Wednesday, May 2, 2012

 ယုဇနပလာဇာဒုတိယထပ်ရှိအ၀တ်အထည်ဆိုင်၁၂ခုသို့ရေများဝင်ရောက်

ရေစိုအ၀တ်များအား ရှင်းလင်းနေစဉ်

ယုဇနပလာဇာ ဒုတိယထပ်ရှိ ယုဇနစားသောက်ဆိုင်မှ ရေပိုက်ဆက်များ ပြုတ်ထွက်၍ ရေများစီးခြင်းကြောင့် အနီးအနားရှိ အ၀တ်အထည်နှင့် ဖိနပ်ဆိုင်ခန်း ၁၂ ခုခန့်သို့ ရေများဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါဆိုင်ခန်း ၁၂ ခုအတွင်းရှိ အ၀တ်အထည်များ၊ ဖိနပ်များ၊ ရေစိုသွားခဲ့ကြောင်း၊ အဆိုပါရေ ၀င်ရောက်မှုမှာ ယနေ့(မေလ ၂ရက်နေ့) နံနက် ၇ နာရီအချိန်ခန့်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ရေများအား ယုဇနပလာဇာ မှ ၀န်ထမ်းများ ဆိုင်များမှ အရောင်းဝန်ထမ်းများမှ နံနက် ၁၀ နာရီခွဲအချိန်ခန့်အထိ ၀ိုင်းဝန်းဖယ်ရှားခဲ့ရကြောင်း သိရှိရသည်။ ရေစိုခဲ့ရသော အ၀တ်အထည်နှင့် ဖိနပ်များအတွက် ယဇနစားသောက်ဆိုင်မှ ပြေလည်အောင် ဖြေရှင်းညှိနှိုင်းမှုများ ပြုလုပ်ပေးသွားမည်ဟု အဆိုပါစားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
"အစ်မတို့ ဆိုင်က အရမ်းကြီးတဲ့အတွက် အခုလို ရေတွေစီးတဲ့အခါ ရေစိုတဲ့ အထည်ပမာဏက အရမ်းများခဲ့ပါတယ်။ ဒါတွေကို သိမ်းဆည်းရတဲ့အတွက် အလုပ်ရှုပ်တာပေါ့။ အစ်မတို့ဆိုင်က ရောင်းကောင်းတဲ့ဆိုင်ဖြစ်တော့ ဒီလိုဖြစ်တဲ့အတွက် အရောင်းအ၀ယ် ထိခိုက်တယ်။ မတတ်နိုင်ဘူးလေ။ တမင်လုပ်တာမှ မဟုတ်တာ။ ဒါပေမယ့် ယုဇနစားသောက်ဆိုင်က ဘယ်တာဝန်ရှိသူကမှ အစ်မတို့ဆိုင်မှာ ဘာဖြစ်သွားလဲဆိုတာ လာမကြည့်ကြဘူး" ဟု ယုဇနပလာဇာ ဒုတိယထပ်ရှိ မြကြာဖြူ ဖက်ရှင်ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။