သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
2012-07-01
မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ
ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ
ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့
တွေ့ဆုံဆွေးနွေးကြ ပါတယ်။
အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့
တက်ရောက်ကြသူတွေထဲ ပါဝင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်
တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောပါတယ်။