Saturday, July 21, 2012

ရခိုင်သားတစ်ယောက် ဆေးလိပ်မီးနဲ့အထိုးခံရတဲ့အပြင် ခန္ဓာကိုယ်လဲ ရိုက်ပုတ်ခံရ

 
2012-07-19 19.28.01 






ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ၄၈-ကျေးရွာထဲမှ ထိုင်းပုလိပ်ဂိတ်တွင် ရခိုင်ပြည်မင်းပြားမြို့နယ် မင်းကင်းဆိပ်ကျေးရွာမှ ဦးမောင်ဝင်းတင်သည် ထိုင်းနိုင်ငံ လက်မှတ်(ပါ့စ်ပေါ့)မရှိလို့ အဖမ်းခံရသောကြောင့် ပုလိပ်ခွေးလို့ခေါ်သော ထိုင်းပုလိပ်မှာမွေးစားထားသော အသက်(၂၀) ကျော်ရှိတဲ့ ဇာနေ(ဗမာလူမျိုး)က ဆေးလိပ်မီးနှင့်ထိုး၊ ခြေနဲ့ကန် ခန္ဓယ်ကိုယ် တစ်ခုလုံးကို ရိုက်ပုတ်ပြီး လူမဆန်စွာညှင်းပင်း နှိပ်စက်မှုများကို ခံခဲ့ရကြောင်း မနေ့က သတင်းရရှိသည်။

ပုလိပ်ခွေးလို့ခေါ်တဲ့ ထိုင်းပုလိပ်မှာ မွေးစားထားသော ဇာနေရဲ့ လူမဆန်စွာ ရိုက်ပုတ်နှိပ်စက်မှုကို အသက် ၄၀ ကျော်ရှိသော ဦးမောင်ဝင်းတင်က အခုလိုပြောသည်။
ကျနော့်ကို အဲဒီ ပုလိပ်ခွေားနေက လက်မှတ်မရှိလို့ဆိုပြီး ဘတ်ငွေ ၅၀,၀၀၀ ကို တောင်းပါတယ်။ ကျနော်က မပေးနိုင်ပါဘူး၊ ရှိလည်မရှိပါဘူး။ အဲဒီလိုပြောလိုက်တော့ ကျနော့်ကို ဘာလူမျိုးလဲလို့မေးပါတယ်။ ကျနော်က ရခိုင်လူမျိုးလို့ပြောလိုက်တာနဲ့ အဲဒီ ဇာနီက ရခိုင်စုတ်ဆိုပြီး မျက်နှာကို လက်သီးနဲ့ထိုးတယ်။ ဘတ်ငွေ ၅၀,၀၀၀ ကိုတောင်းလို့မရလို့ (ဘတ်ငွေ) ၃၀,၀၀၀ ကိုလျှော့တောင်းပါတယ်။ နောက်ပြီးတော့ လည်ပင်းကို နီနီရဲတဲ့ ဆေးလိပ်မီးနဲ့ ထိုးပါတယ်။ ခါးပတ်တွေနဲ့သတ်တယ်။ အဲဒါအပြင် ခန္ဓကိုယ်ကိုလည်း ခြေနဲ့ကန်တယ်။ ဘယ်ဘက်နံရိုး၊ ညာဘက်နံရိုး၊ ရင်ဝတွေစတဲ့ အကုန်လုံးပေါ့။ အဲဒီ ဇာနီ နှိပ်စက်နေတဲ့အချိန်မှာ ထိုင်းပုလိပ်တစ်ယောက်ကလာပြီး (ဘတ်ငွေ) ၁၀,၀၀၀ ပေးရင် လွှတ်ပေးမယ်လို့ ပြောလာတယ်။ ပုလိပ်ကိုတော့ နာမည်မရတော့ဘူး။ အဲဒီ ပုလိပ်က ၄၈ ကျေးရွာဂိတ်ကပဲဖြစ်ပါတယ်။ ကျနော်လဲ မိန်းမကို အကူအညီတောင်းပြီး ဘတ်ငွေ ၁၀,၀၀၀ ကိုတောင်းပါတယ်။ မိန်းမကလဲ သူဌေးဆီက ဘတ်ငွေ ၁၀, ၀၀၀ ကိုချေးပြီး ပုလိပ်ဆီကို ပို့လိုက်တော့မှ ပြန်လွတ်ပေးတယ်။ဟု သူက ဆိုသည်။
ဆက်လက်ပြီး ဦးမောင်ဝင်းတင်က သူ့ရဲ့ခံစားချက်ကို ကျနော် စိတ်အရမ်းဆိုးတာကတော့ ဗမာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားအချင်းအချင်း ရခိုင်စုတ်ဆိုပြီး လက်သီးနဲ့ထိုးတာကို အရမ်းဝမ်းနည်းမိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကို ဆော်ကားလိုက်တာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အဆိုးဆုံးကတော့ မြန်မာတိုင်းရင်းသား အချင်းအချင်း အခုလိုအမှန်တရားတွေနဲ့ ဆက်ဆံပြုမှုမယ်ဆိုရင် မလိုလားအပ်တဲ့ လူမျိုးရေးပဋိက္ခတွေ ဖြစ်လာမှာကို အရမ်းစိုးရိမ်မိပါတယ်။ ” ဟု ပြောသည်။2012-07-19 19.28.39
ဦးမောင်ဝင်းတင်သည် မဲဆောက်မြို့နယ် မေကူးကျေးရွာမှ သားသမီးများကိုခေါ်ဖို့ ကင်ဖေမြို့ကနေဆင်းလာပြီး မဲဆောက်ကိုရောက်တဲ့အချိန်မှာ သားသမီးများအပါအဝင် မိန်းမရဲ့ မောင်နှင့်တူကို ခေါ်၍ ကင်ဖေမြို့အတက် လမ်းမှာ ၄၈ ကျေးရွာ ပုလိပ်ဂိတ်တွင် လက်မှတ်(ပ့ါစ်ပို့) မရှိလို့ အဖမ်းခံရတဲ့အတွက် ပုလိပ်ခွေးလို့ခေါ်တဲ့ ထိုင်းပုလိပ်မှာမွေးစားထားသော ဇာနေက လူကုန်ကူးတယ်ဆိုပြီး စွပ်စွဲသောကြောင့် လူမဆန်စွာရိုက်ပုတ် နှိပ်စက်သည်ကို သိရှိရပြီး ရခိုင်တိုင်းရင်းသားတစ်ယောက် ဖြစ်တယ်လို့ သိတဲ့အတွက် လူမျိုးရေးကိုရှေ့တန်းတင်၊ အမုန်းတရားနှင့် မာန်မာနတွေကိုရှေ့တန်းတင်ပြီး မြန်မာလူမျိုးအချင်းအချင်းလို့ စိတ်သဘောမထားဘဲ အခုလို လူရိုင်းတစ်ယောက်လို ရိုက်ပုတ်နှိပ်စက်သည်ကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။