Wednesday, December 12, 2012

သမ္မတကြီးရဲ့ ပြန်ကြားစာ မုံရွာမြို့ က ဆရာတော်ကြီးများထံ လိုက်လံ ဆက်ကပ်နေ

သမ္မတကြီးရဲ့ ပြန်ကြားစာ မုံရွာမြို့ က ဆရာတော်ကြီးများထံ လိုက်လံ ဆက်ကပ် နေပါတယ်။ သမ္မတက တိုက်ရိုက် အကြောင်းပြန်တာမျိုး မဟုတ်ပဲ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ က သမ္မတရဲ့ ပြန်ကြားချက် အတိုလေးကို ထည့်သွင်း ဖော်ပြပြီး လိုက်လံ ဆက်ကပ် နေတာ ဖြစ်ပါတယ်။ 




ယနေ့ (12-12-2012)နေ့ မွန်းတည့်(၁၂)နာရီအချိန်မှ စတင်ကာ မုံရွာမြို့တွင် ဆရာတော် သံဃာတော် အရှင် သူမြတ်များက ရွှေစည်းခုံ မြတ်စွာဘုရားကြီး မှစုရပ်ပြုလုပ်ပြီး မုံရွာမြို့တွင်းသို့ လှည်လည်ပြီး မေတ္တာပို့ ကာ စီတန်းလှည်လည်နေကြပြီ ဖြစ်ပါသည်။သံဃာအင်အား (၇၀၀)ခန့်ရှိပြီး နောက်မှ လိုက်ပါသည့် မုံရွာမြို့ခံ လူထုမှာ(၁၀၀၀)ကျော်ခန့် ရှိမည်ဖြစ်ပါသည်။ ဓါတ်ပုံ - ThanLarWaddy Times

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။