ဇူလိုင်လ
(၁၉)ရက်နေ့ ည(၉း၁၅)နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် “ဌ”ရပ်ကွက်တွင် လေဆင်
နှာမောင်း တစ်ခုတိုက်ခတ် သွားသောကြောင့် အိမ်ခြေ(၁၀၃)လုံး၏ သွပ်အမိုး၊
ဓနိအမိုးများ အစရှိ သည့် အိမ်ခေါင်မိုးလန်ထွက်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ
လေဆင်နှာမောင်းတိုက်ခတ်မှုမှာ အချိန်အားဖြင့်
(၅)မိနစ်ခန့်သာကြာမြင့်ခဲ့မည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ
၏ခန့်မှန်းပြောဆိုချက်များအရသိရှိရသည်။
“
ကျွန်တော်စိတ်ထင်တော့
တိုက်တာ ၅ မိနစ်တောင်မပြည့်လိုက်ဘူးထင်တယ်။လေတိုက်သံကို အဝေးကြီးက
နေစကြားရတယ်။ အဲဒါနဲ့ကျွန်တော်လည်းအပြင်မထွက်တော့ပဲ အိမ်ထဲမှာပဲ နေနေ
လိုက်တယ်။”ဟု ကြုံတွေ့ခဲ့သူရပ်ကွက်သားတစ်ဦးကပြောသည်။
အဆိုပါ
တိုက်ခတ်ခံရသည့် အိမ်ခြေများထဲတွင် (၂၇)
လုံးခန့်ဆုံးရူံးမှုမြင့်မားခဲ့ပြီး (၃)သိန်းနီးပါးခန့်ရှိ မည် ဖြစ်ကြောင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက သိရှိရသည်။
“လေက၀င်ချလာတာအသံလည်းမကြားရဘူး။
တံခါးပိတ်ထားတာကို ပွင့်ထွက်သွားတယ်။မီးကပျက်သွားတယ်။
အိမ်ကခါထွက်သွားပြီ။ခဏလေးပဲတစ်မိနစ်တောင်မကြာလိုက်ဘူး။ ပြီးလို့ထကြည့်လိုက်
တော့သွပ်တွေအကုန်လန်သွားပြီ။ ခုလောလောဆယ် သွပ်တွေဝယ်ထားတာ ၂
သိန်းကျော်ရှိတယ်။” ဟု ပတ္တမြားလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။
လေဆင်နှာမောင်းတိုက်ခတ်သွားသော
လမ်းများမှာ ပတ္တမြားလမ်း၊ စကားဝါလမ်း၊ဆဒ္ဒန်လမ်း၊ ခေမာ (၃)မှ (၈) အထိ၊
စကားဝါ (၁)၊ စိန်ချယ်လမ်း၊ ဒေါနလမ်းနှင့်ခိုင်ရွှေဝါလမ်းတို့ဖြစ်ကြောင်း
ရပ်ကွက် အုပ်ချုပ်ရေးရုံးမှစုံစမ်းသိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။