Saturday, August 18, 2012
ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ပြုပြင်ပြောင်းလဲရေး နှေးကွေးသူများ ချန်ခဲ့မည်ဟု သမ္မတပြော
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိရာ နှေးကွေးနေသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုလိုက်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှေးကွေးစွာ ဆောင်ရွက်နေသူများ အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်ထဲတွင် ရှိကြောင်း၊ ယင်းသို့ ပြောင်းလဲရေး ခရီးမတွင်သူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြည်ပအခြေစိုက် VOA သတင်းဌာန မြန်မာ ပိုင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခြင်း ဖြစ်သည်။
မြောင်းမြ၌ NLD ပါတီတွင်းကိစ္စရပ်များ အတွက် ယင်းပါတီဝင်များ ဆန္ဒ ထုတ်ဖော်
မြောင်းမြမြို့၌ NLD ပါတီမှ ပါတီ ဝင်များ ပါဝင်သော လူ ၃၀၀ ကျော်က NLD ပါတီတွင်း ကိစ္စရပ်များ အတွက် ဆန္ဒ ထုတ်ဖော်သည့် အနေဖြင့် ၁၂-၈-၂၀၁၂ ရက်က နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပါတီအဖွဲ့ဝင်များသည် မြို့နယ် ရုံးတည်ရှိရာ ဦးဘချိုလမ်းမှ ကျွန်းတော တံတားအနီးရှိ ခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်ရုံးအထိ ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြပြီး တောင်းဆိုမှုများ ရေးသားထားသည့် စာရွက်စာတမ်းများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။ NLD ပါတီသည် မြန်မာနိုင်ငံတွင် ပါတီပေါင်း ၄၀ ရှိသည့်အနက် ပါတီအတွင်း လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်သည့် ပထမဆုံး ပါတီဖြစ်လာခဲ့ကြောင်း သိရသည်။ရွှေဂုံတိုင် မီးပွိုင့် ခုံးကျော် တံတား စတင် တည်ဆောက်ပြီ
ရန်ကုန်မြို့တွင် ကမာရွတ်၊ လှည်းတန်း ခုံးကျော် တံတားကို ဆောက်လုပ် လျက် ရှိသကဲ့သို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် မီးပွိုင့်၌ ရွှေဂုံတိုင် ခုံးကျော်တံတားကို ကမ္ဘာအေး ဘုရားလမ်းအတိုင်း ၉-၈-၂၀၁၂ ရက်ခန့်က လုပ်ငန်းစတင်ခဲ့ရာ ယင်းကို ၁၁-၈-၂၀၁၂ ရက်က မြင်တွေ့ခဲ့ရပုံများဖြစ်ပါသည်။
ကြိုးမဲ့ နည်းပညာဖြင့် ပေးဝေသွားမည့် လျှပ်စစ်ဓာတ်အား
တရုတ် သုတေသီ တွေက ကွမ်တမ် နည်းပညာ သုံးပြီး၊ ကီလိုမီတာ ၁၀၀ (မိုင်ခြောက်ဆယ်) အကွာကနေ လျှပ်စစ်ဓာတ်အားကို ကြိုးမဲ့ ပို့ဆောင်နိုင်ပြီလို့ သြဂုတ် ၁၀ ရက်က ကြေညာလိုက်ကြပါတယ်။ အဲဒီသုတေသနအဖွဲ့က လေဆာရောင်ခြည်ကို သုံးပြီး၊ သတ်မှတ်နေရာဆီ လျှပ်စစ်ဓာတ်အားကို အရောက် ပို့ဆောင်ပြနိုင်ခဲ့ကြပါတယ်။
ကုန်ကြမ်းရှားပါးမှုကြောင့် မွေးမြူရေးအစာဈေးနှုန်းများ သိသိသာသာမြင့်မားနေ
မွေးမြူရေးလုပ်ငန်းသုံးအစာဈေးကွက်တွင် ကုန်ကြမ်းရှားပါးလာခြင်းကြောင့် ပဲဖတ်နှမ်းဖတ် ဈေးနှုန်း များမှာ မြင့်တက်လျှက် ရှိသည့်အတွက် မွေးမြူရေးအစာရှာပါးမှုအခက်အခဲကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။
ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းတခု ရေလွှမ်း၍ ညအချိန် ပိတ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းပိုင်းတခုပေါ် ရေလွှမ်းနေ၍ ညအချိန် မော်တော်ယာဉ်
ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း ဒဂုံဧရာ အဝေးပြေးကား ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။
ဒါးကနှင့် ကြိုးကြာကွင်းရွာအကြား လမ်းပိုင်း ကားလမ်းရေကျော်မှု ဖြစ်ပွားနေ၍ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ညဘက်တွင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုဘဲ မနက် ၅ နာရီမှ ည ၈ နာရီအတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုသည်ဟု ဆိုသည်။
ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း ဒဂုံဧရာ အဝေးပြေးကား ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။
ဒါးကနှင့် ကြိုးကြာကွင်းရွာအကြား လမ်းပိုင်း ကားလမ်းရေကျော်မှု ဖြစ်ပွားနေ၍ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ညဘက်တွင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုဘဲ မနက် ၅ နာရီမှ ည ၈ နာရီအတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုသည်ဟု ဆိုသည်။
လိုင်စင် အသိမ်းခံ ရှေ့နေအချို့ အမှုလိုက်ခွင့် ပြန်လည်ရရှိ
ချင်းမိုင်(မဇ္စျိမ) ။ ။ နိုင်ငံရေး လှုပ်ရှားသူများအတွက် အကျိုးဆောင်ပေးခဲ့၍ လည်းကောင်း၊ ကိုယ်တိုင် တက်ကြွစွာ
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။
ပဏာမ မြန်မာ့ လက်ရွေးစင်တို့ ဂိုးပြတ်ဖြင့် ရှုံးနိမ့်
ရန်ကုန် (မဇ္ဈိမ) ။ ။ ဂိုးသမားမှအပ နိုင်ငံခြားသား ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် MNL ALL STAR အသင်းနှင့် မဏာမ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းတို့ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင် ခြေစမ်း ကစားကြရာ မြန်မာ့ လက်ရွေးစင်အသင်း ၄ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။
သတင်းလွတ်လပ်ခွင့်ကော်မတီမှ အချက် ၆ ချက်ပါ အထူးထုတ်ပြန် ကြေညာချက် ထုတ်ပြန်
သတင်းလွတ်လပ်ခွင့် ကော်မတီမှ အချက် ၆ ချက်ပါဝင်သော အထူးထုတ်ပြန် ကြေညာချက်တစ်ရပ်ကို သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
ယင်းထုတ်ပြန်ချက်ကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီအစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
2012-08-17
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံတော် သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သတင်း စာနယ်ဇင်း အပါအ၀င် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ၂၅ ဦး ပါဝင်ပါတယ်။
Subscribe to:
Posts (Atom)



