေ့ရှိကြောင်း ဆက်လက် ဖော်ပြသည်။
ပြည်နယ်အတွင်းရှိ မူးယစ်ရာဇာများက အဆိုပါဆေးတောင့်များကို အမှူန့်ပြုလုပ်ကာ ပုံဖျက်တင်ပို့ခြင်းနှင့်
ဆေးကဒ်များ ထဲမှ ဆေးတောင့်များခွါပေးရန် အခြားသူများအား အခပေး၍ ငှားရမ်း အသုံးချကြောင်း သတင်းက ဖော်ပြသည်။
တခါတရံတွင် အဆိုပါ ဆေးများကို မိုးရေးမြို့သို့ အမြန်ကုန်ပို့စနစ်ဖြင့်လည်း ပေးပို့ပြီး ပို့ကြသူများသည် အစိုးရ အရာရှိကြီးများ လိပ်စာများကို အသုံးပြုကာ ၎င်းတို့ ပိုင်ဆိုင်သယောင် လှည့်ဖြားသယ်ယူကြောင်း ရှင်းလင်းထားသည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီးတဦးအား နယ်စပ်အနီးတွင် ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူ ပြည်နယ် အရာရှိကြီးများအား ပြစ်မှုထင်ရှား ပါက ဗဟိုစုံစမ်း စစ်ဆေးရေး ဌာန(CBI)သို့ လွဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မဏိပူရပြည်နယ်သည် မူးယစ်ဆေးကုန်ကူးရာ လမ်းကြောင်းဖြစ်လာနေကြောင်း နှင့် စစ်ဘက်၊ အရပ်ဘက် အရာရှိကြီးများ မူးယစ်ဆေးဝါးမှောင်ခိုရာတွင် ပါဝင်ပတ်သက်မှုများ ရှိကြောင်းလည်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး က ဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက် အခြမ်း မဏိပူရပြည်နယ်၊ ချန်ဒယ် ခရိုင်တွင် ဘိန်းခင်း ဧက ၁၀၆ ဧက၊ တန်းဖိုးအားဖြင့် ဒေါ်လာ ၁၀ သိန်း ၆ သောင်းခန့်အား ပြည်နယ်ရဲ တပ်ဖွဲ့က ဖျက်ဆီးပစ်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကီလိုမီတာ ၅၀ ခန့် အကွာရှိ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်၊ ဆဂျီ သန်ပက် (Sajik Tampak) ဧရိယာအတွင်း၌ အမေရိကန် ဒေါ်လာ ၃ သိန်းခွဲခန့် တန်ဖိုးရှိ ဘိန်းခင်းများအား အာသံရိုင်ဖယ် တပ်နှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြသည်။
နယ်စပ်ရှိ တမူး-မိုးရေး- အင်ဖား လမ်းကြောင်းတွင် မကြာခဏဆိုသလို အိန္ဒိယနိုင်ငံ ထုတ် အက်ဖီတမင်း အာနိသင်ပါ ဆေးပြားများ ဖမ်းဆီးရမိလေ့ရှိသည်။

Friday, March 8, 2013
ရွှေတိဂုံ၌ အသံဖြင့် ပူဇော်နိုင်သည့် ငြိမ်းချမ်းရေးခေါင်းလောင်း ထပ်တိုးလာ
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကျပ်သိန်း (၂၂၀၀)ကျော် တန်ဖိုးရှိ ခေါင်းလောင်းတစ်လုံးအားအမေရိကန် အခြေပြု ဗုဒ္ဒဘာသာအဖွဲ့တစ်ဖွဲ့မှ မတ်လ(၉)ရက်နေ့တွင် လှူဒါန်းသွားမည်ဖြစ်သည်။
အလှူရှင်အဖွဲ့မှာ Light of Buddha Dhama Foundation International အဖွဲ့ဖြစ်ပြီး အမေရိကန် နိုင်ငံအနေဖြင့် လှူဒါန်းခြင်းမဟုတ်ဘဲ ဗုဒ္ဒဘာသာအဖွဲ့ အနေဖြင့်သာ လှူဒါန်းခြင်းဖြစ်သည်။
အရွယ်ကောင်းကလေးသူငယ်များ တရုတ်နှင့် ထိုင်းသို့ လူကုန်ကူးခံနေရ
လူကုန်ကူးခံရသူများတွင် အမျိုးသမီးငယ်များသည် အဓိကပစ်မှတ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အရွယ်ကောင်း အမျိုးသားများသည်လည်း လူကုန်ကူးခံရမှုများပြားလာကြောင်းကို လူထုအခြေပြု အဖွဲ့အစည်းများမှ သိရသည်။
တရုတ်ပြည်ဘက်သို့ လူကုန်ကူးခံရသူများတွင် အမျိုးသမီးများမှာအဓိကဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူး ခံရသူများတွင် အမျိုးသားများမှာ အဓိကဖြစ်ကြောင်း Human Rights Education Institute of Burmaမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။
ဘင်္ဂလီအရေး ပွင့်လင်းမြင်သာမှုရှိရန် ဦးဆောင်တောင်းဆိုသူများ တရားစွဲခံရမည်
ရခိုင်နှင့် ဘင်္ဂလီ နှစ်ဘက်ပဋိပက္ခဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဘင်္ဂလီအရေးကို ကိုင်တွယ်ဖြေရှင်းရာ၌ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။
အဆိုပါ တောင်းဆိုမှုများ၌ ဦးဆောင်ခဲ့သူနှစ်ဦးဖြစ်သည့် ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးအား ယမန်နေ့ညပိုင်းက ခေတ္တခေါ်ယူ စစ်ဆေးကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ခွင့်ပြုချက်မရပဲ ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ပြည်နယ်အစိုးရမှ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်တွေဒေသခံများထံက သိရသည်။
ကိုယ့်အသားကို ပြန်စားသော ရောဂါ - LNS
Lesch-Nyhan syndrome (LNS) အမည်ရ ရောဂါဟာ အင်မတန် ကြောက်စရာ ကောင်းတဲ့ ရောဂါ ဖြစ်ပါတယ်။ တကယ်ပဲ ကိုယ့်အသားကိုယ်ပြန်စားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေကတော့ ကိုယ့်ကိုယ်ကို ပြန်သက်သေခြင်း ဖြစ်ပါတယ်။
ပုဒ်မ ၁၄၄ သက်တမ်းတိုး ထုတ်ပြန်လိုက်သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်းရှိ တောင် ၂ တောင် သိမ်းပွဲကို မတ်လ ၇ ရက်နေ့ညတွင် တောင်သူအင်အား ၁ ထောင်နီးပါးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရ
ပုဒ်မ ၁၄၄ သက်တမ်းတိုး ထုတ်ပြန်လိုက်သော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်းရှိ လိပ်ခွံတောင်နှင့် အင်ကြင်းတောင် တောင် ၂ လုံးကို ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်ည အကြမ်းဖက်ဖြိုခွင်းမှုအပြီး ပထမဆုံးအကြိမ်အဖြစ် တောင်သိမ်းပွဲကို မတ်လ ၇ ရက် ည ၇ နာရီ ဝန်းကျင်တွင် တောင်သူအင်အား ၁ ထောင်နီးပါးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် မြင်ကွင်း
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာမွေမြို့နယ်တွင် အငှားယာဉ်တစ်စီး ခုံးတံတား သံဘောင်အား ဝင်တိုက်မိရာ နှစ်ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ တာမွေလေးခုံးကျော်တံတားတွင် မတ်လ ၇ ရက် နံနက် ၅ နာရီဝန်းကျင်က အငှားယာဉ်တစ်စီး ခုံးတံတားသံဘောင်အား ဝင်တိုက်မိရာ နှစ်ဦးဒဏ်ရရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦး ဒဏ်ရာရရှိ

ယာဉ်တိုက်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းဆုံ မီးပွိုင့်တွင် မတ်လ ၈ ရက်၊ နံနက် ၁ နာရီခွဲ ၀န်းကျင်ခန့်က အငှားယာဉ်နှင့် လိုက်ထရပ်ယာဉ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း အနောက်ဘက်မှ အရှေ့ဘက်သို့ ဦးတည်လာသည့် လိုက်ထရပ်ယာဉ် ယာဉ်အမှတ် ၈စ/____နှင့် သိမ်ဖြူလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်သို့ ကွေ့မည့် အငှားယာဉ် ယာဉ်အမှတ် ၆ဃ/____ တို့ မီးပွိုင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန် ပါဝင်
၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူ အရေအတွက်မှာ စံချိန်တင် များပြားခဲ့ကြောင်း၊ အရေအတွက်မှာ ၂၅၉ ဦးဖြစ်ပြီး ၅၀ မှာ အဖွဲ့အစည်းများဖြစ်ကြောင်း နိုဗယ်ဆုဌာနက မတ် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အမည်စာရင်း တင်သွင်းခံရသူများထဲတွင် သမ္မတဦးသိန်းစိန်လည်း ပါဝင်ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အမည်စာရင်း တင်သွင်းခံရသူများထဲတွင် ပါကစ္စတန်နိုင်ငံမှ တာလီဘန်များ၏ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည့် မိန်းကလေးများ၊ ပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ ကိုလံဘီယာသမ္မ Juan ManuelSantos၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ပါဝင်သည်။
နိုဗယ်ဆုကော်မတီ အနေဖြင့် အမည်စာရင်း တင်သွင်းခံရသူများ၏ စာရင်းကို ထုတ်ပြန်လေ့မရှိကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ အနေနှင့် အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိကြောင်း သိရသည်။ ယခင်နိုဗယ်ဆု အမည်စာရင်း စံချိန်တင် အရေအတွက် ၂၄၁ ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)