Monday, December 3, 2012

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိ


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။
“ သူတို့ကို ပင်လယ်ထဲက ရေကူးလာပြီး လယ်တဲ တစ်ခုမှာ နားနေစဉ် ရွာသားတွေက ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ သူတို့က ရခိုင်စကားလည်း မပြောတတ်ဘူး။ ကုလားစကား တတ်တဲ့ သူတစ်ယောက်က မေးကြည့်တော့ ဘင်္ဂလာနိုင်ငံ တက်ကနက်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ ရွာသား အခြေအနေ စိုးရိမ်နေရေ


ဘင်္ဂလီ ရွာသား တချို့၏ ၀ိုင်းဝန်း ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ  ဦးမောင်သိန်းနု၏ အခြေအနေမှာ စိုးရိမ်နေရသော အခြေအနေတွင် ရှိနေကြောင်း ဆေးရုံကို ကိုယ်တိုင် သွားကြည့်ခဲ့သူ ကိုရာကျော်က ပြောသည်

ဖမ်းဆီးခံထားရသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၂ ဦးကို မြန်မာက ဘင်္ဂလာဒေခ်ျ့သို့ ယမန်နေ့က တရားဝင် လွှဲပြောင်း ပေးအပ်




ဖမ်းဆီးခံထားရသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၂ ဦးကို မြန်မာက ဘင်္ဂလာဒေခ်ျ့သို့ ယမန်နေ့က တရားဝင် လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။
မောင်တောမြို့ ဒေ၀ါနဒီ ခန်းမတွင်ပြု လုပ်ခဲ့သည့် နှစ်ဘက် နယ်ခြားစောင့် တပ်ဖွဲ့၏  ဆွေးနွေးပွဲ အပြီးတွင် ထိုသူများကို ဘင်္ဂလာဘက်သို့ လွဲပြောင်းပေး လိုက်သည်ဟု ဆိုသည်။

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် CNFက ပြည်ထောင်စုအဆင့် ဆွေးနွေးမည်


ချင်းအမျိုးသားတပ်ဦးမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုအစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံ၍ ချင်းပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လာမည့် ဒီဇင်ဘာ (၇)ရက် နေနှင့်(၈) ရက်နေ့များတွင် ရန်ကုန်၌   တွေ့ဆုံဆွေးနွေးမည်ဟု ချင်းအမျိုးသားတပ်ဦးမှ သိရသည်။


စစ်တွေမြို့နယ်မှ ဘင်္ဂလီကျုးကျော်နေအိမ်များအား စီစစ်မည်


စစ်တွေမြို့နယ် သဲချောင်း၊ ဒါးပိုင်နှင့်မှန်စီးကျေးရွာ လမ်းတစ်လျောက်ရှိ မိမိတို့ကိုယ်ပိုင်အစီစဉ်ဖြင့် ကျူးကျော်နေထိုင်နေကြသည့် ဘင်္ဂလီ နေအိမ်များအား ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ ဒီဇင်ဘာလ(၂)ရက်နေ့က အသိပေးလိုက်ကြောင်း သိရသည်။

ပုဂံတွင် နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွား



ha-3-12-4
ဂျာမန်နိုင်ငံသား မောင်းနှင်သောကား နိုင်ငံခြားသားတစ်ဦးစီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့စဉ်
ပုဂံမြို့ တောင်ဘီကျေးရွာအနီး မင်းမျော်ရာဇာဘုရား မြောက်ဘက်ကားလမ်းတွင် နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားတစ်ဦးစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းများ စတင်



ha-3-12-3
ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်နေပြီး ဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ရှင်းလင်း


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်နေပြီးဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာလ ၃ ရက်နေ့က ၄င်းတို့ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ဘဝနွံထဲက အကြွေပန်းလေးများ


အချိန်ကား ညသန်းခေါင်ယံ။ ကြယ်များက မှိတ်တုတ် မှိတ်တုတ် လင်းလက် နေသည်မှာ အနက်ရောင် ကတ္တီပါတွင် ရွှေမှုန်ငွေမှုန် များ ပက်ဖျန်း ထားသည့်နှယ် ဖြစ်နေသည်။
ဘဝနွံထဲက အကြွေပန်းလေးများ

ဂျက်လီရဲ့One Foundation အဖွဲ့မှ ရွှေဘို ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြုပြင် ပေးမည်

ဂျက်လီရဲ့One Foundation အဖွဲ့မှ ရွှေဘို  ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြုပြင် ပေးမည်
မင်းသားဂျက်လီ တည်ထောင် ထားသော One Foundation အဖွဲ့မှ သပိတ်ကျင်း၊ စဥ့်ကူး ၊ ကျောက်မြောင်းမြို့နယ် အတွင်း မှ ရွှေဘို ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်း အားရွေးချယ် ၍ပြန်လည်ပြုပြင်ပေးရန် မန္တလေးကောင်စစ် ၀န်ရုံးနှင့် ညှိုနှိုင်းနေကြောင်း သိရသည်။

ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းရွေးချယ်ရာတွင် အထိအခိုက်ပျက်စီးမှုပမာဏ၊ကျောင်းသားဦးရေနှင့်ကျောင်းဧရိယာ တို့ကိုကြည့် ရှု့ရွေးချယ် သွားမည်ဖြစ်ပြီးစာသင်ကျောင်းဆောင်များ အပါအ၀င် ဘက်စုံ အားကစား အဆောက် အအုံများ ပါဝင် ထည့်သွင်း ဆောက်လုပ် လှူဒါန်း သွားမည်ဟုသိရသည်။

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း


နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ် တနင်္ဂနွေနေ့ သည် နာရေးကူညီမှု အသင်း (ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ် အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။

လက်ပံတောင်းတောင် အရေး မြင်းခြံတွင် ဆန္ဒထုတ်ဖော်


မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြင်းခြံမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီ ခွဲမှစ၍ သံဃာတော် အပါး ၅၀ခန့်နှင့် လူတစ်ထောင်ခန့် တို့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ခဲ့သည့် သံဃာတော် များကို ရဲတပ်ဖွဲ့ဝင် များက အကြမ်းဖက် နှိမ်နင်း ခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် ချီတက် ဆန္ဒထုတ်ဖော် လျက် ရှိကြောင်း ယင်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ကိုကြည်ဝင်း က ပြောကြားသည်။
မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ဆန္ဒတော်ပြည့် ဘုရားမှ ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၊ ယင်းမှ တဆင့် အမှတ် (၆)လမ်း ကိုဖြတ်၍ ဆန္ဒတော်ပြည့် ဘုရားတွင် ထိုင်သပိတ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။ ဆန္ဒပြ သူများ ထဲတွင် မြင်းခြံခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များလည်း ပါဝင်သည်။ 

တိုင်ဖွန်းမုန်တိုင်းကြီး BOPHA ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကို ဝင်ရောက် တိုက်ခတ်မည်


ဒီဇင်ဘာလ ၃ ရက် မြန်မာ စံတော်ချိန် နံနကေ် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data များအရ ပစိဖိတ် အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ ဘက်တွင် ဖြစ်ပေါ်လျှက် ရှိသော အားအလွန်ကောင်းသည့် စူပါတိုင်ဖွန်း မုန်တိုင်းကြီး BOPHA(26W) သည် Republic of Palau ကျွန်းနိုင်ငံ၊ MELEKEOK မြို့ တောင်ဘက် မိုင် ၇ဝ ခန့်မှ ကပ်၍ ဖြတ်သန်းပြီးနောက် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားလျော့ကျ သွားကြောင်း တွေ့ရ ပါသည်။

ငလျင်ဒေသ ပြန်လည် ထူထောင်ရန် ကျပ်ငွေ တစ်ဘီလီယံ သံုးစွဲ


ငလျင် လှုပ်ခတ်မှု ကြောင့် ပျက်စီးမှု များစွာ ကြုံတွေ့ ခဲ့ရသော စစ်ကိုင်း တိုင်း ဒေသ ကြီးတွင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ လုပ်ဆောင် ရန် ပြည်ထောင်စု အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ကျပ်ငွေ တစ်ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။