Tuesday, May 21, 2013

ရန်ကုန် (မဇ္ဈိမ)။ ။ ယခုသီတင်းပတ် ပြည်တွင်း အခေါက်ရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းအထက်တွင် ရှိခဲ့ကြောင်း ရန်ကုန် ရွှေကုန်သည်များထံမှ သိရသည်။ “မေ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းအထက်မှာ ရပ်တည်ဖြစ်ပေါ် ခဲ့တာပါ။ ကျပ် တသောင်းကျော်လောက်ကို ကွာခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးမောင်အေး က ပြောသည်။ လက်ရှိဈေးကွက်တွင် အရပ်ဝယ်လက်များကလည်း ဖြစ်ပေါ်နေသည့် ရွှေဈေးတန်းကို ကြိုက်သဖြင့် ရွှေများ ထုတ်ရောင်းမှု ရှိနေခြင်း၊ မန္တလေးနှင့် မော်လမြိုင်တို့ဘက်မှ ပုံမှန် ရွှေအဝင်ရှိနေခြင်းတို့ကြောင့် ဈေးကွက်တွင် ရောင်းအား များလျက်ရှိနေသည်။ “ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ် တည်မီ ဖြစ်ပေါ်နေပေမယ့် အဓိက ကတော့ ဝယ်လိုအားပါပဲ။ ဝယ်လိုအား နည်းရင် ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ တတန်းတည်း၊ ဒါမှမဟုတ် အောက်ကို ရောက်သွားတာမျိုး ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝယ်လိုအား များနေရင်ကမ္ဘာ့ရွှေဈေး အထက်မှာ ရပ်တည်တက်ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သား အဖွင့်ဈေးများအနေဖြင့် မေလ ၁၅ ရက်တွင် ၇၁၄,၀၀၀ ကျပ်ဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် ၇၁၀,၀၀၀ ကျပ်၊ မေလ ၁၇ ရက်နေ့တွင် ၇၀၅,၅၀၀ ကျပ်တို့ ဖြ

ရန်ကုန် (မဇ္ဈိမ)။   ။ ယခုသီတင်းပတ် ပြည်တွင်း အခေါက်ရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းအထက်တွင် ရှိခဲ့ကြောင်း ရန်ကုန် ရွှေကုန်သည်များထံမှ သိရသည်။

"မေ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးနှုန်းအထက်မှာ ရပ်တည်ဖြစ်ပေါ် ခဲ့တာပါ။ ကျပ် တသောင်းကျော်လောက်ကို ကွာခဲ့ပါတယ်" ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဦးမောင်အေး က ပြောသည်။

လက်ရှိဈေးကွက်တွင် အရပ်ဝယ်လက်များကလည်း ဖြစ်ပေါ်နေသည့် ရွှေဈေးတန်းကို ကြိုက်သဖြင့် ရွှေများ ထုတ်ရောင်းမှု ရှိနေခြင်း၊ မန္တလေးနှင့် မော်လမြိုင်တို့ဘက်မှ ပုံမှန် ရွှေအဝင်ရှိနေခြင်းတို့ကြောင့် ဈေးကွက်တွင်
ရောင်းအား များလျက်ရှိနေသည်။

"ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ် တည်မီ ဖြစ်ပေါ်နေပေမယ့် အဓိက ကတော့ ဝယ်လိုအားပါပဲ။ ဝယ်လိုအား နည်းရင် ကမ္ဘာ့ရွှေပေါက်ဈေးနဲ့ တတန်းတည်း၊ ဒါမှမဟုတ် အောက်ကို ရောက်သွားတာမျိုး ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝယ်လိုအား များနေရင်ကမ္ဘာ့ရွှေဈေး အထက်မှာ ရပ်တည်တက်ပါတယ်" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သား အဖွင့်ဈေးများအနေဖြင့် မေလ ၁၅ ရက်တွင် ၇၁၄,၀၀၀ ကျပ်ဖြစ်ပြီး
မေလ ၁၆ ရက်နေ့တွင် ၇၁၀,၀၀၀ ကျပ်၊ မေလ ၁၇ ရက်နေ့တွင် ၇၀၅,၅၀၀ ကျပ်တို့ ဖြစ်ခဲ့သည်။

ကမ္ဘာ့ရွှေ ၁ အောင်စ အဖွင့်ဈေးမှာမူ မေလ ၁၅ ရက်တွင် ၁,၄၂၄ ဒေါ်လာ၊ မေလ ၁၆ ရက်တွင် ၁,၃၉၅
ဒေါ်လာနှင့် မေလ ၁၇ ရက်တွင် ၁,၃၇၉ ဒေါ်လာတို့ ဖြစ်ခဲ့သည်။

"ကမ္ဘာ့ရွှေဈေး ကျနေတာက လက်တလော အနေအထားအရ ဒေါ်လာငွေ မာနေတာကြောင့်ပါ။ ပြည်တွင်း
ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်ပါ ကျဆင်းနေပြီး ကမ္ဘာ့ရွှေဈေး ကျသလောက်တော့ မကျပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းငွေလဲနှုန်းက နေ့စဉ် မြင့်တက်နေတာကလည်း အခြေအနေတခုအနေနဲ့ ပါဝင်နေပါတယ်" ဟု ရွှေကုန်သည် ဦးစံမြင့် က သုံးသပ်သည်။

မေလ ၁၈ ရက်တွင် ပြည်တွင်းရွှေ အဖွင့်ဈေးမှာ ၆၉၈,၀၀၀ ကျပ်၊ မေလ ၁၉ ရက်တွင် ၆၉၉,၅၀၀ ကျပ်ဖြင့် ရှိခဲ့ပြီး ကမ္ဘာ့ရွှေ အဖွင့်ဈေးမှာ မေလ ၁၈ ရက်တွင် ၁,၃၆၀ ဒေါ်လာ၊ မေလ ၁၉ ရက်တွင် ၁,၃၆၀
ဒေါ်လာ ဖြစ်ခဲ့သည်။

ယနေ့ မေလ ၂၀ ရက်တွင် ပြည်တွင်းရွှေဈေးမှာ ၆၉၇,၅၀၀ ကျပ်ဖြင့် ဖွင့်ကာ ညနေ ၃ နာရီတွင် ၆၉၈,၂၀၀ ကျပ် ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာမူ ၁,၃၄၄ ဒေါ်လာဖြင့် ဖွင့်ခဲ့ပြီး ညနေ ၃ နာရီတွင် ၁,၃၅၄.၉၀ ဒေါ်လာ ရှိနေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။