Friday, April 5, 2013

ရစ်ခ်ျတာစကေး ၅.၅ ရှိ ငလျင် မကွေးတွင် တိုင်းထွာရရှိ

ဗုဒ္ဓဟူးနေ့ည ၁၁ နာရီ အချိန်တွင် ရစ်ခ်ျတာ စကေး ၅.၅ အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော ငလျင်တခု လှုပ်ခတ်သွားသည်ကို မကွေးမြို့တွင် တိုင်းထွာရရှိသည်ဟု နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌါနက ဆိုသည်။ 


တရုတ် နိုင်ငံပိုင် သတင်းဌာနု၏ အဆိုအရ ထိုငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုသတင်း မရှိသေးဟု သိရသည်။

ငလျင်၏ ဗဟိုချက်မှာ မန္တလေးမြို့၏ အနောက်တောင်ဘက် ၃၀၄ ကီလိုမီတာ နှင့် နေပြည်တော်၏ အနောက်တောင်ဘက် ၇၈ ကီလိုမီတာ၊ မကွေးတိုင်း အလယ်ပိုင်း တောင်တွင်းကြီးမြို့နှင့် ၈၀ ကီလိုမီတာ အကွာအဝေးတွင် ဗဟိုပြု၍ လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာန (USGS) က ဆိုရာတွင် ငလျင်သည် ရစ်ခ်ျတာစကေး ၅.၄ ရှိခဲ့သည်ဟု ဆိုပြီး ၇.၈ ကီလိုမီတာ အနက် အထိ လှုပ်ခတ်သွားသည်ဟု ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။