Wednesday, May 2, 2012

တောင်ကြီးမြို့ မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်

လာမဲ့ မေလ (၈)ရက်နေ့ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မှာ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အဆင့် အစည်းအဝေးကျင်းပမည်ဖြစ်
ကြောင်းသိရပါတယ်။

တစ်မြို့နယ်လျှင် တွင်း/မှူး (1)ယောက်နှင့် မြို့နယ်ကော်မတီဝင် (၂)ဦးစီ
တက်ရောက်ရမှာဖြစ်ပါတယ်။  မြို့နယ်အသီးသီးမှ မိမိပါတီအား
သုံးသပ်ချက်၊ မိမိမြို့နယ် ပါတီအားသုံးသပ်ချက်၊ ပြည်သူနှင့်ပါတီဆက်ဆံရေး
အခြေအနေသုံးသပ်ချက်၊ ဌာနဆိုင်ရာ အာဏာပိုင်များနှင့်ဆက်ဆံရေး
အခြေအနေသုံးသပ်ချက်၊ မြို့နယ်/ရပ်ကွက်/ကျေးရွှာ/
မည်သို့ပြန်လည်ဖွဲ့စည်းသင့်ကြောင်းသုံးသပ်ချက်များပါဝင် ဆွေးနွေးဖို့ 
ရှိတယ်လို့ သိရပါတယ်။

လက်ရှိရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီများအနေဖြင့် ပြည်သူ့
အခက်အခဲများ ကူညီဖြေရှင်းရန်အတွက် ဌာနဆိုင်ရာအာဏာပိုင်များနှင့်
ညှိနှိုင်းမရဖြစ်နေကြောင်း သိရှိရပါတယ်။

ပါတီအတွင်း အဆင့်ဆင့်တင်ပြမှုနှေးကွေးနေပြီး၊ ပြည်သူ့ဆန္ဒအမြန်
ဆုံးဖြည့်ဆည်းနိုင်ရန် ညွှန်ကြားချက်မပေးနိုင်ခြင်းကြောင့်
ပြည်သူ့ယုံကြည်မှုရရှိရန် သေချာမှုမရှိနိုင်သေးကြောင်း.. ပါတီဝင်တစ်ဦးမှ
ပြောပါတယ်။

Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။