Friday, April 5, 2013

ရထားလိုင်းအချို့သင်္ကြန်အတွင်း ရပ်နားမည်ဟု သိရ


မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီ၁၄ရက်မှ ၁၆ရက်နေ့အထိ ရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာမီရထားက သိရှိရသည်။

လက်ရှိပြေးဆွဲလျက်ရှိသော မီးရထားများ၌ သွားလာရန်ခက်ခဲသောနေရာများတွင် ပြေးဆွဲလျက်ရှိသော ရထားများအားလုံးကို ရပ်နားခြင်း မပြုကြောင်း၊ ရထားများပြုပြင်ထိန်းသိမ်းရန်နှင့် ခရီးသွားများသွားလာမှုနည်း နိုင်သည့် အချိန်ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့၌ ခရီးစဉ်အားလုံးကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု သိရသည်။

ရပ်နားမည့်မီးရထားများမှာ ရန်ကုန်-မန္တလေးလမ်းပိုင်း အမှတ်၅ အစုန်၊အမှတ် ၆အဆန်၊ရန်ကုန်-မော်လမြိုင် လမ်းပိုင်း အမှတ်၃၅အစုန်၊ အမှတ်၃၆အဆန်၊မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အမှတ်၃၇အစုန်၊အမှတ်၄၈အဆန်၊ အမှတ်၅၇အစုန် ၊အမှတ်၅၈အဆန်၊ ရန်ကုန်-နေပြည်တော် အမှတ် ၅၇အဆန်၊အမှတ်၅၈အစုန်၊ရန်ကုန်-ပုဂံ အ မှတ် ၆၁၊အမှတ်၆၂ ၊RBE ရထားများပြေးဆွဲသည့် ရထားလမ်းပိုင်းအားလုံး ပါဝင်သည်။

ခရီးတိုပြေးဆွဲသည့်ရထားလမ်းပိုင်းအားလုံးစသည့် မီးရထားလမ်းပိုင်းများသာပြေးဆွဲမှုအားအလိုက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မီးရထားလိုင်းများသုံးရက်ခန့်ပြေးဆွဲမှုရပ်နားထားမည်ဖြစ်သည်ဟု မြန်မာမီးရထားသတင်းထုတ် ပြန်ချက်များအရသိရသည်။

သင်္ကြန်ရက်ပိုင်းအတွင်း ခရီးသွားများသွားလာမှု လျော့နည်းသည့်ဟု ဆိုသော်လည်း လက်တွေ့ပုံမှန်ရက်များ ထက် ပိုမိုသွားလာမှုရှိသဖြင့် လက်မှတ်များဝယ်ယူရာတွင် အဆမတန်ဈေးကြီးမြင့်မှုများရှိလာနိုင်ခြင်းကြောင့် စည်းကမ်းချက်များကို ထုတ်ပြန်ထားရှိမှုကို ပိုမိုတင်းကျပ်စွာဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

`မှောင်ခိုဈေးကွက်ပျောက်အောင် ယခင်ကတည်းက စည်ကမ်းချက်တွေချမှတ်ထားပြီးဖြစ်ပါတယ်၊အခုလည်း ဒီ စည်းကမ်းချက်အတိုင်းပါပဲ မပြောင်းလဲပါဘူး၊ဒါပေမယ့် ဂရုပြုစစ်ဆေးသွားဖို့တော့ရှိပါတယ်၊တွေ့ရှိရင်လည်း အ ရေးယူဆောင်ရွက်သွားမှာပါ စစ်ဆေးတွေ့ရှိခဲ့ရင်ငွေဒဏ်အပြင် ထောင်ဒဏ်အထိ ချမှတ်တာမျိုးတွေအထိရှိခဲ့ပါ တယ်´ဟု မြန်မာမီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။