Monday, April 30, 2012

ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မည်



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်အား အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာကို ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် မေ၂ ရက်နေ့တွင် ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်း

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ (ဓာတ်ပုံ - Jinghpaw Kasa Blog)

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင်


အန်အယ်ဒီအမတ်များ မေလ(၂)ရက်နေ့ လွှတ်တော် တက်မည်။ ဧပြီ (၃၀) မနက် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင် ဖြစ်ပါသည်။

မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို

ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။

လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက

ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင် လွှတ်တော်အမတ်များကို တောင်းပန်

ဓါတ်ပုံ - Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

သမ္မတကြီး၏ လက်ဆောင်အဖြစ် အကျဉ်းခံ မွန်ပြည်သစ်ပါတီဝင် နှစ်ဦးကို မိခင်ပါတီထံ ပြန်လွှဲ

ဧပြီ ၃၀ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ(YPI)

မွန်ပြည်သစ်ပါတီမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို အစိုးရမှ ယနေ့ နံနက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေ့လည်ပိုင်းတွင် မွန်ပြည်သစ်ပါတီထံ သို့ ပြန်လည်လွှဲ အပ်ပွဲကို  မော်လမြိုင်မြို့ strand ဟိုတယ် တွင် ကျင်းပခဲ့သည်။

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

မန္တလေး-မြစ်ကြီးနာလမ်း မိုင်းအား KIAဖောက်ခွဲဟု မီးရထားဝန်ကြီး ပြောဆို

မန္တလေး-မြစ်ကြီးနာလမ်း မိုင်းအား KIAဖောက်ခွဲဟု မီးရထားဝန်ကြီး ပြောဆို


မန္တလေး-မြစ်ကြီးနားလမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ အဆိုပါ မိုင်းဖောက်ခွဲမှုကို ကေအိုင်အေစစ်တပ်က ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ဧပြီ ၂၉ ရက် နေပြည်တော်မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လေးဘီလီယံခန့်ကုန်ကျနိုင်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည်


လေးဘီလီယံခန့်ကုန်ကျနိုင်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည်


GSM မိုလိုင်းလ်ဖုန်းဘေလ်စနစ်အား ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ပြောင်းလဲအသုံးပြုနေ


GSM မိုလိုင်းလ်ဖုန်းဘေလ်စနစ်အား ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ပြောင်းလဲအသုံးပြုနေ



ဖုန်းဘေလ်ဆောင်ခြင်းစနစ်ဖြင့်သုံးစွဲရသော GSM မိုလိုင်းလ်ဖုန်းများအား မေလ ၁ ရက်နေ့မှစတင်ကာ Prepaid card (ကြိုတင်ငွေဖြည့်ကဒ်) စနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

အာမခံ(၆)မျိုးကို လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု

အာမခံ(၆)မျိုးကို လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု



အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များသို့ အာမခံလုပ်ငန်းအမျိုးအစား(၆)မျိုးအား လုပ်ပိုင်ခွင့်ပြုးမည်ဖြစ်သည့် အတွက် မေ(၂)ရက်နေ့မှ စတင်လျောက်ထားနိုင်ကြောင်း သိရသည်။
 

ရခိုင်တွင် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေယာဉ်များ ဒီရေအပေါ်မူတည်သွားလာနေရ

ရခိုင်တွင် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေယာဉ်များ ဒီရေအပေါ်မူတည်သွားလာနေရ



ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများမှာ တစ်စထက်တစ်စတိမ်ကောလာသည့်အတွက် ခရီးသွားရေယာဉ်များမှာ သွား ရေးလာရေး အခက်ကြုံနေရကြောင်း သိရသည်။
 

နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်

ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ) ။        ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။