Sunday, May 6, 2012

အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပ

အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပ
ကျောင်းသားသမဂ္ဂအဖွဲ့ခွဲတွေ တည်ထောင်ဖို့ ရည်ရွယ်ပြီး အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီက မန္တလေးမြို့ မန္တလေး တက္ကသိုလ်အနီး ဗောဓိကုန်းဘုရားက ကဆုန်ညောင်ရေသွန်းပွဲမှာ ရန်ပုံငွေဈေးရောင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီမှာ အစားအသောက်နဲ့ ဗကသများအဖွဲ့ချုပ် တံဆိပ်ပုံပါ တီရှပ်တွေ ရောင်းချခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်မိုးက အခုလိုပြောပါတယ်။
" ဒီမန္တလေး ဗောဓိကုန်းဘုရားမှာ နှစ်တိုင်းညောင်ရေသွန်းပွဲ ရှိတယ်။ အဲဒီပွဲမှာ အစားအသောက်နဲ့ ဗကသအင်္ကျီပေါ့နော်။ အဲတာကို ကျွန်တော်တို့က လက်မှတ်တစ်စောင်ကို ၅၀၀ နဲ့ရောင်းတယ်။ အမြတ်အစွန်းကတော့ ကျွန်တော်တို့ နှစ်သိန်း လောက်တော့ရမယ်လို့ ထင်ပါတယ်။ ဒီမနက်ကတည်းကနေ စပြီးတော့ ကျောင်းသားသမဂ္ဂ သီချင်းတွေဖွင့်ထားပါတယ်"
အဲဒီ ဈေးရောင်းပွဲက ရတဲ့ ရန်ပုံငွေကို ကျောင်းသားသမဂ္ဂ အဖွဲ့ခွဲတွေ တည်ထောင်ဖို့ ဆောင်ရွက်တဲ့အခါ အသုံးပြုမှာဖြစ်သလို လာမယ့် ဇူလိုင်လ ၇ ရက်နေ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပတဲ့အခါမှာလည်း အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။