Wednesday, December 12, 2012

ရန်ကုန်စီးပွားရေးဇုန်အဖြစ် နေရာ ၂ ခုအား သတ်မှတ်လျာထားပြီးဖြစ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့ရဲ့ စီးပွားရေးဇုန်အဖြစ် ပြုလုပ်ဆောင်ရွက်ဖို့ နေရာ ၂ ခုကို

သတ်မှတ်လျာထားပြီးဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုလို စီးပွားရေးဇုန်အဖြစ် သတ်မှတ်ရာမှာလည်း ၈ မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န်ပန်းခြံ၊ မင်းဓမ္မလမ်း MCC ခန်းမနဲ့ ၀ိတိုရိယဆေးရုံအနီးအနားမှာရှိတဲ့ မြေလွတ်နေရာများမှာ ဆောင်ရွက်သွားဖို့အတွက် သတ်မှတ်လျာထားတာဖြစ်ပါတယ်။

 

ဒီလို ဆောင်ရွက်သွားမယ့် စီးပွားရေးဇုန်မှာတော့ အဆင့်မြင့်ရုပ်ရှင်ရုံများ၊ အဆင့်မြင့်ဟိုတယ်များ၊ ကားပါကင်များ၊ စီးပွားရေးအဆောက်အအုံ များ၊ ကုမ္ပဏီရုံးခန်းများ အစရှိသဖြင့် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ စီးပွားရေးဇုန် သတ်မှတ်ဆောင်ရွက်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒီဇိုင်းရေးဆွဲလျက်ရှိပါတယ်။ နောက်ပိုင်းမှာလည်း အဆိုပါ လုပ်ငန်းဆောင်ရွက်ဖို့အတွက်ကို လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။