Friday, April 5, 2013

ဧပြီ (၅)ရက်နေ့ မကူးမီ အလုံ EPC၀င်းအတွင်း မီးလောင်မှု ဖြစ်ပွား


ဧပြီလ(၄) ရက်နေ့ ည(၁၁)နာရီ(၄၀)မိနစ် အလုံမြို့နယ်ရှိ မြန်မာလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ မီးလောင်မူတစ်ရပ်ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်အားပေးစက်အသစ်များထားရှိရာ အခန်းရှိ မီးခိုးရေနွေးပိုက်လိုင်းမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း အလုံမြို့နယ်ရဲတပ်ဖွဲ့ကဆိုသည်။

စက်ရုံမှာ မီးခိုးရေနွေးပိုက်လိုင်း တွေ့ရှိတယ်၊ ပိုက်လိုင်းမှာပတ်ထားတဲ့အဝတ်စတွေပေါ် ဆီဖိတ်ကျလို့ မီးထ တောက်တာပါဟု အလုံမြို့နယ်ရဲမှူးဦးထွန်းရွှေက ပြောသည်။

မီးလောင်မှုမှာည(၁၁)နာရီ(၄၀)မိနစ်တွင် စတင်လောင်ကျွမ်း၍ နံနက် (၁၂)နာရီ (၀၅)မိနစ်၌ မီးငြှိမ်းသတ်နိုင် ခဲ့သည်။မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကားအစီး (၂၁)စီး၊ လူနာတင်ယာဉ် (၂)စီးလာရောက်ခဲ့သည်။

အဖျက်သမားရန်ကြောက်၍ ဖြစ်စဉ်အတွင်းသို့ တာဝန်ရှိသူမှလွဲ၍ မည်သူမျှ ပေးမ၀င်ခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု မရှိဟု  မီးငြိမ်းသတ်ပြီးချိန်မှ ရဲမှူးဦးထွန်းရွှေက ဖြေကြားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဝင်းအတွင်း အဖျက်သမားရန်ကြောက်၍ ပေးမ၀င်ခဲ့ကြောင်း၊ ၀င်ရောက် သတင်းရ ယူသည့် သတင်းသမားတစ်ဦးကိုလည်း ရဲမှလုံခြုံရေးအတွက် ၀င်ရောက်ခွင့်မပေးခဲ့ကြောင်းကိုလည်း သတင်း ထောက်တစ်ဦးထံမှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။