Sunday, May 6, 2012

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့အချို့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ မိုးများရွာသွန်းခဲ့ခြင်းကြောင့် ဆားကွင်းများ ပျက်စီးဆုံးရှုံး ခဲ့ရပြီး ဆားကွင်းရှိဆားအချို့မှာ ပြန်လည်အရည်ပျော်ခဲ့ရကြောင်း သိရသည်။ သီးနှံစိုက်ခင်းအချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် အချို့သော သီးနှံစိုက်ခင်းများသည် ရေလောင်းစရာမလိုသည့် အနေအထားသို့ ရောက်ရှိခဲ့ရကြောင်းလည်း ဒေသခံအချို့က ပြောသည်။


''ဆားသမားတချို့တော့ ပျက်သွားတာတွေရှိတယ်။ ဒါပေမယ့် သိပ်တော့ မများဘူးပေါ့။ ရေလောင်းပေးနေရတဲ့ သီးနှံစိုက်ခင်းတွေကျတော့ ကောင်းသွားတာပေါ့။ အဆိုးအကောင်း နှစ်ဖက်လုံးမှာတော့ ရှိခဲ့တယ်။ မိုးကရုတ်တရက် ရွာချလိုက်တော့ တချို့ဆို ပြင်ဆင်ချိန်မရ လိုက်တဲ့အတွက် ပျက်သွားတာမျိုးပါပဲ။ စီးပွားထိခိုက်နိုင်လောက်အောင်တော့ မပျက်ပါဘူး''ဟု လယ်သမားတစ်ဦးက ပြောကြားသည်။

သို့သော်လည်း အမြောက်အများ ပျက်စီးဆုံးရှုံးခြင်း မဟုတ်သည့်အတွက် သက်သာရာရခဲ့ကြကြောင်း သိရသည်။ အချိန်အခါမဟုတ်သည့် မိုးများကြောင့် နှစ်စဉ်အနည်းနှင့်အများ ယင်းသို့ ဆုံးရှုံးရလေ့ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။