Saturday, December 1, 2012

Skypeနှင့်Viber အသုံးပြုပါက ပိုမိုအမြတ်ရရှိတော့မည့် မြန်မာ့ဆက်သွယ်ရေး


ပြောင်းလဲကောက်ခံတော့မည့် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုနှုန်းထားနှင့် ပတ်သက်၍ Skype နှင့် Viber တို့ကို အသုံးပြုပါက မြန်မာ့ဆက်သွယ်ရေးအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ နိုဝင်ဘာလ(၃၀) ရက်နေ့က ပြောကြားလိုက်သည်။


“ Viber နှင့် Skype တို့သုံးပါက အရင်က တစ်မိနစ်ကို နှစ်ကျပ်လောက်ကျတာကို အခု ငါးကျပ် လောက် ကျသွားမယ်။ ဒီတော့ ဆက်သွယ်ရေးအတွက် ၀င်ငွေ ပိုတိုးလာတာပေါ့”ဟု မြန်မာ့ ဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ရွှေစည်းခုံသြ၀ါဒခံယူပွဲသို့ မန္တလေးတိုင်းမှသံဃာတော်များ တက်ရောက်မည်မဟုတ်


 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံစေတီ၌ သက်ဆိုင်ရာအာဏာပိုင်များက ပြုလုပ်သည့် သြ၀ါဒခံယူပွဲအား ဒီဇင်ဘာလ (၁)ရက် နေ့လည် (၂)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်သွားမည်ဟု သံဃာတော်များဆို


ကြေးနီတောင်စီမံကိန်းအား အစိုးရမှတာဝန်ယူဖြေရှင်းပေးခြင်းမရှိလျှင် ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆူးလေဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် ရဟန်းသံဃာများထံမှ သိရှိရသည်။


ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညနေပိုင်း၌ မြေနီကုန်းမှ ဆူးလေဘုရားသို့ သံဃာတော်များဦးဆောင်ကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု သိရသည်။

အမေရိကန် တက္ကသိုလ်ကိုးခု မြန်မာ တက္ကသိုလ် များနှင့် ပူးပေါင်း ဆောင်ရွက်မည်


အမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာ ခရီးစဉ် အပြီးတွင် အမေရိကန်
တက္ကသိုလ် ကိုးခုသည် မြန်မာ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာ့ အဆင့်မြင့် ပညာရေး ပြန်လည် တည်ဆောက်ရာ၌ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း Institute of International Education (IIE) က သတင်းထုတ်ပြန်သည်။

မြန်မာ ရွှေ့ပြောင်းလုပ်သား တစ်သန်း ထိုင်းနိုင်ငံမှ ပြန်ပို့ခံ ကြရမည်


ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သား တစ်သန်း ခန့်သည် ဒီဇင်ဘာ ၁၄ ရက် မတိုင်မီတွင် နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ပြီးပြတ်အောင် မလုပ်နိုင်လျှင် နိုင်ငံ သို့ ပြန်ပို့ ခံရမည်ဖြစ်ကြောင်း မြန်မာ အစိုးရ နှင့် ထိုင်းမီဒီယာတို့မှ သိရ၏။ မြန်မာနိုင်ငံက နောက်ဆုံး သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် ပြောခဲ့သော်လည်း ထိုင်းဘက်မှ ထိုသို့ လုပ်ကိုင်ပေးရန် ငြင်းဆိုခဲ့၏။
ရွှေ့ပြောင်းအလုပ်သမားကိစ္စနှင့် ပတ်သက်သော ကျွမ်းကျင်သူ ပါရဂူ “အင်ဒီးဟာလ်” က ရွှေ့ပြောင်းမြန်မာအလုပ်သမား အများစုသည် အချိန်မီ စိစစ်မှုမလုပ်နိုင်ကြောင်း ပြောကြား ခဲ့၏။

ရခိုင်နှင့် ကချင်ပြည်နယ်အရေး ဘက်လိုက် မပြော၍ အပြစ်တင်လျှင်ခံယူ မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ရခိုင်နှင့် ကချင်ပြည်နယ် အရေး ဘက်လိုက် မပြော၍ အပြစ် တင်လျှင် လည်း ခံယူ သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ရခိုင် အရေးနှင့် ကချင်ပြည်နယ် စစ်မီးကိစ္စများအား ငြိမ်းချမ်းအောင် ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ပြီး ဘက်လိုက်မပြော၍ အပြစ်တင်မည် ဆိုပါက ခံယူ သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော


မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော






ဒုတိယ တေးစီးရီးကို ပထမတေးစီးရီး ‘အင်္သချေ’ ထွက်ရှိပြီး ၉ နှစ်နီးပါး အကြာမှာ ထွက်ရှိလာတဲ့ တေးသံရှင်ဖြိုးကြီးရဲ့ ‘မမုန်းကြေး’
ဟာလည်း အခြေအနေကောင်း နေပါတယ်။

မိုဘိုင်း အင်တာနက် သုံးခ Data Volume စနစ်တိုင်းအသာ ကောက်ခံမည် ဟုဆို


ဒီဇင်ဘာ ၁ ရက်တွင် စတင်ပြောင်းလဲတော့မည့် မိုဘိုင်း အင်တာနက် အသုံးပြုခ ကောက်ခံသည့် စနစ်ကို သုံးစွဲသူအများစုက မကျေနပ်သည့်တိုင် ၎င်းတို့ သတ်မှတ် ထားသည့် Data Volume စနစ် အတိုင်းသာ ဆက်လက်ကောက်ခံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်အောင်မြင် သာသနာ့ နယ်မြေ အတွင်း လျောင်းတော်မူ ကြေးသွန်း ဘုရားကြီး တည်မည်


ရန်အောင်မြင် သာသနာ့ နယ်မြေ အတွင်း လျောင်းတော်မူ ကြေးသွန်း ဘုရားကြီး တည်မည်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက် မေတ္တာ ချောင်းကူး ရန်အောင်မြင် ကျောင်းတိုက် ဝင်းအတွင်း၌ စေတီဘုရား (၁၀) ဆူ တစ်ပြိုင်တည်း၊ တစ်နေရာတည်း ဖူးမြင် နိုင်မည့်အပြင် လျောင်းတော်မူ ကြေး သွန်းဘုရားကြီးထပ်မံတည်ရန် စီစဉ် လျက်ရှိကြောင်း ၄င်းကျောင်းတိုက်ရှိ အရှင်သုမနက ဆိုသည်။

စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦး သေဆုံး


မရမ်းကုန်း မြို့နယ်နေ မပိုးပိုးမွန် အသတ် ခံရမှုဖြင့် မသင်္ကာ၍ ခေါ်ယူစစ် ဆေးခံရသူ
မျိုးမြင့်ဆွေ(ခ)ပြည်စိုး(ခ)ကု လားကြီး ဘုရင့်နောင် ရဲစခန်းဝင်း အတွင်း စစ်ဆေးနေစဉ် သေဆုံးသွားသဖြင့် ရဲဝန် ထမ်း ၁၁ ဦးမှာ အရေးယူခံရပြီး ၄င်း ရဲဝန်ထမ်း ၁၁ ဦးအနက် ၂ ဦးမှာ သေဆုံးသွားကြောင်း ရဲစခန်းဝင်း အတွင်း စစ်ဆေးစဉ် သေဆုံးသွားသူ၏ မိသားစု ဝင်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှလောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့


သပိတ်မှောက်သူများဖြိုခွဲခံရမှုတွင် ဒဏ်ရာအများဆုံးရရှိခဲ့သည် မုံရွာမြို့မဟာဇောတိကရာမကျောင်းတိုက်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့(တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့)တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် စာအောင်သံဃာတော်များအောင်လက်မှတ်ဆပ်ကပ်လှူဒါန်းပွဲတွင် နံနက်ပိုင်းဆွမ်းလောင်းလှူလေ့ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှ ငွေကျပ်၁၇ သိန်း အကုန်အကျခံ လောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့ကြောင်းသတင်းရရှိသည်။

 လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် တရုတ်သံရုံးသို့လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုပြုလုပ်



thn-1-12-2
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် တရုတ်သံရုံးသို့လမ်းလျှောက်ချီတက်၍  ဆန္ဒထုတ်ဖော်မှုတစ်ခုကို  ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

သဲ၊ကျောက်စရစ်တင်ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား တိုက်မှုဖြစ်ပွား



thn-1-12-1
ရွှေအင်ကြင်းရိပ်မွန်အိမ်ရာရှိ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးတို့အား အုတ်၊သဲ၊ကျောက်စရစ်တင် ကားတစ်စီးမှ ၀င်ရောက်တိုက်မှုအား တွေ့ရစဉ်

သဲ၊ကျောက်စရစ်တင် ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား ၀င်ရောက်တိုက်မှု ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်နဲ့နယ်စပ်မှာ ကျူးကျော်နေထိုင်ခဲ့တဲ့ ထိုင်းအဖွဲ့က ၇ ဦးကို သမ္မတလွတ်ငြိမ်းခွင့်ပေး



2012-12-01
ထိုင်းနိုင်ငံကနေ တရားမဝင်ဝင်ရောက်လာမှု၊ တရားမဝင် သစ်ပင်စိုက်ပျိုးမှု၊ လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၁ဝနှစ်ခွဲစီကျခံနေရတဲ့ မြန်မာနိုင်ငံ ကော့သောင်းအကျဉ်းထောင်က ထိုင်းနိုင်ငံသား ၇ ဦးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မနေ့က နိုဝင်ဘာ ၃ဝ ရက်နေ့က လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီထိုင်းနိုင်ငံသား ၇ ဦးကို နိုင်ငံတော်သမ္မတက နိုဝင်ဘာ ၃ဝရက်နေ့ ရက်စွဲနဲ့ သီးသန့် ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းမှာပဲ ထိုင်း မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီအဖွဲ့ကနေတဆင့် လွဲပြောင်းပေးလိုက်တယ်လို့ ကော့သောင်းလူဝင်မှုကြီးကြပ်ရေးရုံးက အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ကုလအရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ မြန်မာပြည်လာမည်



ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာနဲ့ အရေးပေါ် အကူအညီအဖွဲ့ အကြီးအကဲ ဒုတိယ အတွင်းရေမှူးချုပ် မစ္စ ဗယ်လရီ အားမိုးစ် (Valerie Amos) ဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကို ဒီဇင်ဘာလ ၂ရက်နေ့ကနေ ၈ရက်အတွင်း လှည့်လည်သွားရောက်မယ်လို့ သတင်းရရှိပါတယ်။