နောက်ကြည့်မှန်မှာ
ဒါရိုက်တာ ဝင်းထွန်းထွန်း၏ အနုပညာသက်တမ်း (၁၅)နှစ်အတွင်း
ပထမဦးဆုံးကိုယ်ပိုင် ငွေကြေးဖြင့်
ဝယ်ယူရိုက်ကူးမည့်ဝတ္တုတစ်ပုဒ်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“မိမိအနေနဲ့
ဝတ္ထုဝယ်ပြီး ဇာတ်ကားရိုက်တာ ပထမဆုံးပါ။
ငွေကြေးအနေနဲ့အတိကျမပြောနိုင်ပေမယ့် ဖြတ်သန်းခဲ့တဲ့ဘ၀အရပိုပြီး
တန်ဖိုးဖြတ်နိုင်တယ်။ပိုပြီးထိုက်တန်မှုရှိတယ်။”ဟု ဒါရိုက်တာ
ဝင်းထွန်းထွန်းက ပြောသည်။
အဆိုပါ နောက်ကြည့်မှန်စာအုပ်အား ဗွီဒီယိုရိုက်ကူးရန် ဇူလိုင်လ (၁၄)ရက်နေ့ ရန်ကင်းစင်တာ၌ လက်မှတ်ရေး ထိုးရောင်းချခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်ငယ်ငယ်ထဲက
လေးစားရတဲ့သူရှားတယ်။ အလုပ်တစ်ခုခုလုပ်ရင်းရည်ရွယ်ချက်
ပျောက်သွားတဲ့သူတွေများတယ်။ ကိုမင်းကိုနိုင်လိုရည်ရွယ်ချက်
တစိုက်မတ်မတ်လုပ်တဲ့သူတွေ သိပ်မရှိဘူး။
ဒါကြောင့်ကျွန်တော်လေးစားတဲ့သူတစ်ယောက်ရဲ့ အနုပညာကို အနုပညာနဲ့
ဂုဏ်ပြုတာပါ။” ဟုဒါရိုက်တာဝင်းထွန်းထွန်းက ပြောသည်။
နောက်ကြည့်မှန်
ဝတ္ထုမထွက်ခင်က ဒါရိုက်တာချိုတူးဇော်မှလည်း
ဝယ်ယူရန်ကိုမင်းကိုနိုင်အားနှုတ်အားဖြင့်ကမ်းလှမ်းထားခဲ့ကြောင်း
သိရသည်။ထို့အတွက် ဒါရိုက်တာ ချိုတူးဇော်မှ ဗွီဒီယိုရိုက်ရန်
ပြည်းတွင်းသို့ပြန်လာ နိုင်ပါက နှစ်ယောက်အတူ ပူးပေါင်းကာ
ရိုက်ကူးမည်ဖြစ်ကြောင်းဒါရိုက်တာဝင်းထွန်းထွန်းကသူ၏အစီအစဉ်ကိုရှင်းပြသည်။
၎င်းဝတ္ထုတွင် ၁၉၈၈ ခုနှစ် ကို နောက်ခံထားကာ ရေးသားထားသည့်အတွက်တက္ကသိုလ်ပင်မအဆောက်အဦးကိုလည်း ရိုက်ကူးခွင့်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်ပုလဲမွေးသလို
မွေးခဲ့ရတာပါ။နာနာကျင်ကျင်ရလာတဲ့ရတနာမျိုးပါ။အဲလောက်ဆိုရင်ကျွန်တော်ဘယ်လောက်ပါ
ဝင်ပတ်သက်လဲဆိုတာပေါ်ပါလိမ့်မယ်။” ဟုနောက်ကြည့်မှန်ဝတ္တုအား မည်မျှထိ ပါဝင်ပတ်သက်မှုရှိခဲ့မှုနှင့်ပတ်သက်၍ကိုမင်းကိုနိုင်က ရှင်းပြသည်။
ယခင်က
စာရေးသူ ကိုမင်းကိုနိုင် အကျဉ်းကျနေစဉ် ရေးသားသောဝတ္ထုတစ်ပုဒ်ကိုလည်း
ဦးဇာဂနာမှ အမည်ခံ၍ သရုပ်ဆောင် အကယ်ဒမီ ဒွေးနှင့်အကယ်ဒမီ
ထွန်းအိန္ဒြာဗိုလ်တို့ ပါဝင် သရုပ်ဆောင်ထားသည့် ဗွီဒီယိုတစ်ကားလည်း
ထွက်ရှိခဲ့သည်။
“အရင်က
ကျွန်တော်နာမည်ကို လုံးဝသုံးမရတဲ့အချိန်ပါ။
ဇာတ်ကားနာမည်ကဘာလဲ၊ဘယ်ဒါရိုက်တာရိုက်တာလည်းတောင်မသိပါဘူး။
ကျွန်တော်ဒီကားကိုပြန်လည်းမကြည့်ဖြစ်ပါဘူး။
ဘာကြောင့်လဲဆိုတော့နာကျင်ခဲ့ရတာတွေကို မေ့ထားချင်တယ်။အဲ့တုန်းက
နာကျင်ခဲ့ရတာတွေကို အသစ်ပြန်မဖြစ်ချင်ဘူး။” ဟု
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောသည်။
ကိုမင်းကိုနိုင်က
အိုးတရာနှင့် ပိုးပ၀ါ စာအုပ်နှင့်မြေရိုင်းပျော်ငှက်တို့
စွန့်ခွာသွားကြသည့်ယဉ်ကျေးစလွင်ပြင် ဆိုသည့်စာအုပ်နှစ်အုပ်အား
ဆက်လက်ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။