Wednesday, December 12, 2012

၁၂ရက် ၁၂လ ၁၂နာရီ၌ ပြည်မြို့တွင်ဆန္ဒထုတ်ဖော်

ပြည် ၊ ဒီဇင်ဘာ၊၁၂ ။

ပြည်မြို့တွင် ယနေ့နေ့လည် ၁၂နာရီ၌ လူအင်အား တစ်ရာခန့်ဖြင့် လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး အတွက်ဆန္ဒထုတ်ဖော် လျက်ရှိကြောင်း ခေါင်းဆောင်ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက မြန်မာ့ခေတ်သို့ ပြောသည်။

ကျောင်းကြီးရပ်ကွက် တပ်လမ်းမှ မွန်းတည့်၁၂နာရီတွင် စတင်ထွက်ခွာပြီး ခရိုင်တရားရုံး သို့ချီတက် လမ်းလျောက်မည်ဟု သိရသည်။ ထို့နောက် တိုင်းအုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက် ဆန္ဒထုတ်ဖော်ကာ တပ်လမ်းသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော် သူများက ပြောကြားသည်။

ယင်းတို့၏ တောင်းဆိုချက်များမှာ"လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ပေးပါ ၊ ပြည်သူ့အသံ နားထောင်ပေးပါ ၊ ပြည်သူကို လေးစားပါ ။"တို့ဖြစ်ကြောင်း ဆက်လက်သိရသည်။

အောင်သိုက်-The Myanma Age

၁၂ . ၁၂. ၂၀၁၂ ရက် နေ့ လည် ၁ နာရီတွင် မန္တလေး သံဃာများ ဆန္ဒထုတ်ဖော်စဉ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။