Tuesday, May 21, 2013

မန္တလေးမြို့မှ ရေဆိုးများ ပိုမိုစွန့်ထုတ်နိုင်ရေး စီစဉ်နေ

မန္တလေးမြို့တွင်းရှိ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေ(ရေဆိုး)များကြောင့် ကျန်းမာရေးနှင့်သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ မဖြစ်ပေါ်စေရန်အတွက် ရေဆိုးများအား ပိုမိုစွန့်ထုတ်နိုင်စေရန် စီစဉ် သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနက သိရသည်။

 

မန္တလေး၌ စက်ရုံအလုပ်ရုံများ ပေါများလာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နည်းပါးစေရန် အကာအကွယ်ပြုခြင်း၊ မလိုလားအပ်သော ကျန်မာရေးပြဿနာများ မဖြစ်ပွားစေရန်နှင့် မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေလိုခြင်းစသည့်အချက်များကြောင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။

 

`သောက်သုံးရေရရှိဖို့အတွက် ရေသန့်ကိုလိုအပ်သလို လူတွေက ဓာတုပစ္စည်းတွေ၊ စက်ကိရိယာတွေ မှာ အသုံးပြုရင်းနဲ့ထွက်ရှိလာတဲ့ ရေဆိုးတွေကိုလည်း  စနစ်တကျနဲ့ စွန့်ပစ်ဖို့လိုပါတယ်၊ ဒါအပြင် ထုတ်တဲ့ ပမာဏအားလုံးကိုလည်း စွန့်ထုတ်နိုင်အောင် လုပ်ဖို့လိုပါတယ်´ဟု ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မန္တလေးမြို့တွင်း လက်ရှိ ၂၆လမ်း သင်ကတာချောင်းရေဆိုးထုတ်စီမံကိန်းမှ တစ်ရက်လျှင် ရေဂါလံ တစ်သန်းစွန့်ထုတ်နိုင်ကြောင်း၊ ရွှေဂဲဖွားနှင့် ကပ်ကျော်ရေဆိုးထုတ်စီမံကိန်းများမှ ရေဂါလံ ၉သန်းစွန့် ထုတ်နိုင်ကြောင်း၊ ကန်တော်ကြီးရေဆိုးထုတ်စီမံကိန်းမှ တစ်ရက်လျှင် ရေရဂါလံ တစ်သန်း စွန့်ထုတ် နိုင်ကြောင်းလည်း သိရသည်။

 

ရေပေးဝေရေးကိစ္စနှင့်ပက်သက်၍ မြစ်ရေတင်စီမံကိန်ုးနှင့်ဝေးသောနေရာများအား ရေပေးဝေနိုင်ရန် အတွက် မလေးရှားနိုင်ငံမှ ကုမ္ပဏီနှစ်ခုဖြင့် လေ့လာမှုများပြုလုပ်လျက်ရှိကြောင်း နှင့် မိုးရေချိန်မြင့်မား လာလျှင် ရေမြောင်းများရေလျှံမှုများ မဖြစ်စေရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိ သည်ဟု သိရသည်။

 

`ရေဆိုးထုတ်စီမံကိန်းတွေက သေချာစီမံဆောင်ရွက်ပြီး လုပ်သင့်ပါတယ်၊ဘာကြောင့်လဲဆိုတော့ ရေ ဆိုးကြောင့် သဘာသပတ်ဝန်းကျင်ပိုင်းဆိုင်ရာမှာ ထိခိုက်နိုင်ပါတယ်၊ ရေထဲမှာပျံ့နှံ့သွားရင်လည်း ရေသတ္တ၀ါတွေ   သေဆုံးမှုတွေဖြစ်နိုင်ပါတယ်၊ဒါကြောင့် ကြပ်မတ်ဆောင်ရွက်သင့်ပါတယ်´ဟု အမရပူရမြို့နယ် တောင်သမန်နေပြည်သူတစ်ဦးက ပြောသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။