ဒီဇင်ဘာလ ၃ ရက် မြန်မာ စံတော်ချိန် နံနကေ် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data များအရ ပစိဖိတ် အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ ဘက်တွင် ဖြစ်ပေါ်လျှက် ရှိသော အားအလွန်ကောင်းသည့် စူပါတိုင်ဖွန်း မုန်တိုင်းကြီး BOPHA(26W) သည် Republic of Palau ကျွန်းနိုင်ငံ၊ MELEKEOK မြို့ တောင်ဘက် မိုင် ၇ဝ ခန့်မှ ကပ်၍ ဖြတ်သန်းပြီးနောက် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားလျော့ကျ သွားကြောင်း တွေ့ရ ပါသည်။

တိုင်ဖွန်းမုန်တိုင်း BOPHA သည် အနောက်ဘက်သို့ တစ်နာရီ ၁၇ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားနေပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၊ မြို့တော် စီဘူး(CEBU) ၏ အရှေ့တောင်ဘက် မိုင် ၅၈ဝ ခန့်သို့ ရောက်ရှိလာပြီး၊ ဖိလစ်ပိုင်ပင်လယ်အတွင်း ဝင်ရောက်လာပြီဖြစ်ကြောင်း၊ အနောက်ဘက်သို့ လျှင်မြန် စွာရွေ့လျားနေပြီး ဒီဇင်ဘာလ ၄ ရက်(အင်္ဂါနေ့)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် BISLIG-HINATUAN AREA တစ်ဝိုက်၌ ကုန်းတွင်း သို့ ဖြတ်ကျော် ဝင်ရောက် ဘွယ်ရှိကြောင်း ဖိလစ်ပိုင် မိုးလေဝသဌာနမှ သတိပေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။
တိုင်ဖွန်းမုန်တိုင်း BOPHA သည် အချင်း ကီလိုမီတာ ၇၇၅ (မိုင် ၄၈ဝ ခန့်)ရှိပြီး၊ မုန်တိုင်းဗဟိုတွင် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ ၂၆ဝ ကီလိုမီတာ(161 mph) ရှိနေပြီး၊ လာမည့် အင်္ဂါနေ့(မနက်ဖန် အစောပိုင်းတွင်) ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်ဝင်ရောက်ပြီးနာက် တောင်တရုတ်ပင်လယ်သို့ ဒီဇင်ဘာလ ၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲနောက်ပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်ဖြင့် ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။