Wednesday, December 12, 2012

လာမယ့်နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့တွင်း အမှိုက်ပုံးများ ထပ်မံချထားပေးမည်

ရန်ကုန်မြို့တွင်းမှာ အမှိုက်ပုံးများ ထပ်မံချထားပေးမှုကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖို့ရှိတယ်လို့

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

အခုလို ချထားပေးမှုဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ရန်ကုန် မြို့ကို အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာစေဖို့အတွက် နေ့စဉ်အမှိုက်သိမ်းမှုများအပြင် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ဖို့အတွက် အမှိုက်ပုံးအလုံးေ ရ နှစ်ထောင် ကို ထပ်မံချထားပေးမှာ ဖြစ်ပါတယ်။ ဒီလို ချထားပေးရာမှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နမိတ် အတွင်း မြို့နယ် ၃၂မြို့နယ်မှာ လက်ရှိချထားပေးတဲ့နေရာတွေအပြင် အခြားအမှိုက်ပုံးမထားရှိ ရသေးတဲ့နေရာများမှာပါ ထပ်မံချထားပေးသွားမှာဖြစ်ပါတယ်။

 

အဲ့ဒီလိုချထားပေးရာမှာ ၆၆၀ လီတာ ဆံ့အမှိုက်ပုံးအလုံး ၅၀၀ နဲ့  ၂၄၀ လီတာဆံ့ အမှိုက်ပုံးအလုံးရေ တစ်ထောင့်ငါးရာ ကို ချထားပေးသွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အ တွင်း မြို့နယ် ၃၂ မြို့နယ်မှာ ၆၆၀ လီတာဆံ့ အမှိုက်ပုံးနဲ့ ၂၄၀ လီတာဆံ့ အမှိုက်ပုံးစုစုပေါင်း အလုံးနှစ်ထောင်ခန့် ချထားပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။