Thursday, July 26, 2012

ကျူးကျော် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ထောင်ဒဏ် ချမှတ်

မြန်မာ အစိုးရ စစ်တပ်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၉၂ ဦးကို တနင်္လာနေ့က ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသားများကို ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက လူဝင်မှု ကြီးကြပ်ရေး(လ၀က)နှင့် သစ်တော ဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် အမိန့်ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ်မှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသော တရားမ၀င် ၀င်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့ (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ် မှ)

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့  နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)

ကချင်စစ်ပြေးဒုက္ခသည် ကလေးအများစု စာသင်ခွင့် မရသေး

လိုင်ဇာရှိ ကျောင်းတကျောင်းမှ မူလတန်း ကလေးငယ်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
ယခုအချိန်ထိ ကချင်စစ်ပြေး ဒုက္ခသည်စခန်းတချို့ တွင် နေထိုင်သည့် ကလေးငယ်အများစုမှာ စာသင်ခွင့် မရသေးကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတရုံးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဓာတ်ပုံ ချိတ်ဆွဲနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အခြေခံ ကျဆုံးသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်သူများက
စိတ်တိုင်းကျ မဲပေးရွေးချယ်၍ ခန့်အပ်ခံရသော အုပ်ချုပ်ရေးမှူးများသည် လစာ ကျပ် ၇ သောင်း ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ – ဧရာဝတီ)

ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို

ဇူလိုင် ၁၆ ရက်နေ့ လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြောဆိုလိုက်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ထိုင်းအစိုးရနှင့်ညှိနှိုင်းရန်အကြံပြုချက်များကိုဝန်ကြီးဦးအောင်ကြည်လက်ခံ

နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းလိုက်ပါခဲ့သော အလုပ်သမားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ NGO အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်။        ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်နေသော အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၌ အချိန် (၁) နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု MAP ဖောင်ဒေးရှင်းမှ မမိုင်က ယခုလို ပြောသည်။       

ခင်ဦးမြို့နယ်သဇင်စံပြကျေးရွာက၀ါစိုက်တောင်သူများ ချေးငွေကိစ္စအခက်အခဲရှိနေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဇင်စံပြကျေးရွာတွင် ၀ါစေ့စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးဘဏ်မှ ၂၀၁၂ ခုနှစ်အတွက်စိုက်စရိတ်ချေးငွေရရှိရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံတောင်သူများကဆိုသည်။

မန္တလေးနည်းပညာတက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားများ ဆိုင်ကယ်ပေါင်နှံမှု မြင့်မားနေ

နယ်မှလာသောတက္ကသိုလ်ကျောင်းသားအများစုမှာ ၄င်းတို့စီးနင်းနေသော ဆိုင်ကယ်များအားတက္ကသိုလ်များအနီးဖွင့်လှစ်ထားသော  အပေါင်ဆိုင်များ၌ အတိုးနှုန်းကြီးမြင့်စွာဖြင့် ပေါင်နှံမှုမှာ ယခင်နှစ်များကထက် ပိုမြင့် တက်လာကြောင်း မန္တလေး တက္ကသိုလ်ကျောင်းသား အသိုင်းအ၀ိုင်းက သိရသည်။     

မန္တလေး လမ်းပန်း/၀န်ကြီးနှင့် ကော်မတီဝင်များအား တရားစွဲမည်ဟုဆိုသည့် ပြည်သူ့ဒီမိုကရေစ်ီ်ပါတီဥက္ကဌ

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့် ယ.က.က ကော်မတီဝင်များ အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီမှ ဥက္ကဌဒေါက်တာသန်းထိုက်ဦးက မြစ်မခသို့ အသိပေးပြောကြားလိုက်သည်။     မန္တလေး ယ.က.က(မြို့တွင်း) (အဝေး) (ကုန်တင်ခေါက်တို)တို့အား လမ်းမကြီးများပေါ်တွင် အခွန် ကောက်ခံပိုင်ခွင့်မရှိပဲ အခွန်ကောက်ခံရန် ၀န်ကြီးဦးကျော်ဆန်းမှ လမ်းညွှန်ခွင့်ပြုခဲ့သောကြောင့် ဖြစ်သည်ဟု သိရသည်။ 

ဝမ်းတွင်းမြို့နယ်မှတောင်သူများ ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ


 
မိထ္တီလာခရိုင် ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ရွာတွင် ကောင်းကင်ကုမ္ပဏီကသက်ဆိုင်ရာမှဖြေရှင်းပေးမှုကို မစောင့်ပဲဆောင်ရွက်နေ မှုကြောင့်  ဒေသခံလယ်သမားများကထွန်တုံးတိုက်ပွဲအား အသေခံ၍ ဆက်လက်ဆင်နွဲနေကြောင်း တောင်သူများထံက သိရသည်။   

အဆင့်မြင့်ဈေးအဖြစ်အသွင်ပြောင်းတော့မည့် တာမွေရာပြည့်ဈေး

တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ယခုနှစ်မိုးအကုန်ပွင့်လင်းရာသီတွင်အကောင်အထည်   ဖော်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)ကသိရှိရသည်။

Export ဈေးကွက် ကျဆင်းနေချိန် ပြည်တွင်း၌ ဆန်ဈေးမြင့်

  အမြင့်ဈေးဖြင့်တည်ငြိမ်နေသော်လည်း ပြည်ပ Export ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်ကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းက သိရှိရသည်။     ဇူလိုင်လကုန်ပိုင်းတွင် ဘုရင့်နောင်ဆန်ဈေးကွက်မှ ဆန်Export တင်ပို့ခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံသို့ အဓိကတင်ပို့ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ဆန်ကြမ်းဝယ်ယူမှုများပြားခဲ့ကြောင်း သိရသည်။     ပြည်တွင်းဆန်ဈေးကွက်တွင်း Export သဘောင်္များ ၀င်ရောက်မှုမရှိတော့ခြင်းကြောင့် ဆန်ဈေးနူန်းများ အမြင့်ဈေးဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။ 
 

ပစ်သတ်ခံရသည့် အလုပ်သမား အသုဘပို့အပြန် ထိုင်းရဲက ထပ်မံဖမ်းဆီး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမားမှ ဇူလိုင်လ ၂၄ ရက်နေ့ ညက လာရောက် ပစ်ခတ်ခဲ့သည်၍ အလုပ်သမား နှစ်ဦး သေဆုံးခဲ့ရသည်ဟု စက်ရုံ အလုပ်သမားတဦး ဖြစ်သည့် ကိုထွန်း က ပြောသည်။

OIE မှ ခွာနာလျှာနာ ကာကွယ်ဆေး အကူအညီပေးမည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကမ္ဘာ့ တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) မှ ခွာနာလျှာနာ ရောဂါ ကာကွယ်ရေးအတွက်
မြန်မာနိုင်ငံသို့ ဆေးအလုံးရေ ငါးသိန်း အကူအညီပေးရန်ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။