Saturday, May 5, 2012
(၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန် အား မုဒိမ်းကျင့် သတ်ဖြတ်မှု
(၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန် အား မုဒိမ်းကျင့်၍ ဒဏ်ရာများဖြင့်
ရေးမြို့ နယ်၊ လမိုင်းမြို့ နယ်ခွဲ၊ မော့ကနင်းကျေးရွာ ခလရ (၁၀၆)
တပ်ရင်းအရာရှိလိုင်းခန်းအဆောင် ထဲတွင် မေသင်္ကြန်အလောင်းအားတွေ့ သည့်ကိစ္စ။
Myanmar News Now
လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို
့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်
ဘက်ခြမ်းနှင့်လမ်းသွယ်များတွင်စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့်
အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ် များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့်
ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေကြောင်း
သိရပါသည်။
ဘက်ခြမ်းနှင့်လမ်းသွယ်များတွင်စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့်
အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်
ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေကြောင်း
သိရပါသည်။
လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဂျာမဏ်ီနိုင်ငံသိုလေ့လာရေးခရီး
ရန်ကုန်၊ မေ ၅ ရက်
လွှတ်တော်ကိုယ်စားလှယ် ၇ ဦးသည် Friedrich Naumann Foundation ၏ဖိတ်ခေါ်မှုအရ ဂျာမဏ်ီနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့သည်။
ဂျာမဏ်ီအခြေစိုက် ၎င်းဖောင်ဒေးရှင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေးနှင့် ဦးမင်းဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းဦး၊ ဦးဝင်းသန့် နှင့် ဦးအေးမောင်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဒေါက်တာအေးမောင်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းအိုက်ပေါင်တို့ကို လေ့လာရေးအတွက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ ဂျာမဏီနိုင်ငံရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တွေကိုလေ့လာကြမယ်။ လေ့လာရေးခရီးကတော့ သူတို့တွေစီစဉ်တဲ့ Schdule အတိုင်းပဲ”ဟုဒေါက်တာအေးမောင်ကပြောသည်။
ယင်းလ့လာရေးခရီးစဉ်မှာ ၉ ရက် ကြာမြင့်မည်ဖြစ်သည်။
Popular Myanmar News Journal

ဒလမြို့နယ်တွင် တစ်နေ့လျင် သောက်သုံးရေ ဂါလံ(၅)သိန်း လိုအပ်နေ
မေ(၅)ရက်၊၂၀၁၂ခုနှစ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် သောက်သုံးရေရှားပါးမှုပြသာနာကြောင့် တစ်နေ့လျှင်ရေဂါလံပမာဏ (၅)သိန်းဝန်းကျင်ခန့် လိုအပ်လျှက်ရှိခြင်းကြောင့် လှူဒါန်းသူများရှိသော်လည်း လိုအပ်ချက်မပြည့်မီသေးကြောင်း ဒေသခံများကဆိုသည်။

မရမ်းကုန်းမြို့နယ်မှ အနုပညာရှင်များ၏ ပြည်သူ့ကိုယ်စားအသံများ
ရှု့မ၀အောင်(မြစ်မခ)
မေ(၅)ရက်၊၂၀၁၂ခုနှစ်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်ထံသို့ မိမိတို့မြို့နယ်ရှိ ပြည်သူများခံစားကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သော နာမည်ကျော်အနုပညာရှင်များက ပြည်သူများကိုယ်စား ယခုလို ပြောဆိုခဲ့ကြသည်။

မရမ်းကုန်းဒီချုပ်၏ ပညာရေးဖွံ့ဖြိုးတိုးတတ်မှုအစီအစဉ် စတင်
မေ(၅)ရက်၊၂၀၁၂ခုနှစ်။
ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားသော ပညာရေးနှင့်ကျန်းမာရေးဖွံ့ဖြိုးတိုးတတ်မှု အစီအစဉ် များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မရမ်းကုန်းမြို့နယ်အတွင်းတွင် စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ပုဒ်မ-၁၇(၁) အမှုများ ပိုမိုများပြားလာ
မေ(၅)ရက်၊၂၀၁၂ခုနှစ်။
ကချင်ပြည်နယ်အတွင်းတွင် ဦးသိန်းစိန်အစိုးရတတ်လာသည့်နောက်ပိုင်း မတရားအသင်းနှင့် ဆက်သွယ် နေသည့်အမှု ပုဒ်မ၁၇(၁) အမှုပေါင်း(၂၆)ခုအထိ ရှိနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်တရားရုံးက သိရသည်။

တိုင်းသာသနာရေးဝန်ကြီးက ကံဘဲ့ရှိ စန္ဒီမယ်တော်မီးနင်းပွဲအား ဆက်လက်ကျင်းပခွင့်ပြု
မေ (၅)ရက် ၊ ရန်ကုန်မြို့။
ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းရှိ စရီပေရီယနာယဂီအမ္မာန်(စန္ဒီမယ်တော်ကြီး)မီးနင်းပွဲအား သတ်မှတ်ရက်အတွင်း ဆက်လက်ကျင်းပရန်နှင့် အနီးအနားရှိ ဈေးဆိုင်ခန်း (၁၆)ခန်းကို ဖျက်သိမ်းခြင်းမပြုလုပ်ရန် ရန်ကုန်တိုင်းသာ သနာရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

သံသယများနှင့် ပြည့်နေသော ထားဝယ်စီမံကိန်း
ထိုင်းနိုင်ငံသည် ၎င်းပိုင် အက်ဒမန်ကမ်းရိုးတန်းတွင် ဆိပ်ကမ်းတခု တည်ဆောက်တော့မည့် အစီအစဉ်သစ်တခု ရေးဆွဲနေသည်ဟု ကြားသိရသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်း ထားဝယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့် အကြီးစားစက်မှုဇုန်တခု ဖန်တီးရေးအိမ်မက်ကို အဆုံးသတ်တော့မည်ဟု အရိပ်အမြွက် ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
မြောက်ကိုရီးယားဦးတည်ချက်မှန်ရင် အမေရိကန်ဆက်ဆံမည်
မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ အခုလုပ်ဆောင်နေတဲ့ ဦးတည်ချက်ကို
ပြောင်းလဲခြင်း၊ မြောက် ကိုရီးယား ပြည်သူလူထုအတွက် ဦးစားပေးခြင်းတွေကို
လုပ်ဆောင်မှသာလျှင် အမေရိကန် ပြည်ထောင်စု က မြောက်ကိုးရီးယားနဲ့
သံတမန်ရေးအရ ထိတွေ့ဆက်ဆံလိုတယ် လို့ ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hilary Clinton) က
မေလလေးရက်နေ့က ပြောဆို လိုက်ပါတယ်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်များ ဂျာမဏီ လေ့လာရေးခရီး စတင်

ကမ္ဘာ့ အမျိုးသမီးရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Melanne Verveer မြန်မာနိုင်ငံကို သွားမည်

Subscribe to:
Posts (Atom)