Tuesday, May 21, 2013

ပြည်ပမှ တင်သွင်း လာသည့် တိုက်ကြေ ပျက်စီးကားများအား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားမည်

အကောက်ခွန် ဦးစီးဌာန အနေဖြင့် ပြည်ပမှ တင်သွင်း လာတဲ့ တိုက်ကြေ ပျက်စီးကား များအား သုံးစွဲသူ ပြည်သူများ အတွက် ထိခိုက် နစ်နာစေခြင်း၊ အသက်

အန္တရာယ် ဖြစ်စေနိုင်ခြင်း တို့ကြောင့် ကုန်သွယ်ရေး မူဝါဒနဲ့ အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံး လုပ်နည်း အရ တင်သွင်း ခွင့်မပြုတဲ့ ယာဉ်များ အဖြစ် ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အခုလို သိမ်းဆည်း ရခြင်းဟာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှ တိုက်ကြေ ပျက်စီးကားများ တင်သွင်း လာမှုများ ရှိလာခဲ့ပြီး တိုက်ကြေ ပျက်စီး ကားများရဲ့ အနေအထား အရ သုံးစွဲသူများ လုံခြုံမှု စိတ်မချရဘဲ အန္တရာယ် ဖြစ်စေနိုင်တဲ့ ယာဉ်များ ဖြစ်ကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ အနေဖြင့် မေလ ၅ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ ဌာနများအား လုပ်ထုံး လုပ်နည်း နဲ့အညီ အရေးယူ ဆောင်ရွက်ဖို့နဲ့ ခေါင်းကြေ၊ ကိုယ်ထည် ပျက်စီး ထိခိုက်မှုရှိတဲ့ မော်တော် ယာဉ်များကို နိုင်ငံပိုင် သိမ်းဆည်းပြီး သံရည်ကျို ဖျက်ဆီးခြင်း၊ မလျော်မကန် တင်သွင်း လာတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီများ ကိုလည်း တင်သွင်းခွင့် ၁ နှစ် ရပ်ဆိုင်းခြင်း တို့ကို အများပြည်သူ ထင်သာ မြင်သာ ရှိအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

 

ဒါ့အပြင် နိုင်ငံတော် စီမံချက်ဖြင့် အိုမင်း ဟောင်းနွမ်း နေတဲ့ မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက် ကိုလည်း ၂၀၁၁ ခုနှစ် စက်တင်ဘာ လမှ စတင် ဆောင်ရွက်ပေးရာ ၂၀၁၃ ခုနှစ် ၁ လပိုင်း ၁၅ ရက်နေ့ထိ စီမံချက် မော်တော် ယာဉ်ပေါင်း တစ်သိန်း နှစ်သောင်း ခြောက်ထောင် ခုနစ်ရာ ခုနစ်ဆယ့်သုံးစီး ပြည်ပမှ တင်သွင်းခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။