Wednesday, December 12, 2012

ကော့မှူးဒေသ ဖွံ့ ဖြိုးရေး လုပ်ငန်းများ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာ

အမျိုးသား ဒီိမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း စုကြည် သည် ၂၀၁၂ခု၊ဒီဇင်ဘာလ(၁၁)ရက် နံနက်(၉) နာရီက ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ရောက် ရှိကာ တာဝန်ရှိ သူများနှင့်တွေ့ ဆုံကာ ဒေသတွင်း ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက် ထားခြင်း အခြေ အနေများ ကိုဆွေးနွေးခဲ့သည်။ ထို့နောက် လမ်း၊ တံတားတည်ဆောက်မှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သည်။ ဆက်လက်ပြီး ၀ါးဘလောက်သောက် ကျေးရွာကို သွားရောက်ကာ ဈေးရှေ့ လမ်းခင်းမှု အခြေအနေ၊ တိုက်နယ်ဆေးရုံး အခြေအနေ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ပညာရေး သင်ကြားမှု အခြေအနေများကိုလည်း သွားရောက် မေးမြန်း ဆွေးနွေးခဲ့သည်။

သတင်း - ဓါတ်ပုံ ။ National League for Democracy







No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။