Monday, December 3, 2012

ဂျက်လီရဲ့One Foundation အဖွဲ့မှ ရွှေဘို ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြုပြင် ပေးမည်

ဂျက်လီရဲ့One Foundation အဖွဲ့မှ ရွှေဘို  ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြုပြင် ပေးမည်
မင်းသားဂျက်လီ တည်ထောင် ထားသော One Foundation အဖွဲ့မှ သပိတ်ကျင်း၊ စဥ့်ကူး ၊ ကျောက်မြောင်းမြို့နယ် အတွင်း မှ ရွှေဘို ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်း အားရွေးချယ် ၍ပြန်လည်ပြုပြင်ပေးရန် မန္တလေးကောင်စစ် ၀န်ရုံးနှင့် ညှိုနှိုင်းနေကြောင်း သိရသည်။

ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းရွေးချယ်ရာတွင် အထိအခိုက်ပျက်စီးမှုပမာဏ၊ကျောင်းသားဦးရေနှင့်ကျောင်းဧရိယာ တို့ကိုကြည့် ရှု့ရွေးချယ် သွားမည်ဖြစ်ပြီးစာသင်ကျောင်းဆောင်များ အပါအ၀င် ဘက်စုံ အားကစား အဆောက် အအုံများ ပါဝင် ထည့်သွင်း ဆောက်လုပ် လှူဒါန်း သွားမည်ဟုသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။