လက်ပံတောင်းတောင် ကြေး နီစီမံကိန်း သပိတ် စခန်းများမှ ဒဏ်ရာ ရရှိသူ အချို့မှာ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေးကြောင်း နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဦး ကျော်သူက ပြောသည်။

''ဆေးဝါးကုဖို့လာလှူတာ ကို ကောင်းကောင်းလက်ခံရင်တော့ ကောင်းတာပေါ့။ သံဃာတော်တွေ ရဲ့ အခြေအနေက တော်တော်ဆိုး တယ်လေ။ အချို့ဆိုရင် မျက်လုံး ကွယ်နိုင်မယ့် အခြေအနေရှိတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများ မှ ဒဏ်ရာရရှိသည့် သံဃာတော် များအား သွားရောက် လှူဒါန်းခဲ့ကြ ပြီး ဒီဇင်ဘာ ၁ ရက်နေ့၌ ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ သပိတ်မှောက် သံဃာတော် များအား ယခုကဲ့သို့ ပြုလုပ်ခြင်း အပေါ် ဦးကျော်သူက ''သံဃာ တော်တွေကို ဒီလိုလုပ်လို့ မရဘူး။ ဥပမာ-ရခိုင်ကိစ္စမျိုးလို ကိစ္စဆိုရင် ဘာလို့ ဒီလိုအနေနဲ့ မနှိမ်နင်းတာ လဲ၊ သံဃာတော်တွေကျမှ ဒီလို နှိမ်နင်းတာရော၊ နောက်ပြီး လပြည့်ညကြီးမှာ ဆေးပေါင်းခတဲ့ ညကြီးမှာ ဒီလိုလုပ်တာကတော့ မင်္ဂလာမရှိဘူးပေါ့'' ဟု ပြော သည်။
လက်ရှိအချိန်တွင် မုံရွာဆေး ရုံ၌ သံဃာအပါး ၃၈ ပါး မန္တလေး ဆေးရုံ၌ သံယာ ၂ ပါးနှင့် အခြား ဘုန်းကြီးကျောင်းများ၌ သံဃာအပါး ၆ဝ ခန့် ဆေးကုသ မှု ခံယူလျက်ရှိကြောင်း သိရ သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။