ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ စနေနေ့က ထုတ်ပြန်လိုက်သည်။
အဖွဲ့ဝင် ၃ဝ ပါ ကော်မရှင်အဖွဲ့မှာ ထိုကြေးနီစီမံကိန်းကြောင့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊
နိုင်ငံတော်အတွက် အကျိုးရှိ/မရှိ စသည်တို့ကို သုံးသပ်အကြံပြု တင်ပြရန်ဖြစ်ပြီး စီမံကိန်း ကန့်ကွက်ဆန္ဒပြရခြင်း အကြောင်းရင်းများအပြင် ဆန္ဒပြ သံဃာတော်များ ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်တို့ကိုလည်း သမ္မတထံ ဒီဇင်္ဘာလ မကုန်မီ အစီရင်ခံရမည်ဖြစ်သည်။

ကော်မရှင်တွင် ယခင်အစိုးရ စွမ်းအင် ဝန်ကြီးဟောင်း ဦးလွန်းသီ၊ ပုလဲနှင့် ဆားလင်းကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအချို့မှ ညွှန်ချုပ်နှင့် ဒု-ညွှန်ချုပ်များ၊ အမျိုးသားဒီမိုကရေစီအင်အားစုနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ၈၈ ကျောင်းသား အဖွဲ့နှင့် ဒေသခံ ရွာသုံးရွာမှ ကိုယ်စားလှယ် ၃ ဦးတိုပလည်း ပါဝင်ဖွဲ့စည်းထားသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို သမ္မတရုံးနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့တို့က ဖြည့်ဆည်းပေးရန် ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။