ဖမ်းဆီးခံရသူအများစုမှာ
ဒေသခံရခိုင်အမျိုးသားများဖြစ်ကြရာ ၄င်းတို့သည်ရပ်ကွက်အတွင်း
အချိန်မတော်သွားလာသူများမဟုတ်ဘဲ လူမှုကိစ္စများအတွက်သာအရေးပေါ်သွားလာကြသူ
များလည်းပါဝင်နေခြင်းကြောင့်စဉ်းစားရန်တောင်းဆိုခြင်းဖြစ်သည်။
“အဖမ်းခံရတဲ့အထဲမှာအပြစ်မဲ့တဲ့သူတွေပိုများတယ်။ပြီးတော့သူတို့မှာဘာမှပါတာလည်းမဟုတ်ဘူး၊
ရပ်ကွက်အတွင်းသွားလာနေ ကြတာပါ။ နယ်ကလာတဲ့သူတွေဆိုရင်လည်း မသိကြဘူး။
ဖမ်းဆီးခံရသူတွေကို (၆)လမဟုတ်ပဲ မျှမျှတတဖြစ်အောင်မဏိရတနာ ဆရာတော်ကတစ်ဆင့်
ဝန်ကြီးချုပ်ဆီ တင်ပြထားပါတယ်။“ စစ်တွေမြို့မှဒေသခံတစ်ဦးံက ပြောသည်။
ယင်းသို့ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် မိသားစုဝင်များကလိုလားလျက်ရှိကြောင်းကို လည်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးရာတွင်လက်နက်ဒုတ်ဓါးများတွေ့ရှိကထောင်ဒဏ်(၆)လ
ချမှတ်နိုင်၍လက်နက်၊တုတ်ဓါးများမတွေ့ရှိပါက ထောင်ဒဏ်(၃)လ
ချမှတ်နိုင်ကြောင်းတရားရုံးနှင့်နီးစပ်သူများထံက သိရှိရသည်။
ယခင်က
ညနေများတွင် လမ်းမပေါ်ဖြတ်သွားလာသူများကိုသာ ဖမ်းလေ့ရှိသော်လည်းနောက်
ပိုင်းကာလတွင် ရပ်ကွက်အတွင်းရှိ လမ်းတိုလမ်းကြားများတွင်သွားလာသူများကိုပါ
ဖမ်းဆီး မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။
”ဟိုတစ်နေ့ကပဲ
ညနေလောက်မှာ ကျနော်တို့ဆိုင်ကိုလူငယ်တစ်ယောက် ဈေးဝယ်လာတယ်။အဲဒီအချိန်မှာ
ရပ်ကွက်အတွင်းကင်းလှည့်နေတဲ့ စစ်တပ်ကလာပြီးအဲဒီကလေးကို ဖမ်းသွားတယ်။
အခုတရားရုံးမှာအမှု စစ်နေ တယ်။၆လထောင်ချမယ်လို့တော့ သတင်း တွေထွက်နေတယ် “ဟု
မကျည်းမြိုင်ရပ်ကွက်မှဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ဒေသတစ်ဝန်းဖြစ်ပေါ်ခဲ့သော
အကြမ်းဖက်မှုများကြောင့် ဇွန်လ(၁၀) ရက်နေ့ တွင် ညမထွက်ရအမိန့်အား
အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
လက်ရှိအခြေအနေမှာ
တစ်လကျော်ရှိလာပြီဖြစ်သော်လည်းညမထွက်ရအမိန့်ကိုလုံခြုံရေးအရ
စိတ်မချရသည့်အနေအထားတွင် ရှိနေသေးသည့်အတွက်ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်ဟု
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦး ကဆိုသည်။
စစ်တွေမြို့တွင်ညမထွက်ရအမိန့်အား
ည(၆)နာရီမှနောက်နေ့မနက် (၆)
နာရီအထိထုတ်ပြန်ထားဆဲဖြစ်ပြီးအတည်မပြုနိုင်သေးသော
သတင်းများအရ၄င်းအမိန့်ကြောင့်စစ်တွေမြို့တွင် ဒေသခံရခိုင်တိုင်းရင်းသား (၅၀)ကျော်ဖမ်းဆီးခံထားရကြောင်းကိုလည်းသိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။