Wednesday, May 2, 2012

တက္ကစီယာဉ်ဟောင်းများနေရာတွင် အခွန်လျော့၍ ပုံစံတူယာဉ်သစ်များဖြင့်လဲလှယ်သွားမည်

ပြည်တွင်းရှိ တက္ကစီယာဉ်ဟောင်းများကို ယာဉ်အသစ်များဖြင့် လဲပေးမည်ဖြစ်ပြီး နောင်တွင် ပုံစံတူ ယာဉ်များအဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက စုံစမ်းသိရသည်။
 
နံပါတ်အနီတက္ကစီယာဉ်များနှင့် စင်းလုံးငှားယာဉ်ဟောင်းများအား အစားထိုးယာဉ်အဖြစ် တင်သွင်း ခွင့်ပြု ပြီးသည့် အခါတွင်လည်း   ကောက်ခံသည့်   အခွန်အမျိုးအစားများအား လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 
နောက်ပိုင်းတွင် ပြည်တွင်းရှိ တက္ကစီများအား အဆင့်မြင့် တက္ကစီ အဖြစ် ပုံစံပြောင်းလဲ သွားမည်ဖြစ်ပြီး အရောင် နှင့် ပုံစံများကိုလည်း ပုံစံတူများ ပြုလုပ်သွားရန်အစီစဉ်ရှိကြောင်း သိရသည်။
 
ပြည်တွင်းရှိ  တက္ကစီနှင့် စင်းလုံးငှားယာဉ်ဟောင်းများအား ယာဉ်အသစ်များနှင့်အစားထိုး တင်သွင်းလဲလှယ် ခွင့်များ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
 
“ အဆင့်မြင့် တက္ကစီတွေအဖြစ် ပြောင်းလဲမှာ ဖြစ်တဲ့အတွက် ပြန်လည် တင်သွင်း ခွင့်ပြုတဲ့အခါ ၂၀၀၆ မော်ဒယ်နဲ့ အထက် မော်ဒယ် တွေကို  သာ  ပြန်လည်တင်သွင်း ခွင့်ပြုနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
 
လက်ရှိ အိုဟောင်းယာဉ်လဲလှယ်မှုတွင် ပြည်ပမှ တင်သွင်းခွင့်ပြုလျက် ရှိပြီး အက္ခရာ “စ” မှ “ပ” အထိ အိုဟောင်းယာဉ်များအား ယာဉ်သစ်များဖြင့် တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
 
ထိုသို့ တင်သွင်းခွင့်ပြု ထားရာတွင် အက္ခရာ “စ”မှ “ပ” တွင်ပါဝင်သော တက္ကစီယာဉ်များအား ၁၉၉၆ ခုနှစ် မော်ဒယ်မှ ၂၀၀၆ မော်ဒယ် အထိသာ တင်သွင်းခွင့်ပြုထားခြင်း ဖြစ်သည်။
 
 “ပ” အက္ခရာ နောက်ပိုင်းရှိ နံပါတ်အနီတက္ကစီ ယာဉ်များနဲ့ စင်းလုံးငှား ယာဉ်ဟောင်းများအား အစားထိုး ယာဉ်တင်သွင်း ခွင့်ပြုရာတွင် အဆင့်မြင့်တက္ကစီများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
 
ထိုသို့ တင်သွင်းခွင့်ပြုရာတွင့် ၂၀၀၆ မော်ဒယ်နှင့်အထက် အဆင့်မြင့်တက္ကစီယာဉ်များကိုသာ တင်သွင်း ခွင့်ပြုရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
 

 ဥာဏ်ဥာဏ် (မြစ်မခ)
“ ဒီလို တင်သွင်း ခွင့်ပြုနိုင်ဖို့ အတွက် လက်ရှိမှာ CIF တန်ဖိုး သတ်မှတ်မှုနဲ့ လိုအပ်တဲ့ အခြား အချက်အလက် တွေကို ထပ်မံ ဆွေးနွေးမှုတွေ   ပြုလုပ်ပေး သွားမှာ ဖြစ်တယ် ” ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။