Monday, June 11, 2012

အာဏာပိုင်များ ထိန်းသိမ်းမှု နှောင့်နှေး၍ မောင်တော ပဋိပက္ခ ကြီးမားခဲ့ဟု RNDP ဝေဖန်

စံခလပူရီ (မဇ္ဈိမ)။     ။ သောကြာနေ့ နေ့လည် တနာရီခန့်မှ စတင်၍ မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ် ဘာသာဝင်များ၏ ဆူပူမှုများအား ကိုင်တွယ် ထိန်းသိမ်းရန် အာဏာပိုင်များမှ စီစဉ်ဆောင်ရွက်မှု နှောင့်နှေး ကြန့်ကြာခဲ့၍ ပဋိပက္ခ ကြီးမားခဲ့သည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဝေဖန်လိုက်သည်။

 ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများဖော်ပြမှုနှင့်ပတ်သက်၍ ဂျာနယ်လစ်များကို ခေါ်ယူသတိပေး၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ်ခုနှစ်နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ထည့်သွင်းပြောကြား


ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများ ဖော်ပြမှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အရေးယူမှုအပြင် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ် (၇)နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဇွန်လ ၁၀ ရက် နေ့က ဂျာနယ်လစ်များကို ခေါ်ယူ သတိပေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားပြီး လူ ၇ ဦးမက သေဆုံးရပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်နားမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ချလိုက်ပါတယ်။ သောကြာနေ့ညက မူစလင်တွေနဲ့ ရခိုင်လူမျိုးတွေကြား

 ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးရသတင်းများ

ဇွန်လ ၁၀ ရက် ည ၉ နာရီ
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက် အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာဖြစ်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်၏ ကုလား ရခိုင် အဓိကရုဏ်း မိန့်ခွန်း နှင့် ပုဒ်မ ၁၄၄ အမိန့် ကြေညာခြင်း


မောင်တောမြို့သို့ ကူညီပံ့ပိုး ပစ္စည်းများရောက်ရှိ


စစ်တွေမြို့တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် မြင်ကွင်းများ (ဓါတ်ပုံ-အပိုင်း )

ပြည်ထောင်စု ငြိမ်းအဖွဲ့နှင့် KNPP အချက်အများစု သဘောတူညီနိုင်ခဲ့

စံခလပူရီ (မဇ္ဈိမ)။   ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဇွန်လ ၉ ရက်နေ့တွင် လွိုင်ကော်မြို့၌ တွေ့ဆုံဆွေးနွေးအပြီး အချက်အများစုကို သဘောတူ နိုင်ခဲ့ကြသည်။

သဘောတူညီခဲ့ကြသည့် အချက်များ လက်တွေ့ အကောင်အထည်ဖော် နိုင်ရန်အတွက် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် တနင်္ဂနွေနေ့တွင် အလွတ်သဘော ဆက်လက် ဆွေးနွေးနေကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် KNPP ဗဟိုကော်မတီဝင် တဦးဖြစ်သူ ခူးဒယ်နီယာ က ပြောသည်။။

 လမ်းနယ်နိမိတ် အတွင်းသို့ ရောက်ရှိနေသော ကျောက်ဆစ်အလုပ်ရုံများအား ရှင်းလင်းဖယ်ရှားရန် လုပ်ငန်းရှင်များ ခေါ်ယူဆွေးနွေးလျက်ရှိ



73613
မန္တလေးကျောက်ဆစ်တန်း တစ်နေရာအား တွေ့ရစဉ်
မန္တလေးမြို့၊ ကျောက်ဆစ်တန်းတွင် လမ်းနယ်နိမိတ်အတွင်းသို့ ရောက်ရှိနေသော ကျောက်ဆစ်အလုပ်ရုံများအား ရှင်းလင်းဖယ်ရှားရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အလုပ်ရုံပိုင်ရှင်များအား ခေါ်ယူဆွေးနွေးခဲ့ကြောင်း အလုပ်ရုံ ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က ပျက်စီးသွားသော ရတနာပုံတက္ကသိုလ် အ၀င်လမ်းမ ပြန်လည်ပြုပြင်


73612

ရန်ကုန် - မန္တလေးအမြန် လမ်းမကြီး ဖောက်လုပ်စဉ်က ပျက်စီးသွားသော ရတနာပုံတက္ကသိုလ် အ၀င်လမ်းမကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ ပြန်လည်ပြုပြင်လျက်ရှိ ကြောင်း သိရှိရသည်။

ရွှေဘိုမြို့ နှမစားရစ်ကျေးရွာတွင် လန(၃၉)ပေးထားခြင်း မရှိဘဲ လယ်ယာမြေများ၌ ပုဂ္ဂလိကငါးမွေးကန်များ မွေးမြူခြင်းကြောင့် လယ်သမားများ အခက်တွေ့နေ

73611
ငါးကန်အချို့ တူးဖော်နေသည်ကို မေလ တတိယပတ်က တွေ့ရစဉ်
ရွှေဘိုမြို့ နှမစားရစ်ကျေးရွာရှိ လယ်ယာမြေများအား မြေလွတ်မြေရိုင်း ဥပဒေလန(၃၉)ထုတ်ပြန် ပေးထားခြင်းမရှိဘဲ ပုဂ္ဂလိကငါးမွေးကန်များ မွေးမြူနေခြင်းကြောင့် လယ်သမားများ အခက်တွေ့လျက် ရှိကြောင်း သတင်းရရှိသည်။

 ကချင်ပြည်နယ် ဗန်းမော်ခရိုင်၌ စစ်ဘေးရှောင် ကျောင်းသား ၅၀၀၀ ကျော်ရှိနေ



7367
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ကယ်ဆယ်ရေး စခန်းတစ်ခုမှ ကျောင်းနေအရွယ် ကလေးများကို တွေ့ရစဉ်
ယခုပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း၌ စစ်ဘေးရှောင် ကျောင်းသား ၅၀၀၀ ကျော်ရှိနေပြီး နေ့စဉ်လူဦးရေ တိုးလျက်ရှိနေကြောင်း ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိသော လူထုအလင်း အဖွဲ့မှ သိရသည်။

 လုံလောက်သည့် မြစ်ရေမြင့်တက်မှု မရှိသဖြင့် ဗန်းမော်ရွှေပြည် ဆိပ်ကမ်းသို့ သင်္ဘောများ ပြန်လည်ပြောင်းရွှေ့ ဆိုက်ကပ်နိုင်ခြင်း မရှိသေး

7366
ဗန်းမော်မြို့တောင်ဘက် ငါးမိုင်အကွာရှိ တပ်ကလေးဆိပ်ကမ်းကို တွေ့ရစဉ်
ယခုနှစ် မိုးဦးရာသီကာလတွင် ဆိပ်ကမ်းပြောင်းရွှေ့ရန် လုံလောက်သည့် မြစ်ရေမြင့်တက်မှု မရှိသဖြင့် ဗန်းမော်မြို့ဆိပ်ကမ်းအား တပ်ကလေးဆိပ်ကမ်းမှ ဗန်းမော်ရွှေပြည် ဆိပ်ကမ်းသို့ သင်္ဘောများပြန်လည် ပြောင်းရွှေ့ဆိုက်ကပ်နိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ

မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ
2012-06-10
ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မောင်းတောမြို့မှာ ဒုက္ခသည်စခန်း အနေနဲ့ (၄) ခုဖွင့်လှစ်ထားပြီး ဒီစခန်းတွေမှာ လာရောက် ခိုလှုံနေရသူ တွေကို ဗဟိုလ်ကျောင်း၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း
နဲ့ အမှတ် (၂) ရဲတပ်ရင်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်၊