ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် (၃၀) ကျော်
နေပြည်တော်မှာ ဒီကနေ့ ရောက်ရှိနေကြပြီး၊ မနက်ဖြန် ကျမ်းသစ္စာကျိန်ဆိုဖို့
အဆင်သင့် ဖြစ်နေကြပြီလို့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က
ပြောပါတယ်။
ဒီကနေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ အစိုးရ ရုံးပိတ်ရက်
ဖြစ်ပေမယ့် လွှတ်တော်ရုံးကို ဖွင့်လှစ်ပေးထားပြီး၊ မှတ်ပုံတင် ကဒ်ပြားနဲ့
စာရွက်စာတမ်း ကိစ္စတွေ အပါအ၀င် လွှတ်တော်တက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ
ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်ကို ရောက်လာတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို
ဒေသခံ NLD ပါတီဝင် (၆၀) လောက်က ပန်းစည်း၊ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုဖို့အတွက် မနက်ဖြန်
မနက်ပိုင်းမှာ လေကြောင်းခရီးနဲ့ နေပြည်တော်ကို သွားရောက်မှာဖြစ်တယ်လို့
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
RFA-Burmese

ဒီကနေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ အစိုးရ ရုံးပိတ်ရက် ဖြစ်ပေမယ့် လွှတ်တော်ရုံးကို ဖွင့်လှစ်ပေးထားပြီး၊ မှတ်ပုံတင် ကဒ်ပြားနဲ့ စာရွက်စာတမ်း ကိစ္စတွေ အပါအ၀င် လွှတ်တော်တက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ
ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်ကို ရောက်လာတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို
ဒေသခံ NLD ပါတီဝင် (၆၀) လောက်က ပန်းစည်း၊ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုဖို့အတွက် မနက်ဖြန် မနက်ပိုင်းမှာ လေကြောင်းခရီးနဲ့ နေပြည်တော်ကို သွားရောက်မှာဖြစ်တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။